ပင်နယ်တီဧရိယာအတွင်းမှာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်လ်နဲ့ လက်ထိခဲ့လို့ ဝက်စ်ဟမ်းအသင်းကို ပင်နယ်တီပေးသင့်တယ်လို့ ဆိုလိုက်တဲ့ နည်းပြဒေးဗစ်မိုယက်စ်

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က မနေ့ညက အာဆင်နယ်အသင်းနဲ့ ပွဲမှာ သူ့အသင်းဟာ ပင်နယ်တီရသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အမ်းမရိတ်ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ အန်ကီတီယာရဲ့ နောက်ကျအနိုင်ဂိုးကြောင့် (၂-၁) နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်က ဝက်စ်ဟမ်းနောက်ခံလူ သောမတ်စ်ဆောဆက်ရဲ့ ခေါင်းတိုက်ဘောက အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်လ်ရဲ့ လက်နဲ့ထိခဲ့လို့ ပင်နယ်တီပေးသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

ပွဲအပြီးမှာ ဒေးဗစ်မိုယက်စ်က “ဟုတ်ပါတယ်၊ ကျွန်တော်တို့ ပင်နယ်တီတစ်လုံး ရသင့်ပါတယ်။ သူတို့တွေကတော့ သူ့ရဲ့ လက်အိတ်နဲ့ ထိတယ်လို့ ပြောခဲ့ပေမယ့် တစ်ကယ်တော့ အဲ့ကောင်လေး လက်နဲ့ ထိခဲ့တာပါ။ အရင်စည်းကမ်းအဟောင်းတွေနဲ့ဆိုရင်တောင် ဒါက ပင်နယ်တီ ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း စည်းကမ်းတွေကို တစ်ကယ်မသိပါဘူး” လို့ စကိုင်းစပေါ့ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် လာကာဇက်က ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် အူဘာမီးယန်းရဲ့ ဖြတ်တင်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ဝက်စ်ဟမ်းအသင်းဘက်က ပထမပိုင်းမပြီးခင်မှာ အန်တိုနီယိုက ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ နောက်ပိုင်းမိနစ်တွေမှာ ပိုပြီး တိုက်စစ်ဆင်ခဲ့ပြီး သရေရလဒ်နဲ့ ပွဲပြီးတော့မလို ဖြစ်ခဲ့ပေမယ့် အာဆင်နယ်အသင်းဘက်က လူငယ်တိုက်စစ်ကစားသမား အန်ကီတီယာ က အနိုင်ဂိုးကို ပွဲကစားချိန် (၈၅) မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

“ဒီရလဒ်က ခက်ခဲပါတယ်။ ကစားသမားတွေ အကောင်းဆုံးကြိုးစားခဲ့ပြီး အမှတ်မရခဲ့လို့ နာကျင်ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ နောက်ဆုံးမိနစ်တွေမှာ ကစားအားကျသွားခဲ့ပါတယ်။ ကစားသမားတွေက အရှေ့ပိုင်းမှာ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် နောက်ဆုံးမိနစ်တွေမှာ ကစားပုံကျဆင်းခဲ့လို့ ပေးဆပ်ခဲ့ရတာပါ” လို့ မိုယက်စ်က ထပ်ပြီးပြောသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အင်္ဂါနေ့မှာ ဟူလ်စီးတီးအသင်းနဲ့ ကာရာဘောင်ဖလားပွဲမှာ ကစားရမှာဖြစ်ပြီး နောက်တစ်ပတ်မှာ ဝုလ်ဗ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကို ကစားရမှာဖြစ်ပါတယ်။

ပင္နယ္တီဧရိယာအတြင္းမွာ အာဆင္နယ္ေနာက္ခံလူ ဂါဘရီရယ္လ္နဲ႔ လက္ထိခဲ့လို႔ ၀က္စ္ဟမ္းအသင္းကို ပင္နယ္တီေပးသင့္တယ္လို႔ ဆိုလိုက္တဲ့ နည္းျပေဒးဗစ္မိုယက္စ္

