ဝုလ်ဗ်တိုက်စစ်ကစားသမား ဒီယိုဂိုဂျိုတာကို ပေါင် ၄၁ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်တဲ့ လီဗာပူးလ်

   
 
လီဗာပူးလ်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒီယိုဂိုဂျိုတာကို ပေါင် ၄၁ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ မာဆေးဆိုဒ်ကလပ်အသင်းနဲ့ (၅) နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး သောကြာနေ့ကတည်းက ဝုလ်ဗ်အသင်းနဲ့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူပြီးနောက် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။
“ဒါက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် တစ်ကယ်ကို စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပါ။ ကျွန်တော်ကလေးဘဝတည်းက ကြိုးစားလာသမျှ အခု လီဗာပူးလ်လို အသင်းမျိုးမှာ ကစားခွင့်ရတော့မှာပါ။ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်လို့ မယုံနိုင်စရာကောင်းလွန်းပါတယ်။ လီဗာပူးလ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းကိုကြည့်လိုက်ရင်လည်း လီဗာပူးလ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒါကြောင့် ငြင်းဆန်ဖို့ ခက်ပါတယ်။ ကျွန်တော်ကတော့ အကောင်းဆုံးကြိုးစားပြီး အနာဂတ်မှာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်လာအောင် လုပ်သွားမှာပါ”လို့ သူက လီဗာပူးလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။
ဒီယိုဂိုဂျိုတာ လီဗာပူးလ်အသင်းမှာ အသင်းကနေ ဘရိုက်တန်ကို ဒီနွေရာသီမှာ ပြောင်းရွှေ့သွားတဲ့ လယ်လာနာ ရဲ့ ကျောနံပါတ် (၂၀) ကို ဝတ်ဆင်မှာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ သရဖူဆုကို ကာကွယ်နိုင်ရန်အတွက် အသင်းရဲ့ တိုက်စစ်အင်အားကို ယခုလို ဖြည့်တင်းနေတယ်လို့ သိရပါတယ်။ ဒီယိုဂို ဂျိုတာဟာ ပြီးခဲ့တဲ့ရာသီက ဝုလ်ဗ်အသင်းအတွက် (၁၆) ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
 
၀ုလ္ဗ္တိုက္စစ္ကစားသမား ဒီယိုဂိုဂ်ိဳတာကို ေပါင္ ၄၁ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္ျပီျဖစ္တဲ့ လီဗာပူးလ္
 
လီဗာပူးလ္အသင္းဟာ ၀ုလ္ဗ္အသင္းရဲ႕ တိုက္စစ္ကစားသမား ဒီယိုဂိုဂ်ိဳတာကို ေပါင္ ၄၁ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္ျပီလို႔ အတည္ျပဳခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ မာေဆးဆိုဒ္ကလပ္အသင္းနဲ႔ (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျပီး ေသာၾကာေန႔ကတည္းက ၀ုလ္ဗ္အသင္းနဲ႔ သေဘာတူညီမႈ ရခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီတိုက္စစ္ကစားသမားဟာ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို ကို ေပါင္ ၂၅ သန္းနဲ႔ ေခၚယူျပီးေနာက္ သေဘာတူညီမႈ ရခဲ့တာျဖစ္ပါတယ္။
 
“ဒါက ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္မိသားစုအတြက္ တစ္ကယ္ကို စိတ္လႈပ္ရွားစရာ အခိုက္အတန္႔ပါ။ ကၽြန္ေတာ္ကေလးဘ၀တည္းက ၾကိဳးစားလာသမွ် အခု လီဗာပူးလ္လို အသင္းမ်ိဳးမွာ ကစားခြင့္ရေတာ့မွာပါ။ ကမာၻ႕အေကာင္းဆံုးအသင္းတစ္သင္းျဖစ္လို႔ မယံုႏိုင္စရာေကာင္းလြန္းပါတယ္။ လီဗာပူးလ္ဟာ ကမာၻ႕အေကာင္းဆံုးအသင္းျဖစ္ျပီး ကမာၻ႕ခ်န္ပီယံလည္းျဖစ္ပါတယ္။
 
ပရီးမီးယားလိဂ္သမိုင္းကိုၾကည့္လိုက္ရင္လည္း လီဗာပူးလ္က အေကာင္းဆံုးအသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ျငင္းဆန္ဖို႔ ခက္ပါတယ္။ ကၽြန္ေတာ္ကေတာ့ အေကာင္းဆံုးၾကိဳးစားျပီး အနာဂတ္မွာ လီဗာပူးလ္အသင္းအတြက္ အေကာင္းဆံုးေရြးခ်ယ္စရာျဖစ္လာေအာင္ လုပ္သြားမွာပါ”လို႔ သူက လီဗာပူးလ္အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္ကို ေျပာသြားခဲ့ပါတယ္။
 
ဒီယိုဂိုဂ်ိဳတာ လီဗာပူးလ္အသင္းမွာ အသင္းကေန ဘရိုက္တန္ကို ဒီေႏြရာသီမွာ ေျပာင္းေရႊ႕သြားတဲ့ လယ္လာနာ ရဲ႕ ေက်ာနံပါတ္ (၂၀) ကို ၀တ္ဆင္မွာျဖစ္ပါတယ္။ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ဟာ လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံ သရဖူဆုကို ကာကြယ္ႏိုင္ရန္အတြက္ အသင္းရဲ႕ တိုက္စစ္အင္အားကို ယခုလို ျဖည့္တင္းေနတယ္လို႔ သိရပါတယ္။ ဒီယိုဂို ဂ်ိဳတာဟာ ျပီးခဲ့တဲ့ရာသီက ၀ုလ္ဗ္အသင္းအတြက္ (၁၆) ဂိုးသြင္းယူေပးခဲ့သူလည္း ျဖစ္ပါတယ္။