ဇက်ပါကော်စတာကို ဂျီနိုအာအသင်းထံ အငှားချလိုက်တဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ညာနောက်ခံလူ ဇက်ပါကော်စတာကို အီတလီကလပ် ဂျီနိုအာအသင်းထံ တစ်နှစ်အငှားချလိုက်ပြီလို့ ပရီးမီးယားလိဂ်ကလပ်အသင်းက ကြေညာသွားခဲ့ပါတယ်။ အီတလီလက်ရွေးစင်နောက်ခံလူ ဇက်ပါကော်စတာဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းထံ အငှားသွားရောက်ကစားခဲ့ပြီး ချဲလ်ဆီးကို ပြန်ရောက်နေသူဖြစ်ပါတယ်။

ရိုးမားအသင်းမှာလည်း ညာနောက်ခံလူဟာ ဒူးအဆစ်ဒဏ်ရာကြောင့်ပွဲကစားခွင့် သိပ်မရခဲ့ပါဘူး။ သူဟာ ခွဲစိတ်မှု ခံယူပြီးနောက်အီတလီကလပ်အသင်းအတွက် (၆) ပွဲကစားခဲ့ပြီး စုစုပေါင်း (၈) ပွဲသာ ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားကို ၂၀၁၇ ခုနှစ်တုန်းက ချဲလ်ဆီးနည်းပြ ကွန်တီလက်ထက်က ဝယ်ယူခဲ့တာဖြစ်ပြီး (၃၄) ပွဲ ပွဲထွက်ကစားကာ (၁၈) ပွဲ လူစားဝင်ရောက်ကစားခွင့်ရထားပါတယ်။

ညာနောက်ခံလူ ဇက်ပါကော်စတာဟာ အီတီလီ လက်ရွေးစင်အသင်းကြီးအတွက် ပြီးခဲ့တဲ့ (၂) နှစ်လောက်ကတည်းက (၁၃) ပွဲကစားထားသူ ဖြစ်ပါတယ်။ ဂျီနိုအာအသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ အမှတ်ပေးဇယား အဆင့် (၁၇) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး တန်းမဆင်းရအောင် ရုန်းကန်ခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။

ဇက္ပါေကာ္စတာကို ဂ်ီႏိုအာအသင္းထံ အငွားခ်လိုက္တဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ညာေနာက္ခံလူ ဇက္ပါေကာ္စတာကို အီတလီကလပ္ ဂ်ီႏိုအာအသင္းထံ တစ္ႏွစ္အငွားခ်လိုက္ျပီလို႔ ပရီးမီးယားလိဂ္ကလပ္အသင္းက ေၾကညာသြားခဲ့ပါတယ္။ အီတလီလက္ေရြးစင္ေနာက္ခံလူ ဇက္ပါေကာ္စတာဟာ ျပီးခဲ့တဲ့ရာသီက ရိုးမားအသင္းထံ အငွားသြားေရာက္ကစားခဲ့ျပီး ခ်ဲလ္ဆီးကို ျပန္ေရာက္ေနသူျဖစ္ပါတယ္။

ရိုးမားအသင္းမွာလည္း ညာေနာက္ခံလူဟာ ဒူးအဆစ္ဒဏ္ရာေၾကာင့္ပြဲကစားခြင့္ သိပ္မရခဲ့ပါဘူး။ သူဟာ ခြဲစိတ္မႈ ခံယူျပီးေနာက္အီတလီကလပ္အသင္းအတြက္ (၆) ပြဲကစားခဲ့ျပီး စုစုေပါင္း (၈) ပြဲသာ ကစားခြင့္ရခဲ့သူ ျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားကို ၂၀၁၇ ခုႏွစ္တုန္းက ခ်ဲလ္ဆီးနည္းျပ ကြန္တီလက္ထက္က ၀ယ္ယူခဲ့တာျဖစ္ျပီး (၃၄) ပြဲ ပြဲထြက္ကစားကာ (၁၈) ပြဲ လူစား၀င္ေရာက္ကစားခြင့္ရထားပါတယ္။

ညာေနာက္ခံလူ ဇက္ပါေကာ္စတာဟာ အီတီလီ လက္ေရြးစင္အသင္းၾကီးအတြက္ ျပီးခဲ့တဲ့ (၂) ႏွစ္ေလာက္ကတည္းက (၁၃) ပြဲကစားထားသူ ျဖစ္ပါတယ္။ ဂ်ီႏိုအာအသင္းဟာ ျပီးခဲ့တဲ့ရာသီက စီးရီးေအ အမွတ္ေပးဇယား အဆင့္ (၁၇) ေနရာမွာ ရပ္တည္ႏိုင္ခဲ့ျပီး တန္းမဆင္းရေအာင္ ရုန္းကန္ခဲ့ရတဲ့ အသင္းျဖစ္ပါတယ္။