ယူနိုက်တက် ကစားသမားတွေ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့်ရမယ်လို့ ခရစ္စတယ်ပဲလေ့စ်ကို စိတ်ပျက်စရာ ရှုံးနိမ့်ပြီးနောက် ဆိုလိုက်တဲ့ နည်းပြဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ခရစ္စတယ်ပဲလေ့စ်ကို စိတ်ပျက်စရာ ရှုံးနိမ့်ပြီးတဲ့ပွဲအပြီးမှာ အသင်းအနေနဲ့ ကစားသမားသစ် မခေါ်နိုင်တာထက် ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့်ရမယ်လို့ သူ့ကစားသမားတွေကို ပြောသွားခဲ့ပါတယ်။ ဒီနွေရာသီအပြောင်းအရွှေ့မှာ အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက်တည်းကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပြီး မနေ့ညက ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ အိုးထရက်ဖိုဒ့်ပွဲဦးထွက်ဂိုးကို သွင်းပေးခဲ့ပေမယ့် ယူနိုက်တက်အသင်းက (၃-၁) နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်နောက်ခံလူ လုခ်ရှောက အသင်းအနေနဲ့ နောက်လမှ ကုန်ဆုံးမယ့် အပြောင်းအရွှေ့ ရာသီမတိုင်ခင် ကစားသမားအသစ်တွေခေါ်ယူရန် လိုအပ်တယ်လို့ ပြောကြားခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကတော့ ကစားသမားတွေအနေနဲ့ ဒီထက်စွမ်းဆောင်ကောင်းဖို့ပဲ လိုအပ်တယ်လို့ သတိပေးပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့်ရမှာပါ။ ဒီနေ့မှာ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် ကစားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကွင်းထဲမှာ ရှိတဲ့ ကစားသမားတွေနဲ့ အရန်ခုံက ကစားသမားတွေကို အရင်ဆုံးကြည့်ရမှာပါ။ ပြီးတော့ ဒီနေ့မှာ ရာသီအစ ပွဲကို ကစားရတာပါ။

အားလုံးက ကျွန်တော်တို့ တိုးတက်လာမယ်လို့ သိထားကြပြီး ကျွန်တော်တို့ မြန်မြန်တိုးတက်ဖို့ လိုနေပါတယ်။ ဒီနေ့လို စွမ်းဆောင်ရည်မျိုးကို အမြဲတမ်းမြင်တွေ့ရမှာတော့ မဟုတ်ပါဘူး။ သူတို့တွေ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပါတယ်” လို့ ဆိုးလ်ရှားက ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူႏိုက္တက္ ကစားသမားေတြ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲ ျပန္ၾကည့္ရမယ္လို႔ ခရစၥတယ္ပဲေလ့စ္ကို စိတ္ပ်က္စရာ ရႈံးနိမ့္ျပီးေနာက္ ဆိုလိုက္တဲ့ နည္းျပဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ခရစၥတယ္ပဲေလ့စ္ကို စိတ္ပ်က္စရာ ရႈံးနိမ့္ျပီးတဲ့ပြဲအျပီးမွာ အသင္းအေနနဲ႔ ကစားသမားသစ္ မေခၚႏိုင္တာထက္ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲ ျပန္ၾကည့္ရမယ္လို႔ သူ႔ကစားသမားေတြကို ေျပာသြားခဲ့ပါတယ္။ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိခ္တစ္ေယာက္တည္းကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူခဲ့ျပီး မေန႔ညက ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ သူ႔ရဲ႕ အိုးထရက္ဖိုဒ့္ပြဲဦးထြက္ဂိုးကို သြင္းေပးခဲ့ေပမယ့္ ယူႏိုက္တက္အသင္းက (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

ယူႏိုက္တက္ေနာက္ခံလူ လုခ္ေရွာက အသင္းအေနနဲ႔ ေနာက္လမွ ကုန္ဆံုးမယ့္ အေျပာင္းအေရႊ႕ ရာသီမတိုင္ခင္ ကစားသမားအသစ္ေတြေခၚယူရန္ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့ ကစားသမားေတြအေနနဲ႔ ဒီထက္စြမ္းေဆာင္ေကာင္းဖို႔ပဲ လိုအပ္တယ္လို႔ သတိေပးေျပာၾကားသြားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔အားလံုး ကိုယ့္ကုိယ္ကိုယ္ မွန္ထဲ ျပန္ၾကည့္ရမွာပါ။ ဒီေန႔မွာ ကၽြန္ေတာ္တို႔ ဒီထက္ပိုေကာင္းေအာင္ ကစားႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ကြင္းထဲမွာ ရွိတဲ့ ကစားသမားေတြနဲ႔ အရန္ခံုက ကစားသမားေတြကို အရင္ဆံုးၾကည့္ရမွာပါ။ ျပီးေတာ့ ဒီေန႔မွာ ရာသီအစ ပြဲကို ကစားရတာပါ။

အားလံုးက ကၽြန္ေတာ္တို႔ တိုးတက္လာမယ္လို႔ သိထားၾကျပီး ကၽြန္ေတာ္တို႔ ျမန္ျမန္တိုးတက္ဖို႔ လိုေနပါတယ္။ ဒီေန႔လို စြမ္းေဆာင္ရည္မ်ိဳးကို အျမဲတမ္းျမင္ေတြ႔ရမွာေတာ့ မဟုတ္ပါဘူး။ သူတို႔ေတြ ဒီထက္ပိုေကာင္းေအာင္ လုပ္ႏိုင္ပါတယ္” လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့တာျဖစ္ပါတယ္။