သီယာဂိုအသင်းမှားပြီး ရွေးချယ်လိုက်တယ်လို့ နောက်ပြောင်ပြောဆိုလိုက်တဲ့ အဲဗာတန်နည်းပြ အန်စလော့တီ

အဲဗာတန်နည်းပြ အန်စလော့တီက လီဗာပူးလ်အသင်းကို ရွေးချယ်လိုက်တဲ့ သီယာဂိုရဲ့ လုပ်ရပ်က သူ့အသည်းနှလုံးကို ခွဲခဲ့တယ်လို့ နောက်ပြောင်ပြောဆိုသွားပါတယ်။ သီယာဂို နဲ့ လက်ရှိ အဲဗာတန်နည်းပြ အန်စလော့တီတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၂၀၁၆-၁၇ ခုနှစ်က အတူတူ လက်တွဲခဲ့သူတွေ ဖြစ်ပါတယ်။

သီယာဂို လီဗာပူးလ်အသင်းရဲ့ ကစားသမားဖြစ်လာပြီးနောက်အန်စလော့တီက “ကျွန်တော့်အသည်းတွေကွဲနေပြီ ၊ အသည်းကွဲနေပြီ။ သီယာဂိုဟာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပါ။ သူဟာ အရမ်းလည်း ထူးခြားတဲ့ ကွင်းလယ် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်နည်းပြဘဝမှာ ထိပ်တန်းကစားသမားတွေကို နည်းပြခဲ့တဲ့ ကံကောင်းတာတွေရှိပြီး သီယာဂိုလည်း အဲ့ဒီကစားသမားတွေထဲက တစ်ယောက်ပါ။

လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ရွေးလိုက်တာနဲ့ ပတ်သက်ပြီး ကောင်းတာတစ်ခုတည်းက သူက အိမ်နီးချင်းဖြစ်သွားတာပါပဲ။ သူအသင်းမှားပြီး ရွေးချယ်လိုက်ပြီလို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အပြာအသင်းကို ရွေးရမှာပါ။ အနီအသင်းမဟုတ်ပါဘူး။ ကျွန်တော်နောက်တာပါ။ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော့်သူငယ်ချင်းလည်းဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ကတော့ ပျော်နေမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိပရီးမီးယားလိဂ် ချန်ပီယံဆိုတဲ့ ရာထူးကို ဆက်ပြီးထိန်းသိမ်းထားရန်အတွက် သီယာဂို နဲ့ ဝုလ်ဗ်က ဒီယိုဂိုဂျိုတာကို ပေါင် ၆၅ သန်းအသုံးပြုပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။သောကြာနေ့က သီယာဂိုဟာ လီဗာပူးလ်အသင်းရဲ့ ကစားသမားအဖြစ် တရားဝင်ကြေညာခဲ့ပါတယ်။ ယာဂင်ကလော့ပ်ဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့ပြီး တနင်္ဂနွေနေ့ ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် ပွဲမှာ သီယာဂိုကို ပွဲထွက်ကစားစေဖွယ်ရှိနေပါတယ်။

သီယာဂိုအသင္းမွားျပီး ေရြးခ်ယ္လိုက္တယ္လို႔ ေနာက္ေျပာင္ေျပာဆိုလိုက္တဲ့ အဲဗာတန္နည္းျပ အန္စေလာ့တီ

အဲဗာတန္နည္းျပ အန္စေလာ့တီက လီဗာပူးလ္အသင္းကို ေရြးခ်ယ္လိုက္တဲ့ သီယာဂိုရဲ႕ လုပ္ရပ္က သူ႔အသည္းႏွလံုးကို ခြဲခဲ့တယ္လို႔ ေနာက္ေျပာင္ေျပာဆိုသြားပါတယ္။ သီယာဂို နဲ႔ လက္ရွိ အဲဗာတန္နည္းျပ အန္စေလာ့တီတို႔ဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ၂၀၁၆-၁၇ ခုႏွစ္က အတူတူ လက္တြဲခဲ့သူေတြ ျဖစ္ပါတယ္။

သီယာဂို လီဗာပူးလ္အသင္းရဲ႕ ကစားသမားျဖစ္လာျပီးေနာက္အန္စေလာ့တီက “ကၽြန္ေတာ့္အသည္းေတြကြဲေနျပီ ၊ အသည္းကြဲေနျပီ။ သီယာဂိုဟာ ကၽြန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ပါ။ သူဟာ အရမ္းလည္း ထူးျခားတဲ့ ကြင္းလယ္ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ကၽြန္ေတာ့္နည္းျပဘ၀မွာ ထိပ္တန္းကစားသမားေတြကို နည္းျပခဲ့တဲ့ ကံေကာင္းတာေတြရိွျပီး သီယာဂိုလည္း အဲ့ဒီကစားသမားေတြထဲက တစ္ေယာက္ပါ။

လီဗာပူးလ္ကို ေျပာင္းေရႊ႕ဖို႔ ေရြးလိုက္တာနဲ႔ ပတ္သက္ျပီး ေကာင္းတာတစ္ခုတည္းက သူက အိမ္နီးခ်င္းျဖစ္သြားတာပါပဲ။ သူအသင္းမွားျပီး ေရြးခ်ယ္လိုက္ျပီလို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူဟာ အျပာအသင္းကို ေရြးရမွာပါ။ အနီအသင္းမဟုတ္ပါဘူး။ ကၽြန္ေတာ္ေနာက္တာပါ။ သူဟာ အရမ္းကို ေကာင္းတဲ့ ကစားသမားတစ္ေယာက္ျဖစ္ျပီး ကၽြန္ေတာ့္သူငယ္ခ်င္းလည္းျဖစ္ပါတယ္။ ယာဂင္ကေလာ့ပ္ကေတာ့ ေပ်ာ္ေနမွာပါ” လို႕ ေျပာသြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ လက္ရွိပရီးမီးယားလိဂ္ ခ်န္ပီယံဆိုတဲ့ ရာထူးကို ဆက္ျပီးထိန္းသိမ္းထားရန္အတြက္ သီယာဂို နဲ႔ ၀ုလ္ဗ္က ဒီယိုဂိုဂ်ိဳတာကို ေပါင္ ၆၅ သန္းအသံုးျပဳျပီး ေခၚယူခဲ့တာျဖစ္ပါတယ္။ေသာၾကာေန႔က သီယာဂိုဟာ လီဗာပူးလ္အသင္းရဲ႕ ကစားသမားအျဖစ္ တရား၀င္ေၾကညာခဲ့ပါတယ္။ ယာဂင္ကေလာ့ပ္ဟာ ကမာၻ႕အေကာင္းဆံုးကြင္းလယ္လူတစ္ေယာက္ကို ေခၚယူႏိုင္ခဲ့ျပီး တနဂၤေႏြေန႔ ခ်ဲလ္ဆီးအသင္းနဲ႔ ကစားမယ့္ ပြဲမွာ သီယာဂိုကို ပြဲထြက္ကစားေစဖြယ္ရွိေနပါတယ္။