သီယာဂိုကို လီဗာပူးလ်အသင်းခေါ်ယူလိုက်လို့ အသင်းမှာ ပွဲထွက်ခွင့် နည်းပါးလာမယ့် ချိန်ဘာလိန်ကို ခေါ်ယူရန် စဉ်းစားနေတဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗ်အသင်းဟာ လီဗာပူးလ်ကွင်းလယ်လူ ချိန်ဘာလိန်ကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ The Mirror သတင်းဌာနက အဆိုအရ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ မကြာသေးခင်ကမှ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို ကို ခေါ်ယူထားလို့ ချိန်ဘာလိန်အနေနဲ့ အသင်းမှာ ပိုပြီး ပွဲကစားခွင့် ရုန်းကန်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ပွဲကစားခွင့် ပိုပေးမယ်ဆိုပြီး ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

စွယ်စုံရာကွင်းလယ်တိုက်စစ်ကစားသမားဟာ လီဗာပူးလ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပွဲ(၃၀) ကစားထားပြီး အသင်းကို ပထမဆုံး ပရီးမီးယားလိဂ်ဖလားရအောင် ကူညီစွမ်းဆောင်ပေးထားသူလည်းဖြစ်ပါတယ်။ သို့သော်လည်း သူဟာ ဒဏ်ရာပြဿနာနဲ့ အခြားသော ပွဲထွက်ကစားသမားတွေကြောင့် အသင်းရဲ့ ပွဲထွက် (၁၁) ယောက်လူစာရင်းမှာ ပုံမှန်ပါဝင်မကစားဘူးဖြစ်နေပါတယ်။ ယခုအခါ သီယာဂိုရောက်လာတာကြောင့် အရင်ကထက် ပိုပြီး ပွဲကစားခွင့်ကို ရုန်းကန်ရဖွယ်ရှိနေပါတယ်။

လီဗာပူးလ်အသင်းဟာ အသက် ၂၇ နှစ်အရွယ်ကစားသမားကို ၂၀၁၇ ခုနှစ်တုန်းက အာဆင်နယ်အသင်းဆီကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ပေါင် ၂၅ သန်းလောက်ရရင် လက်ခံသွားဖွယ်ရှိနေပါတယ်။ သူဟာ ဒီရာသီမှာ လည်း အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်မှာ ဒဏ်ရာ ရခဲ့လို့ အသင်းရဲ့ လူစာရင်းမှာ မပါဝင်သေးဘူးဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဝုလ်ဗ်အသင်းက ဒီယိုဂိုဂျိုတာကို ခေါ်ယူခဲ့ပြီး အသင်းက နောက်ခံလူ ဟိုအဲဗားကို ဝုလ်ဗ်အသင်းထံ ပြန်လည်ရောင်းချခဲ့ပါတယ်။

သီယာဂိုကို လီဗာပူးလ္အသင္းေခၚယူလိုက္လို႔ အသင္းမွာ ပြဲထြက္ခြင့္ နည္းပါးလာမယ့္ ခ်ိန္ဘာလိန္ကို ေခၚယူရန္ စဥ္းစားေနတဲ့ ၀ုလ္ဗ္အသင္း

၀ုလ္ဗ္အသင္းဟာ လီဗာပူးလ္ကြင္းလယ္လူ ခ်ိန္ဘာလိန္ကို ေခၚယူရန္ စဥ္းစားေနတယ္လို႔ The Mirror သတင္းဌာနက အဆိုအရ သိရပါတယ္။ လီဗာပူးလ္အသင္းဟာ မၾကာေသးခင္ကမွ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို ကို ေခၚယူထားလို႔ ခ်ိန္ဘာလိန္အေနနဲ႔ အသင္းမွာ ပိုျပီး ပြဲကစားခြင့္ ရုန္းကန္ရဖြယ္ရွိေနတာျဖစ္ပါတယ္။ ၀ုလ္ဗ္အသင္းဟာ အဂၤလန္လက္ေရြးစင္ကစားသမားကို ပြဲကစားခြင့္ ပိုေပးမယ္ဆိုျပီး ကမး္လွမ္းဖြယ္ရွိေနပါတယ္။

စြယ္စံုရာကြင္းလယ္တိုက္စစ္ကစားသမားဟာ လီဗာပူးလ္အသင္းအတြက္ ျပီးခဲ့တဲ့ရာသီက ပြဲ(၃၀) ကစားထားျပီး အသင္းကို ပထမဆံုး ပရီးမီးယားလိဂ္ဖလားရေအာင္ ကူညီစြမ္းေဆာင္ေပးထားသူလည္းျဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ ဒဏ္ရာျပႆနာနဲ႔ အျခားေသာ ပြဲထြက္ကစားသမားေတြေၾကာင့္ အသင္းရဲ႕ ပြဲထြက္ (၁၁) ေယာက္လူစာရင္းမွာ ပံုမွန္ပါ၀င္မကစားဘူးျဖစ္ေနပါတယ္။ ယခုအခါ သီယာဂိုေရာက္လာတာေၾကာင့္ အရင္ကထက္ ပိုျပီး ပြဲကစားခြင့္ကို ရုန္းကန္ရဖြယ္ရွိေနပါတယ္။

လီဗာပူးလ္အသင္းဟာ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားကို ၂၀၁၇ ခုႏွစ္တုန္းက အာဆင္နယ္အသင္းဆီကေန ေခၚယူခဲ့တာျဖစ္ျပီး ေပါင္ ၂၅ သန္းေလာက္ရရင္ လက္ခံသြားဖြယ္ရွိေနပါတယ္။ သူဟာ ဒီရာသီမွာ လည္း အသင္းရဲ႕ ရာသီၾကိဳေျခစမ္းခရီးစဥ္မွာ ဒဏ္ရာ ရခဲ့လို႔ အသင္းရဲ႕ လူစာရင္းမွာ မပါ၀င္ေသးဘူးျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ၀ုလ္ဗ္အသင္းက ဒီယိုဂိုဂ်ိဳတာကို ေခၚယူခဲ့ျပီး အသင္းက ေနာက္ခံလူ ဟိုအဲဗားကို ၀ုလ္ဗ္အသင္းထံ ျပန္လည္ေရာင္းခ်ခဲ့ပါတယ္။