ယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ဒုတိယအကြိမ် ကမ်းလှမ်းရန် ပြင်ဆင်နေတဲ့ လိဒ်ယူနိုက်တက်

လိဒ်ယူနိုက်တက်အသင်းဟာ ဝေးလ်လက်ရွေးစင်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်အတွက် ယူနိုက်တက်အသင်းထံ ဒုတိယအကြိမ် ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားကို လိဒ်ယူနိုက်တက်အသင်းဟာ ၂၀၁၉ ဇန်နဝါရီတုန်းက ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းကနေ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူရန် ကြိုးစားခဲ့ဖူးတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်ဇွန်လက ယူနိုက်တက်ကို ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် မနှစ်ကရာသီ နောက်ဆုံး (၁၀) ပွဲမှာ (၁) ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို (၃-၁) နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း ယူနိုက်တက်အသင်းဟာ ဒန်နီရယ်ဂျိမ်းစ်နေရာမှာ ဂရင်းဝုဒ်ကို ဒုတိယပိုင်းမှာ လူစားလဲခဲ့တာ ဖြစ်ပါတယ်။ယခုအခါ သူ့ကို ကာလရှည်ကြာ စိတ်ဝင်စားနေတဲ့ လိဒ်ယူနိုက်တက်အသင်းက ဒန်နီရယ်ဂျိမ်းစ်ကို ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ The Sun သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ မနှစ်က ယူနိုက်တက်ရဲ့ အဖွင့်ပွဲ (၄) ပွဲမှာ (၃) ဂိုးသွင်းယူပေးခဲ့ပြီး သူ့ရဲ့ ပွဲဦးထွက်မှာ ချဲလ်ဆီးအသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့ပြီး (၁) ဂိုးလည်း သွင်းပေးခဲ့သူဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းတာ (၁) နှစ်ကြာပြီဖြစ်ပေမယ့် ဂိုးဖန်တီးမှု (၇) ကြိမ်တော့ ပြုလုပ်ပေးထားပါတယ်။

ယူႏိုက္တက္ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ကို ဒုတိယအၾကိမ္ ကမ္းလွမ္းရန္ ျပင္ဆင္ေနတဲ့ လိဒ္ယူႏိုက္တက္

လိဒ္ယူႏိုက္တက္အသင္းဟာ ေ၀းလ္လက္ေရြးစင္ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္အတြက္ ယူႏိုက္တက္အသင္းထံ ဒုတိယအၾကိမ္ ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို လိဒ္ယူႏိုက္တက္အသင္းဟာ ၂၀၁၉ ဇန္န၀ါရီတုနး္က ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးအသင္းကေန အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ေခၚယူရန္ ၾကိဳးစားခဲ့ဖူးတာ ျဖစ္ပါတယ္။ သူဟာ ျပီးခဲ့တဲ့ႏွစ္ဇြန္လက ယူႏိုက္တက္ကို ေပါင္ ၁၈ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ေပမယ့္ မႏွစ္ကရာသီ ေနာက္ဆံုး (၁၀) ပြဲမွာ (၁) ပြဲသာ ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

စေနေန႔က ခရစၥတယ္ပဲေလ့စ္ကို (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာလည္း ယူႏိုက္တက္အသင္းဟာ ဒန္နီရယ္ဂ်ိမ္းစ္ေနရာမွာ ဂရင္း၀ုဒ္ကို ဒုတိယပိုင္းမွာ လူစားလဲခဲ့တာ ျဖစ္ပါတယ္။ယခုအခါ သူ႔ကို ကာလရွည္ၾကာ စိတ္၀င္စားေနတဲ့ လိဒ္ယူႏိုက္တက္အသင္းက ဒန္နီရယ္ဂ်ိမ္းစ္ကို ေပါင္ ၁၂ သန္းနဲ႔ ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ The Sun သတင္းဌာနက ေဖာ္ျပခ်က္အရ သိရပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္ဟာ မႏွစ္က ယူႏိုက္တက္ရဲ႕ အဖြင့္ပြဲ (၄) ပြဲမွာ (၃) ဂိုးသြင္းယူေပးခဲ့ျပီး သူ႔ရဲ႕ ပြဲဦးထြက္မွာ ခ်ဲလ္ဆီးအသင္းကို (၄-၀) နဲ႔ အႏိုင္ရခဲ့ျပီး (၁) ဂိုးလည္း သြင္းေပးခဲ့သူျဖစ္ပါတယ္။ သူဟာ ပရီးမီးယားလိဂ္မွာ ဂိုးမသြင္းတာ (၁) ႏွစ္ၾကာျပီျဖစ္ေပမယ့္ ဂိုးဖန္တီးမႈ (၇) ၾကိမ္ေတာ့ ျပဳလုပ္ေပးထားပါတယ္။