ယူနိုက်တက်နဲ့ ပွဲဦးထွက် ပထမဆုံး အိမ်ကွင်း ပွဲကတော့ အရမ်းကို ဆိုးရွားလှတယ်လို့ ဆိုလိုက်တဲ့ ကွင်းလယ်လူသစ် ဗန်ဒီဘိခ်

ဗန်ဒီဘိခ် ယူနိုက်တက်အသင်းအတွက် ကစားပေးရတဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့ရတာဖြစ်လို့ ဝမ်းနည်းကြောင်းပြောသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယခုလအစောပိုင်းက အေဂျက်ကနေ ပေါင်သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် အရန်ခုံကနေ ချေပဂိုး (၁) ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း သူ့ရဲ့ ပွဲဦးထွက် ပထမဆုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက (၃-၁) နဲ့ အိုးထရက်ဖိုဒ့်မှာ ယူနိုက်တက်ကို တောင်ဆန် နဲ့ ဇာဟာ ရဲ့ ဂိုး(၂) ဂိုး နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့ပါတယ်။

“ကျွန်တော်ရဲ့ အသင်းအတွက် ပထမဆုံးပွဲကိုတော့ နိုင်ချင်ပါတယ်။ ဘယ်လိုပဲ နိုင်နိုင် အရေးမကြီးပါဘူး။ ဒါပေမယ့် အိမ်ကွင်းမှာ (၃-၁) နဲ့ ရှုံးခဲ့ရလို့ ကျွန်တော်တစ်ကယ်ကို စိတ်ပျက်မိပါတယ်။ ဒါက တစ်ကယ်ကို ဆိုးရွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ရေးကွင်းမှာတုန်းက ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ခံစားချက်လည်း ကောင်းနေပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော်တို့ ကစားတာ အရမ်းကို နှေးလွန်းနေပါတယ်။ ကျွန်တော်တို့ဟာ အဝေးဘောတွေကို အသုံးများနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်လို အသင်းမျိုးနဲ့ ကစားတဲ့အခါ ကျွန်တော်တို့ဟာ လျင်မြန်ပြီး ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ နောက်တစ်ပွဲမှာတော့ ကျွန်တော်တို့ အသင်းကို နိုင်ပွဲရအောင် ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဗန်ဒီဘိခ်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နားချိန် အနည်းငယ်ရပြီး အင်္ဂါနေ့မှာ ကာရာဘောင်ဖလားပွဲအဖြစ် ချန်ပီယံရှစ်ကလပ် လူတန် အသင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။ အဲ့ဒီပွဲအပြီး နောက်တစ်ပတ်မှာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ယူႏိုက္တက္နဲ႔ ပြဲဦးထြက္ ပထမဆံုး အိမ္ကြင္း ပြဲကေတာ့ အရမ္းကို ဆိုးရြားလွတယ္လို႔ ဆိုလိုက္တဲ့ ကြင္းလယ္လူသစ္ ဗန္ဒီဘိခ္

ဗန္ဒီဘိခ္ ယူႏိုက္တက္အသင္းအတြက္ ကစားေပးရတဲ့ ပထမဆံုး အိမ္ကြင္းပြဲစဥ္မွာ ခရစၥတယ္ပဲေလ့စ္အသင္းကို ရႈံးနိမ့္ခဲ့ရတာျဖစ္လို႔ ၀မ္းနည္းေၾကာင္းေျပာသြားခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ယခုလအေစာပိုင္းက ေအဂ်က္ကေန ေပါင္သန္း ၄၀ နဲ႔ ေရာက္ရိွလာခဲ့သူျဖစ္ျပီး အသင္းအတြက္ အရန္ခံုကေန ေခ်ပဂိုး (၁) ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း သူ႔ရဲ႕ ပြဲဦးထြက္ ပထမဆံုးပြဲမွာ ခရစၥတယ္ပဲေလ့စ္အသင္းက (၃-၁) နဲ႔ အိုးထရက္ဖိုဒ့္မွာ ယူႏိုက္တက္ကို ေတာင္ဆန္ နဲ႔ ဇာဟာ ရဲ႕ ဂိုး(၂) ဂိုး နဲ႔ ထိုက္ထိုက္တန္တန္ အႏိုင္ရသြားခဲ့ပါတယ္။

“ကၽြန္ေတာ္ရဲ႕ အသင္းအတြက္ ပထမဆံုးပြဲကိုေတာ့ ႏိုင္ခ်င္ပါတယ္။ ဘယ္လိုပဲ ႏိုင္ႏိုင္ အေရးမၾကီးပါဘူး။ ဒါေပမယ့္ အိမ္ကြင္းမွာ (၃-၁) နဲ႔ ရႈံးခဲ့ရလို႔ ကၽြန္ေတာ္တစ္ကယ္ကို စိတ္ပ်က္မိပါတယ္။ ဒါက တစ္ကယ္ကို ဆိုးရြားတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ျပီးခဲ့တဲ့အပတ္က ေလ့က်င့္ေရးကြင္းမွာတုန္းက ကၽြန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ့္ခံစားခ်က္လည္း ေကာင္းေနပါတယ္။

ဒါေပမယ့္ ဒီေန႔မွာေတာ့ ကၽြန္ေတာ္တို႔ ကစားတာ အရမ္းကို ေႏွးလြန္းေနပါတယ္။ ကၽြန္ေတာ္တို႔ဟာ အေ၀းေဘာေတြကို အသံုးမ်ားေနပါတယ္။ ခရစၥတယ္ပဲေလ့စ္လို အသင္းမ်ိဳးနဲ႔ ကစားတဲ့အခါ ကၽြန္ေတာ္တို႔ဟာ လ်င္ျမန္ျပီး ဖန္တီးေပးဖို႔ လိုအပ္ပါတယ္။ အဲ့ဒီလို ကၽြန္ေတာ္တို႔ မလုပ္ႏိုင္ခဲ့ပါဘူး။ ေနာက္တစ္ပြဲမွာေတာ့ ကၽြန္ေတာ္တို႔ အသင္းကို ႏိုင္ပြဲရေအာင္ ကူညီႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ဗန္ဒီဘိခ္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ နားခ်ိန္ အနည္းငယ္ရျပီး အဂၤါေန႔မွာ ကာရာေဘာင္ဖလားပြဲအျဖစ္  ခ်န္ပီယံရွစ္ကလပ္ လူတန္ အသင္းနဲ႔ ရင္ဆိုင္ကစားရမွာပါ။ အဲ့ဒီပြဲအျပီး ေနာက္တစ္ပတ္မွာ ဘရိုက္တန္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲယွဥ္ျပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။