ဝမ်ဘစ်ဆာကာ က အာနိုးလ်နဲ့ ဝေါ်လ်ကာ တို့ကို ကျော်ဖြတ်ပြီး ညာနောက်ခံလူနေရာမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပြ နိုင်မယ်လို့ ဂယ်ရီနဗီးလ် ပြောဆို

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဖြစ်တဲ့ ဂယ်ရီနဗီးလ်က အသင်းရဲ့ ညာနောက်ခံလူဖြစ်တဲ့ ဝမ်ဘစ်ဆာကာအနေ နဲ့ လီဗာပူးက အာနိုးလ်နဲ့ မန်စီးတီးက ဝေါ်လ်ကာတို့ကို ကျော်ပြီး အင်္ဂလန်ရဲ့ အကောင်းဆုံးညာနောက်ခံလူဖြစ်တယ် ဆို တာကို သက်သေပြနိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးညာနောက်ခံ လူ အဖြစ် လီဗာပူးနောက်ခံလူ အာနိုးလ်က ရပ်တည်နေတာပဲ ဖြစ်ပါတယ်။


ဂယ်ရီနဗီးလ်က “ လွန်ခဲ့တဲ့ ၅ နှစ်၊ ၁၀ နှစ်အတွင်းမှာ ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ အိုင်ဗန်နိုဗစ်နဲ့ အက်ပီလီ ကွီတာတို့ရဲ့ ကစားပုံကို သေချာကြည့်ခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကစားပုံချင်းမတူဘူးဆိုပေမယ့် သူတို့နှစ် ယောက်စလုံးဟာ အသင်းကို နိုင်ပွဲရဖို့အတွက် အကောင်းဆုံးအထောက်အကူပြုနိုင်တဲ့သူတွေပါ။ ဝမ်ဘစ်ဆာကာအနေနဲ့ လည်း သူတို့လိုမျိုး လုပ်ဆောင်နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။


ပြောင်းလဲလာတဲ့ ဘောလုံးစနစ်ကြောင့် နောက်ခံလူတွေဟာ တိုက်စစ်ကိုပိုလိုက်ပါကစားခွင့်ရလာပြီး ကိုယ်တိုင်ဂိုးသွင်းယူ မှုနဲ့ ဂိုးဖန်တီးမှုတွေကို ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာဆိုရင် လီဗာပူးနောက်ခံလူဖြစ်တဲ့ အာနိုးလ်ဟာ ဂိုးဖန်တီး မှု ၁၅ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အာနိုးလ်ထက် ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့သူက မန်စီးတီးကွင်းလယ်လူ ဒီ ဘရူနီ တစ်ယောက်တည်း ရှိခဲ့တာဖြစ်ပါတယ်။


ဂယ်ရီနဗီးလ်က ယူနိုက်တက်အနေနဲ့ လီဗာပူးအသင်းမှာ ခြေစွမ်းပြနေတဲ့ ခံစစ်အစွန်လူတွေဖြစ်တဲ့ အာနိုးလ်နဲ့ ရော်ဘတ် ဆန် တို့လို ကစားသမားတွေကို ခေါ်ယူဖို့ လုပ်ဆောင်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ အပြောင်းအ ရွှေ့ဈေးကွက်မှာ ဘယ်နောက်ခံလူတစ်ဦးကို ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် ဘယ်ကစားသမား ဆိုတာကိုတော့ သတင်းတွေက ဖော်ပြခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

zawgyi version

ဝမ္ဘစ္ဆာကာ က အာႏိုးလ္နဲ႔ ေဝၚလ္ကာ တို႔ကို ေက်ာ္ျဖတ္ၿပီး ညာေနာက္ခံလူေနရာမွာ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ျပ ႏိုင္မယ္လို႔ ဂယ္ရီနဗီးလ္ ေျပာဆို
ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ျဖစ္တဲ့ ဂယ္ရီနဗီးလ္က အသင္းရဲ႕ ညာေနာက္ခံလူျဖစ္တဲ့ ဝမ္ဘစ္ဆာကာအေန နဲ႔ လီဗာပူးက အာႏိုးလ္နဲ႔ မန္စီးတီးက ေဝၚလ္ကာတို႔ကို ေက်ာ္ၿပီး အဂၤလန္ရဲ႕ အေကာင္းဆံုးညာေနာက္ခံလူျဖစ္တယ္ ဆို တာကို သက္ေသျပႏိုင္လိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးညာေနာက္ခံ လူ အျဖစ္ လီဗာပူးေနာက္ခံလူ အာႏိုးလ္က ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။
ဂယ္ရီနဗီးလ္က “ လြန္ခဲ့တဲ့ ၅ ႏွစ္၊ ၁၀ ႏွစ္အတြင္းမွာ ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ခံလူေတြျဖစ္တဲ့ အိုင္ဗန္ႏိုဗစ္နဲ႔ အက္ပီလီ ကြီတာတို႔ရဲ႕ ကစားပံုကို ေသခ်ာၾကည့္ခဲ့ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ကစားပံုခ်င္းမတူဘူးဆိုေပမယ့္ သူတို႔ႏွစ္ ေယာက္စလံုးဟာ အသင္းကို ႏိုင္ပြဲရဖို႔အတြက္ အေကာင္းဆံုးအေထာက္အကူျပဳႏုိင္တဲ့သူေတြပါ။ ဝမ္ဘစ္ဆာကာအေနနဲ႔ လည္း သူတို႔လိုမ်ိဳး လုပ္ေဆာင္ႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။
ေျပာင္းလဲလာတဲ့ ေဘာလံုးစနစ္ေၾကာင့္ ေနာက္ခံလူေတြဟာ တိုက္စစ္ကိုပိုလိုက္ပါကစားခြင့္ရလာၿပီး ကိုယ္တိုင္ဂိုးသြင္းယူ မႈနဲ႔ ဂိုးဖန္တီးမႈေတြကို ျပဳလုပ္လာႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရာသီမွာဆိုရင္ လီဗာပူးေနာက္ခံလူျဖစ္တဲ့ အာႏိုးလ္ဟာ ဂိုးဖန္တီး မႈ ၁၅ ၾကိမ္အထိျပဳလုပ္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ အာႏိုးလ္ထက္ ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္တဲ့သူက မန္စီးတီးကြင္းလယ္လူ ဒီ ဘရူနီ တစ္ေယာက္တည္း ရွိခဲ့တာျဖစ္ပါတယ္။
ဂယ္ရီနဗီးလ္က ယူႏိုက္တက္အေနနဲ႔ လီဗာပူးအသင္းမွာ ေျခစြမ္းျပေနတဲ့ ခံစစ္အစြန္လူေတြျဖစ္တဲ့ အာႏိုးလ္နဲ႔ ေရာ္ဘတ္ ဆန္ တို႔လို ကစားသမားေတြကို ေခၚယူဖို႔ လုပ္ေဆာင္သင့္တယ္လို႔ အၾကံျပဳခဲ့ပါတယ္။ ယူႏိုက္တက္အေနနဲ႔ အေျပာင္းအ ေရႊ႕ေစ်းကြက္မွာ ဘယ္ေနာက္ခံလူတစ္ဦးကို ရွာေဖြေနတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနေပမယ့္ ဘယ္ကစားသမား ဆိုတာကိုေတာ့ သတင္းေတြက ေဖာ္ျပခဲ့ျခင္းမရွိတာျဖစ္ပါတယ္။