ရန်းနက်စ်ဂိုးသမား မန်ဒီကို (၅) နှစ်စာချုပ်နဲ့ ခေါ်ယူရန် သဘောတူညီမှု ရသွားပြီ ဖြစ်တဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ရန်းနက်စ်ဂိုးသမား မန်ဒီကို ပေါင် ၂၆ သန်းနဲ့ ခေါ်ယူရန် သဘောတူညီမှု ရသွားပြီဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ဂိုးသမားဟာ ပြီးခဲ့တဲ့အပတ်ကလည်း ဆေးစစ်မှု ခံယူရန် သွားရောက်ခါနီးမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရတော့လို့ ရန်းနက်စ်အသင်းထံ ပြန်သွားခဲ့ရပါတယ်။ ယခုအခါ ဂိုးသမားမန်ဒီကို (၅) နှစ်စာချုပ်ချုပ်မှာဖြစ်ပြီး ပေါင် ၂၂ သန်းအပြင် အပိုဆုကြေးတွေ ထပ်ပြီး ပေါင်းပေးသွားရမှာ ဖြစ်ပါတယ်။

ရန်းနက်စ်အသင်းဟာ ကစားသမားတစ်ယောက်အငှားချရန် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း သူတို့လိုချင်တဲ့ ကစားသမားဖြစ်တဲ့ တိုမိုရီဟာ အဲဗာတန်အသင်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ရန်းနက်စ်အသင်းအတွက် (၃၄) ပွဲကစားထားတဲ့ မန်ဒီဟာ သောကြာနေ့က အသင်းဖော်တွေကို နှုတ်ဆက်စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ နံပါတ် (၁) ဂိုးသမား ဖြစ်တဲ့ ကီပါဟာ ပြီးခဲ့တဲ့ရာသီက လက်စွမ်းပြရန် ရုန်းကန်နေရလို့ ချဲလ်ဆီးအသင်းက ယခုလို ဂိုးသမား အသစ်တစ်ယောက်ကို အမြန်လိုချင်နေတာဖြစ်ပါတယ်။ မန်ဒီဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်း ခေါ်ယူလိုက်တဲ့ (၇) ယောက်မြော်ကကစားသမား ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ညာနောက်ခံလူ ဇက်ပါကော်စတာကိုလည်း ဂျီနိုအာအသင်းထံ အငှားချလိုက်ပြီလို့ သိရပါတယ်။ ညာနောက်ခံလူဟာ စတန်းဖိုဒ့်ဘရစ်ချ်ကို ၂၀၁၇ ခုနှစ်က ရောက်လာပေမယ့် ပြီးခဲ့တဲ့ရာသီကလည်း ရိုးမားအသင်းထံ အငှားသွားရောက်ကစားခဲ့ရသူဖြစ်ပါတယ်။

ရန္းနက္စ္ဂိုးသမား မန္ဒီကို (၅) ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရသြားျပီ ျဖစ္တဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ရန္းနက္စ္ဂိုးသမား မန္ဒီကို ေပါင္ ၂၆ သန္းနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရသြားျပီျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ဂိုးသမားဟာ ျပီးခဲ့တဲ့အပတ္ကလည္း ေဆးစစ္မႈ ခံယူရန္ သြားေရာက္ခါနီးမွာ ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈ မရေတာ့လို႔ ရန္းနက္စ္အသင္းထံ ျပန္သြားခဲ့ရပါတယ္။ ယခုအခါ ဂိုးသမားမန္ဒီကို (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္မွာျဖစ္ျပီး ေပါင္ ၂၂ သန္းအျပင္ အပိုဆုေၾကးေတြ ထပ္ျပီး ေပါင္းေပးသြားရမွာ ျဖစ္ပါတယ္။

ရန္းနက္စ္အသင္းဟာ ကစားသမားတစ္ေယာက္အငွားခ်ရန္ ေဆြးေႏြးညွိႏိႈင္းခဲ့ေသာ္လည္း သူတို႔လိုခ်င္တဲ့ ကစားသမားျဖစ္တဲ့ တိုမိုရီဟာ အဲဗာတန္အသင္းနဲ႔ ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနပါတယ္။ရန္းနက္စ္အသင္းအတြက္ (၃၄) ပြဲကစားထားတဲ့ မန္ဒီဟာ ေသာၾကာေန႔က အသင္းေဖာ္ေတြကို ႏႈတ္ဆက္စကားေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ နံပါတ္ (၁) ဂိုးသမား ျဖစ္တဲ့ ကီပါဟာ ျပီးခဲ့တဲ့ရာသီက လက္စြမ္းျပရန္ ရုန္းကန္ေနရလို႔ ခ်ဲလ္ဆီးအသင္းက ယခုလို ဂိုးသမား အသစ္တစ္ေယာက္ကို အျမန္လိုခ်င္ေနတာျဖစ္ပါတယ္။ မန္ဒီဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးအသင္း ေခၚယူလိုက္တဲ့ (၇) ေယာက္ေျမာ္ကကစားသမား ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ညာေနာက္ခံလူ ဇက္ပါေကာ္စတာကိုလည္း ဂ်ီႏိုအာအသင္းထံ အငွားခ်လိုက္ျပီလို႔ သိရပါတယ္။ ညာေနာက္ခံလူဟာ စတန္းဖိုဒ့္ဘရစ္ခ်္ကို ၂၀၁၇ ခုႏွစ္က ေရာက္လာေပမယ့္ ျပီးခဲ့တဲ့ရာသီကလည္း ရိုးမားအသင္းထံ အငွားသြားေရာက္ကစားခဲ့ရသူျဖစ္ပါတယ္။