စပါးကို ရောင်းချလိုက်တဲ့ ဒိုဟာတီ နေရာမှာ အစားထိုးရန် လီဗာပူးလ်လူငယ်နောက်ခံလူ ကီဂျန်နာ ဟိုအဲဗား ကို ခေါ်ယူလိုက်တဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗ်အသင်းဟာ လီဗာပူးလ်နောက်ခံလူ ဟိုအဲဗား ကို ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်အရွယ် ဟော်လန်လူငယ်လက်ရွေးစင်ကစားသမားဟာ ယာဂင်ကလော့ပ်ရဲ့ စီနီယာအသင်းအတွက် ဖလားပွဲတွေမှာ (၄) ပွဲပါဝင်ကစားထားသူ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ နှစ်က ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ပထမဆုံးပွဲထွက်ကစားခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ သမိုင်းမှာ အသက်အငယ်ဆုံးပွဲထွက်ကစားသမားဖြစ်ခဲ့ပါတယ်။သူဟာ လီဗာပူးလ်အသင်းထံ ၂၀၁၈ ခုနှစ်ကမှ အေဂျက်အသင်းဆီကနေ ပြောင်းရွှေ့လာခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီက ကာလရှည်စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး ဒီနွေရာသီမှာ အငှားချခံရဖွယ်ရှိတယ်လို့ သတ်မှတ်ထားခဲ့ပါတယ်။

သို့သော်လည်း ဝုလ်ဗ်အသင်းဟာ သူ့ကို အပြီးသတ်ခေါ်ယူရန် နှစ်ဦးနှစ်ဖက်သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းဟာ ဒီနွေရာသီမှာ စပါးအသင်းထံ ညာနောက်ခံလူ ဒိုဟာတီကို ရောင်းချခဲ့တာဖြစ်လို့ ဟိုအဲဗားကို ညာနောက်ခံလူ နဲ့ ဗဟိုနောက်ခံလူနေရာတွေမှာ ထားကစားရန် ရည်ရွယ်ပြီး ခေါ်ယူခဲ့တာပါ။

စပါးကို ေရာင္းခ်လိုက္တဲ့ ဒိုဟာတီ ေနရာမွာ အစားထိုးရန္ လီဗာပူးလ္လူငယ္ေနာက္ခံလူ ကီဂ်န္နာ ဟိုအဲဗား ကို ေခၚယူလိုက္တဲ့ ၀ုလ္ဗ္အသင္း

၀ုလ္ဗ္အသင္းဟာ လီဗာပူးလ္ေနာက္ခံလူ ဟိုအဲဗား ကို ေပါင္ ၁၀ သန္း၀န္းက်င္နဲ႔ ေခၚယူလိုက္တယ္လို႔ သိရပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ ေဟာ္လန္လူငယ္လက္ေရြးစင္ကစားသမားဟာ ယာဂင္ကေလာ့ပ္ရဲ႕ စီနီယာအသင္းအတြက္ ဖလားပြဲေတြမွာ (၄) ပြဲပါ၀င္ကစားထားသူ ျဖစ္ပါတယ္။

သူဟာ ျပီးခဲ့တဲ့ ႏွစ္က ၀ုလ္ဗ္အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ ပထမဆံုးပြဲထြက္ကစားခဲ့ျပီး လီဗာပူးလ္အသင္းရဲ႕ သမိုင္းမွာ အသက္အငယ္ဆံုးပြဲထြက္ကစားသမားျဖစ္ခဲ့ပါတယ္။သူဟာ လီဗာပူးလ္အသင္းထံ ၂၀၁၈ ခုႏွစ္ကမွ ေအဂ်က္အသင္းဆီကေန ေျပာင္းေရႊ႕လာခဲ့ျပီး ျပီးခဲ့တဲ့ေႏြရာသီက ကာလရွည္စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ျပီး ဒီေႏြရာသီမွာ အငွားခ်ခံရဖြယ္ရွိတယ္လို႔ သတ္မွတ္ထားခဲ့ပါတယ္။

သို႔ေသာ္လည္း ၀ုလ္ဗ္အသင္းဟာ သူ႔ကို အျပီးသတ္ေခၚယူရန္ ႏွစ္ဦးနွစ္ဖက္သေဘာတူညီမႈ ရခဲ့ျပီျဖစ္ပါတယ္။ ၀ုလ္ဗ္အသင္းဟာ ဒီေႏြရာသီမွာ စပါးအသင္းထံ ညာေနာက္ခံလူ ဒိုဟာတီကို ေရာင္းခ်ခဲ့တာျဖစ္လို႔ ဟိုအဲဗားကို ညာေနာက္ခံလူ နဲ႔ ဗဟိုေနာက္ခံလူေနရာေတြမွာ ထားကစားရန္ ရည္ရြယ္ျပီး ေခၚယူခဲ့တာပါ။