၀က္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္က မေန႔ညက အာဆင္နယ္အသင္းနဲ႔ ပြဲမွာ သူ႔အသင္းဟာ ပင္နယ္တီရသင့္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ အမ္းမရိတ္ကြင္းမွာ သြားေရာက္ကစားခဲ့တဲ့ ၀က္စ္ဟမ္းအသင္းဟာ အန္ကီတီယာရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ (၂-၁) နဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။ ေဒးဗစ္မိုယက္စ္က ၀က္စ္ဟမ္းေနာက္ခံလူ ေသာမတ္စ္ေဆာဆက္ရဲ႕ ေခါင္းတိုက္ေဘာက အာဆင္နယ္ေနာက္ခံလူ ဂါဘရီရယ္လ္ရဲ႕ လက္နဲ႔ထိခဲ့လို႔ ပင္နယ္တီေပးသင့္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

ပြဲအျပီးမွာ ေဒးဗစ္မိုယက္စ္က “ဟုတ္ပါတယ္၊ ကၽြန္ေတာ္တို႔ ပင္နယ္တီတစ္လံုး ရသင့္ပါတယ္။ သူတို႔ေတြကေတာ့ သူ႔ရဲ႕ လက္အိတ္နဲ႔ ထိတယ္လို႔ ေျပာခဲ့ေပမယ့္ တစ္ကယ္ေတာ့ အဲ့ေကာင္ေလး လက္နဲ႔ ထိခဲ့တာပါ။ အရင္စည္းကမ္းအေဟာင္းေတြနဲ႔ဆုိရင္ေတာင္ ဒါက ပင္နယ္တီ ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔လည္း စည္းကမ္းေတြကို တစ္ကယ္မသိပါဘူး” လို႔ စကိုင္းစေပါ့ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအတြက္ လာကာဇက္က ဦးေဆာင္ဂိုးကို အသင္းေခါင္းေဆာင္ အူဘာမီးယန္းရဲ႕ ျဖတ္တင္ေဘာမွတစ္ဆင့္ ေခါင္းတိုက္သြင္းယူေပးခဲ့ျပီး ၀က္စ္ဟမ္းအသင္းဘက္က ပထမပိုင္းမျပီးခင္မွာ အန္တိုနီယိုက ေခ်ပဂိုးျပန္လည္သြင္းယူခဲ့ပါတယ္။ ၀က္စ္ဟမ္းအသင္းဟာ ေနာက္ပိုင္းမိနစ္ေတြမွာ ပိုျပီး တိုက္စစ္ဆင္ခဲ့ျပီး သေရရလဒ္နဲ႔ ပြဲျပီးေတာ့မလို ျဖစ္ခဲ့ေပမယ့္ အာဆင္နယ္အသင္းဘက္က လူငယ္တိုက္စစ္ကစားသမား အန္ကီတီယာ က အႏိုင္ဂိုးကို ပြဲကစားခ်ိန္ (၈၅) မိနစ္မွာသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

“ဒီရလဒ္က ခက္ခဲပါတယ္။ ကစားသမားေတြ အေကာင္းဆံုးၾကိဳးစားခဲ့ျပီး အမွတ္မရခဲ့လို႔ နာက်င္ရပါတယ္။ ကၽြန္ေတာ္တို႔ အခြင့္အေရးေကာင္းေတြရခဲ့ေပမယ့္ ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ ေနာက္ဆံုးမိနစ္ေတြမွာ ကစားအားက်သြားခဲ့ပါတယ္။ ကစားသမားေတြက အေရွ႕ပိုင္းမွာ အေကာင္းဆံုးၾကိဳးစားခဲ့ေပမယ့္ ေနာက္ဆံုးမိနစ္ေတြမွာ ကစားပံုက်ဆင္းခဲ့လို႔ ေပးဆပ္ခဲ့ရတာပါ” လို႔ မိုယက္စ္က ထပ္ျပီးေျပာသြားခဲ့ပါတယ္။

၀က္စ္ဟမ္းအသင္းဟာ အဂၤါေန႔မွာ ဟူလ္စီးတီးအသင္းနဲ႔ ကာရာေဘာင္ဖလားပြဲမွာ ကစားရမွာျဖစ္ျပီး ေနာက္တစ္ပတ္မွာ ၀ုလ္ဗ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ ကို ကစားရမွာျဖစ္ပါတယ္။