လိုင်ယွန်တိုက်စစ်မှူး ဘာထရန်ထရာအိုရေးကို ပေါင် ၁၉ သန်းနဲ့ ခေါ်ယူလိုက်တဲ့ အက်စတွန်ဗီလာအသင်း

အက်စတွန်ဗီလာအသင်းဟာ လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး ဘာထရန်ထရာအိုရေးကို ပေါင် ၁၉ သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဗီလာပတ်ခ်အသင်းနဲ့ (၃) နှစ်စာချုပ်ချုပ်ခဲ့တာ ဖြစ်ပြီး သူဟာ အက်စတွန်ဗီလာအသင်း ဒီနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ (၄) ယောက်မြောက် ကစားသမား ဖြစ်ပြီး ပြောင်းရွှေ့ကြေး စုစုပေါင်း (၈၄) သန်း သုံးစွဲထားပါတယ်။

ဒင်းစမစ်က “ဘာထရန်အနေနဲ့ ဗီလာကို လာဖို့ ရွေးချယ်ခဲ့လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ သူဟာ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပြီး ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်အင်အားကို တိုးတက်စေမှာပါ”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ၂၀၁၉ ခုနှစ်ကတည်းက ပရီးမီးယားလိဂ် တန်းတက်လာပြီးနောက် ပြောင်းရွှေ့ကြေး သုံးစွဲတာကို ရပ်တန့်ထားခြင်းမရှိသေးပါဘူး။

သူတို့အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကလည်း ကစားသမားအသစ် ပေါင် ၁၄၃ သန်းလောက်ခေါ်ယူခဲ့ပေမယ့် ရာသီကုန်တဲ့ နောက်ဆုံးပွဲစဉ်အထိ ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်ရေးအတွက် ရုန်းကန်ခဲ့ပါတယ်။ ဒီနွေရာသီမှာလည်း အသင်းဟာ ဘရန့်ဖိုဒ့်အသင်းက ဝက်ကင်စ်ကို ပေါင် ၃၃ သန်းနဲ့ ခေါ်ယူခဲ့ပြီး နောတင်ဟမ်ဖောရက်စ်အသင်းက မတ်တီကရှ် ကို ပေါင် ၁၄ သန်း၊ အာဆင်နယ်အသင်းက ဂိုးသမား မာတီနက်ဇ်ကို ပေါင်သန်း ၂၀ ပေးပြီး ခေါ်ယူထားတာဖြစ်ပါတယ်။

ဒါ့ကြောင့် အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် (၂) ရာသီအတွင်း စုစုပေါင်း ပေါင် ၂၂၇ သန်းလောက်သုံးစွဲထားပါတယ်။ သူ့ထက်ပိုသုံးထားတဲ့ အသင်းတွေက မန်စီးတီး နဲ့ ချဲလ်ဆီးအသင်းပဲ ရှိပြီး ယူနိုက်တက်အသင်းကတောင် အက်စတွန်ဗီလာအသင်းနဲ့ ပျမ်းမျှအားဖြင့် အသုံးစရိတ်တူနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အက်စတွန်ဗီလာအသင်းဟာ အသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်ကို တစ်ပတ်ပေါင် ၁သိန်း ၃ သောင်းခွဲနဲ့ (၅) နှစ် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

ထရာအိုရေးဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းရဲ့ ညာတောင်ပံမှာ (၃၅) ပွဲကစားထားပြီး (၄) ဂိုးသွင်း (၅) ဂိုးဖန်တီးပေးထားသူလည်းဖြစ်ပါတယ်။သူဟာ ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ၂၀၁၅-၁၆ မှာ ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး (၁၆) ပွဲကစားခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ ထရာအိုရေးကို လိုင်ယွန်အသင်းထံ ပေါင် ၈.၈ သန်းနဲ့ ၂၀၁၇ နွေရာသီက ရောင်းချခဲ့ပြီး တိုက်စစ်ကစားသမားဟာ ပြင်သစ်လီဂူး ၁ ကလပ်အသင်းအတွက် (၁၂၅) ပွဲကစားထားပြီး (၃၃) ဂိုးသွင်းပေးထားသူလည်းဖြစ်ပါတယ်။

လိုင္ယြန္တိုက္စစ္မွဴး ဘာထရန္ထရာအိုေရးကို ေပါင္ ၁၉ သန္းနဲ႔ ေခၚယူလိုက္တဲ့ အက္စတြန္ဗီလာအသင္း

အက္စတြန္ဗီလာအသင္းဟာ လိုင္ယြန္အသင္းရဲ႕ တိုက္စစ္မွဴး ဘာထရန္ထရာအိုေရးကို ေပါင္ ၁၉ သန္းနဲ႔ ေခၚယူလိုက္ျပီ ျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ ဗီလာပတ္ခ္အသင္းနဲ႔ (၃) ႏွစ္စာခ်ဳပ္ခ်ဳပ္ခဲ့တာ ျဖစ္ျပီး သူဟာ အက္စတြန္ဗီလာအသင္း ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူခဲ့တဲ့ (၄) ေယာက္ေျမာက္ ကစားသမား ျဖစ္ျပီး ေျပာင္းေရႊ႕ေၾကး စုစုေပါင္း (၈၄) သန္း သံုးစြဲထားပါတယ္။

