ရိုးမား တောင်ပံကစားသမား ဆန်ဂစ်ဇ်အွန်ဒါ ကို ခေါ်ယူရန် သဘောတူညီမှု ရခဲ့တဲ့ လက်စတာအသင်း ဂရေးကို ရောင်းချရန် ပြင်ဆင်

လက်စတာစီးတီးအသင်းဟာ ရိုးမားတောင်ပံကစားသမား ဆန်ဂစ်ဇ်အွန်ဒါကို ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပြီးနောက် အသင်းက ဂရေးကို ရောင်းချရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂရေးဟာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်ပဲ ကျန်တော့တာဖြစ်ပြီး အခုအချိန်မရောင်းရင် နောက်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ်ရှိနေပါတယ်။

နည်းပြ ဘရန်ဒန်ရော်ဂျာက “ဒါက သူ့အပေါ်မှာ မူတည်ပါတယ်။ သူဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်နေပြီး နောက်ထပ်စာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှု မရသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ကတော့ သူဘာကိုလိုချင်သလဲဆိုတာကို အမြဲလေးစားနေမှာပါ။ သူဟာ ဒီမှာ အရမ်းကို အလုပ်ကြိုးစားပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ကြတာပေါ့။

ကျွန်တော်ကတော့ သူ့နဲ့ အလုပ်တွဲလုပ်ရတာ တစ်ကယ်ပျော်ပါတယ်။ သူဟာ ဒီကို ငယ်ငယ်လေးကတည်းက ရောက်ခဲ့တာဖြစ်ပြီး လူကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ အခုသူ ၂၄ နှစ်ရှိနေပါပြီ”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

Leicester plotting £23m transfer swoop for Roma winger Cengiz Under with  Newcastle also keen on rumoured Man Utd target

လက်စတာအသင်းဟာ တူရကီလက်ရွေးစင်ကစားသမား ဆန်ဂစ်ဇ်အွန်ဒါ ကို အငှားနဲ့ ခေါ်ယူပြီး အပြီးသတ် ပေါင် ၂၄.၆ သန်းနဲ့ ဝယ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုထားပါတယ်။ ရော်ဂျာက “သူဟာ အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ အခြားသော ညှိနှိုင်းစရာတွေ ကျန်နေသေးပါတယ်။ ကျွန်တော်တို့ အသင်းမှာ မတူညီတဲ့ တိုက်စစ်ကစားသမားတွေ လိုအပ်ပါတယ်။ သူကစားတာကို ကြည့်ပြီး သူဟာ အရည်အသွေးရှိတဲ့ ကစားသမားဆိုတာ သေချာပါတယ်” လို့ ထပ်ပြီးပြောသွားခဲ့ပါတယ်။

ရိုးမား ေတာင္ပံကစားသမား ဆန္ဂစ္ဇ္အြန္ဒါ ကို ေခၚယူရန္ သေဘာတူညီမႈ ရခဲ့တဲ့ လက္စတာအသင္း ဂေရးကို ေရာင္းခ်ရန္ ျပင္ဆင္

လက္စတာစီးတီးအသင္းဟာ ရိုးမားေတာင္ပံကစားသမား ဆန္ဂစ္ဇ္အြန္ဒါကို ေခၚယူရန္ သေဘာတူညီမႈ ရခဲ့ျပီးေနာက္ အသင္းက ဂေရးကို ေရာင္းခ်ရန္ ျပင္ဆင္ေနျပီျဖစ္ပါတယ္။  အသက္ ၂၄ ႏွစ္အရြယ္ ဂေရးဟာ လက္စတာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ပဲ က်န္ေတာ့တာျဖစ္ျပီး အခုအခ်ိန္မေရာင္းရင္ ေနာက္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရဖြယ္ရွိေနပါတယ္။

နည္းျပ ဘရန္ဒန္ေရာ္ဂ်ာက “ဒါက သူ႔အေပၚမွာ မူတည္ပါတယ္။ သူဟာ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ထဲကို ေရာက္ေနျပီး ေနာက္ထပ္စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ သေဘာတူညီမႈ မရေသးပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္ကေတာ့ သူဘာကိုလိုခ်င္သလဲဆိုတာကို အျမဲေလးစားေနမွာပါ။ သူဟာ ဒီမွာ အရမး္ကို အလုပ္ၾကိဳးစားပါတယ္။ ဘာေတြဆက္ျဖစ္မလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ၾကတာေပါ့။

ကၽြန္ေတာ္ကေတာ့ သူ႔နဲ႔ အလုပ္တြဲလုပ္ရတာ တစ္ကယ္ေပ်ာ္ပါတယ္။ သူဟာ ဒီကို ငယ္ငယ္ေလးကတည္းက ေရာက္ခ့ဲတာျဖစ္ျပီး လူေကာင္းတစ္ေယာက္လည္းျဖစ္ပါတယ္။ အခုသူ ၂၄ ႏွစ္ရွိေနပါျပီ”လို႔  ေျပာသြားခဲ့တာျဖစ္ပါတယ္။

လက္စတာအသင္းဟာ တူရကီလက္ေရြးစင္ကစားသမား ဆန္ဂစ္ဇ္အြန္ဒါ ကို အငွားနဲ႔ ေခၚယူျပီး အျပီးသတ္ ေပါင္ ၂၄.၆ သန္းနဲ႔ ၀ယ္ယူခြင့္ကိုပါ ထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။ ေရာ္ဂ်ာက “သူဟာ အရမ္းေကာင္းတဲ့ ကစားသမားတစ္ေယာက္ပါ။ အျခားေသာ ညိွႏိႈင္းစရာေတြ က်န္ေနေသးပါတယ္။ ကၽြန္ေတာ္တို႔ အသင္းမွာ မတူညီတဲ့ တိုက္စစ္ကစားသမားေတြ လုိအပ္ပါတယ္။ သူကစားတာကို ၾကည့္ျပီး သူဟာ အရည္အေသြးရွိတဲ့ ကစားသမားဆိုတာ ေသခ်ာပါတယ္” လို႔ ထပ္ျပီးေျပာသြားခဲ့ပါတယ္။