အာနိုးလ်ပြုလုပ်လိုက်တဲ့ ထူးထူးခြားခြား Assist

ဘောလုံးသမားပရိသတ်တွေအတွက် Assist (အခြားသူတစ်ယောက်အတွက် ဖန်တီးမှု) ဆိုတာ ရင်းနှီးပြီးသား စကားလုံး တစ်ခုပါ။ အခြားသူတစ်ယောက် ဂိုးသွင်းယူနိုင်ဖို့ ဖန်တီးပေးသူကို assist ပြုလုပ်တယ် ဆိုပြီး ပြောလေ့ရှိပေမယ့် လူမှုပတ် ဝန်းကျင်မှာတော့ ဒီစကားလုံးကို ပြောလေ့ပြောထမရှိပါဘူး။ တကယ်တော့ assist ဆိုတာ အခြားသူတစ်ယောက်အတွက် အကူအညီဖြစ်တယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ လီဗာပူးနောက်ခံလူ အာနိုးလ်ဟာ ဂိုးဖန်တီးမှု assist တွေ အများကြီးပြုလုပ်နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ အာနိုးလ်ပြုလုပ်နိုင်တဲ့ assist ကတော့ ထူးခြားတယ်လို့ ဆိုရမှာဖြစ်ပြီး အသင်းဖော်ဖြစ် တဲ့ ရော်ဘတ်ဆန်ရဲ့ ကိုယ်ရေးအတ္ထုပတ္ထိစာအုပ်တွေကို သူရဲ့ကားနောက်ခန်းမှာ အပြည့်တင်ပြီး လိုက်လံရောင်းချပေး ခဲ့တာပဲ ဖြစ်ပါတယ်။


လီဗာပူးနောက်ခံလူတစ်ဦးဖြစ်တဲ့ ရော်ဘတ်ဆန်ဟာ “ Our Year , My Story” ဆိုတဲ့ စာအုပ်ကိုရေးသားထုတ်ဝေခဲ့ တာဖြစ်ပြီး အာနိုးလ်က လိုက်လံရောင်းချပေးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ စာအုပ်ရောင်းချနေမှုကို အမှတ် တရဓါတ်ပုံ ရိုက်ပြီး တွစ်တာအကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ အာနိုးလ်က ၁၅ ကြိမ် နဲ့ ရော်ဘတ်ဆန်က ၁၂ ကြိမ်အထိ assist (ဂိုးဖန်တီးမှု) ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


နှစ် ၃၀ ကြာဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့တဲ့ လီဗာပူးအသင်းမှာ အာနိုးလ်နဲ့ ရော်ဘတ်ဆန် တို့က အဓိက,ကစားသမားတွေဖြစ်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီ ယံဆုကို ကာကွယ်နိုင်ဖို့အတွက် ကြိုးစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးနောက်မှာ ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ အသင်းက မန်စီးတီး၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ သုံးသင်းပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

zawgyi version

အာႏိုးလ္ျပဳလုပ္လိုက္တဲ့ ထူးထူးျခားျခား Assist
ေဘာလံုးသမားပရိသတ္ေတြအတြက္ Assist (အျခားသူတစ္ေယာက္အတြက္ ဖန္တီးမႈ) ဆိုတာ ရင္းႏွီးၿပီးသား စကားလံုး တစ္ခုပါ။ အျခားသူတစ္ေယာက္ ဂိုးသြင္းယူႏိုင္ဖို႔ ဖန္တီးေပးသူကို assist ျပဳလုပ္တယ္ ဆိုၿပီး ေျပာေလ့ရွိေပမယ့္ လူမႈပတ္ ဝန္းက်င္မွာေတာ့ ဒီစကားလံုးကို ေျပာေလ့ေျပာထမရွိပါဘူး။ တကယ္ေတာ့ assist ဆိုတာ အျခားသူတစ္ေယာက္အတြက္ အကူအညီျဖစ္တယ္လို႔ ဆိုလိုတာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ေဘာလံုးရာသီမွာ လီဗာပူးေနာက္ခံလူ အာႏိုးလ္ဟာ ဂိုးဖန္တီးမႈ assist ေတြ အမ်ားၾကီးျပဳလုပ္ႏိုင္ခဲ့ ပါတယ္။ ဒါေပမယ့္ ဒီတစ္ၾကိမ္မွာ အာႏိုးလ္ျပဳလုပ္ႏိုင္တဲ့ assist ကေတာ့ ထူးျခားတယ္လို႔ ဆိုရမွာျဖစ္ၿပီး အသင္းေဖာ္ျဖစ္ တဲ့ ေရာ္ဘတ္ဆန္ရဲ႕ ကိုယ္ေရးအတၳဳပတၳိစာအုပ္ေတြကို သူရဲ႕ကားေနာက္ခန္းမွာ အျပည့္တင္ၿပီး လိုက္လံေရာင္းခ်ေပး ခဲ့တာပဲ ျဖစ္ပါတယ္။
လီဗာပူးေနာက္ခံလူတစ္ဦးျဖစ္တဲ့ ေရာ္ဘတ္ဆန္ဟာ “ Our Year , My Story” ဆိုတဲ့ စာအုပ္ကိုေရးသားထုတ္ေဝခဲ့ တာျဖစ္ၿပီး အာႏိုးလ္က လိုက္လံေရာင္းခ်ေပးခဲ့တာျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ စာအုပ္ေရာင္းခ်ေနမႈကို အမွတ္ တရဓါတ္ပံု ရိုက္ၿပီး တြစ္တာအေကာင့္မွာ တင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီက လီဗာပူးအတြက္ ၿပိဳင္ပြဲစံုမွာ အာႏိုးလ္က ၁၅ ၾကိမ္ နဲ႔ ေရာ္ဘတ္ဆန္က ၁၂ ၾကိမ္အထိ assist (ဂိုးဖန္တီးမႈ) ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ႏွစ္ ၃၀ ၾကာေဝးကြာေနတဲ့ အမွတ္ေပးခ်န္ပီယံဆုကို ျပန္လည္ရယူႏုိင္ခဲ့တဲ့ လီဗာပူးအသင္းမွာ အာႏိုးလ္နဲ႔ ေရာ္ဘတ္ဆန္ တို႔က အဓိက,ကစားသမားေတြျဖစ္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာေတာ့ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီ ယံဆုကို ကာကြယ္ႏိုင္ဖို႔အတြက္ ၾကိဳးစားရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္လို႔ အမည္ေျပာင္းၿပီးေနာက္မွာ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္တဲ့ အသင္းက မန္စီးတီး၊ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ သံုးသင္းပဲ ရွိခဲ့တယ္လို႔ သိရပါတယ္။