ဒင္းစမစ္က “ဘာထရန္အေနနဲ႔ ဗီလာကို လာဖို႔ ေရြးခ်ယ္ခဲ့လို႔ ကၽြန္ေတာ္တို႔ ၀မ္းသာပါတယ္။ သူဟာ အရည္အေသြးရွိတဲ့ ကစားသမားျဖစ္ျပီး ကၽြန္ေတာ္တို႔ အသင္းရဲ႕ တိုက္စစ္အင္အားကို တိုးတက္ေစမွာပါ”လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ အက္စတြန္ဗီလာအသင္းဟာ ၂၀၁၉ ခုႏွစ္ကတည္းက ပရီးမီးယားလိဂ္ တန္းတက္လာျပီးေနာက္ ေျပာင္းေရႊ႕ေၾကး သံုးစြဲတာကို ရပ္တန္႔ထားျခင္းမရွိေသးပါဘူး။

သူတို႔အသင္းဟာ ျပီးခဲ့တဲ့ ေႏြရာသီကလည္း ကစားသမားအသစ္ ေပါင္ ၁၄၃ သန္းေလာက္ေခၚယူခဲ့ေပမယ့္ ရာသီကုန္တဲ့ ေနာက္ဆံုးပြဲစဥ္အထိ ပရီးမီးယားလိဂ္မွာ ဆက္လက္ရပ္တည္ေရးအတြက္ ရုန္းကန္ခဲ့ပါတယ္။ ဒီေႏြရာသီမွာလည္း အသင္းဟာ ဘရန္႔ဖိုဒ့္အသင္းက ၀က္ကင္စ္ကို ေပါင္ ၃၃ သန္းနဲ႔ ေခၚယူခဲ့ျပီး ေနာတင္ဟမ္ေဖာရက္စ္အသင္းက မတ္တီကရွ္ ကို ေပါင္ ၁၄ သန္း၊ အာဆင္နယ္အသင္းက ဂိုးသမား မာတီနက္ဇ္ကို ေပါင္သန္း ၂၀ ေပးျပီး ေခၚယူထားတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ အက္စတြန္ဗီလာအသင္းဟာ ပရီးမီးယားလိဂ္ (၂) ရာသီအတြင္း စုစုေပါင္း ေပါင္ ၂၂၇ သန္းေလာက္သံုးစြဲထားပါတယ္။ သူ႔ထက္ပိုသံုးထားတဲ့ အသင္းေတြက မန္စီးတီး နဲ႔ ခ်ဲလ္ဆီးအသင္းပဲ ရွိျပီး ယူႏိုက္တက္အသင္းကေတာင္ အက္စတြန္ဗီလာအသင္းနဲ႔ ပ်မ္းမွ်အားျဖင့္ အသံုးစရိတ္တူေနပါတယ္။ ျပီးခဲ့တဲ့အပတ္ကလည္း အက္စတြန္ဗီလာအသင္းဟာ အသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္ကို တစ္ပတ္ေပါင္ ၁သိန္း ၃ ေသာင္းခြဲနဲ႔ (၅) ႏွစ္ စာခ်ဳပ္သက္တမ္းတိုးခဲ့ပါတယ္။

ထရာအိုေရးဟာ ျပီးခဲ့တဲ့ရာသီက လိုင္ယြန္အသင္းရဲ႕ ညာေတာင္ပံမွာ (၃၅) ပြဲကစားထားျပီး (၄) ဂိုးသြင္း (၅) ဂိုးဖန္တီးေပးထားသူလည္းျဖစ္ပါတယ္။သူဟာ ခ်ဲလ္ဆီးအကယ္ဒမီထြက္ကစားသမားျဖစ္ျပီး ခ်ဲလ္ဆီးအသင္းမွာ ၂၀၁၅-၁၆ မွာ ပထမဆံုးပြဲထြက္ကစားခြင့္ရရွိခဲ့ျပီး (၁၆) ပြဲကစားခဲ့ပါတယ္။ခ်ဲလ္ဆီးအသင္းဟာ ထရာအိုေရးကို လိုင္ယြန္အသင္းထံ ေပါင္ ၈.၈ သန္းနဲ႔ ၂၀၁၇ ေႏြရာသီက ေရာင္းခ်ခဲ့ျပီး တိုက္စစ္ကစားသမားဟာ ျပင္သစ္လီဂူး ၁ ကလပ္အသင္းအတြက္ (၁၂၅) ပြဲကစားထားျပီး (၃၃) ဂိုးသြင္းေပးထားသူလည္းျဖစ္ပါတယ္။