အင်္ဂလန်မြေက အဲလ်ကန်တာရာကို ပျော်ရွှင်စေမယ်လို့ ပြောခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့တဲ့ တပည်ဟောင်း အဲလ်ကန်တာရာအနေနဲ့ အင်္ဂလန်မြေက ပျော်ရွှင် စေမှာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်း တွေမှာ လက်တွဲခဲ့ဖူးတဲ့ အဲလ်ကန်တာရာကို အသင်းထံ ခေါ်ယူဖို့အတွက် လုပ်ဆောင်ခဲ့ပေမယ့် လီဗာပူးနဲ့ အပြိုင် မခေါ် ချင်တာကြောင့် လက်လွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။


အဲလ်ကန်တာရာဟာ ဘာစီလိုနာကို ဂွါဒီယိုလာကိုင်တွယ်တုန်းက ပါဝင်ကစားခွင့်ရခဲ့သလို ဘိုင်ယန်မြူးနစ်ကို ဂွါဒီယိုလာ ကိုင်တွယ်တော့လည်း ပထမဆုံးရာသီမှာပဲ ခေါ်ယူခံခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ အဲလ်ကန်တာရာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားမှုတွေ ရှိခဲ့တယ်ဆိုပေမယ့် တရားဝင်ကမ်းလှမ်းခဲ့တာမျိုးတွေ မရှိခဲ့ဘဲ ကစားသမားကိုယ်တိုင် က လီဗာပူးကို ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တနင်္လာနေ့မှာ ကစားမယ့် ဝုလ်ဗာဟမ်တန်နဲ့ ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက “ အသင်း ရဲ့ကွင်းလယ်မှာ ကစားသမားကောင်းတွေရှိတာကြောင့် အဲလ်ကန်တာရာကို စိတ်ဝင်စားခဲ့တယ်ဆိုပေမယ့် မခေါ်ယူခဲ့တာ ပါ။ ကွင်းလယ်ကစားသမားတွေကို အဲလ်ကန်တာရာကြောင့် ဖိအားမပိုစေချင်ပါဘူး။ သူအနေနဲ့ အင်္ဂလန်မြေမှာ မန်စီးတီး နဲ့ မဟုတ်ပေမယ့် လီဗာပူးနဲ့လည်း ပျော်ရွှင်စရာကောင်းတာတွေကို ရယူနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။


မန်စီးတီးဟာ အသင်းကထွက်သွားတဲ့ အသင်းခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားရဲ့နေရာအတွက် အဲလ်ကန်တာရာကို စိတ် ဝင်စားခဲ့တာဖြစ်တယ်ဆိုပြီး သတင်းတွေက ဖော်ပြခဲ့ပေမယ့် ဖိုဒန်၊ဘာနာဒိုဆေးလ်ဗား၊ ဂန်ဒိုဂန်တို့အပြင် ဒီဘရူနီလို ကစား သမားမျိုး ရှိနေတာကြောင့် အဲလ်ကန်တာရာကို ခေါ်ယူဖို့ မလိုအပ်ဘူးလို့လည်း မန်စီးတီးအသင်းတာဝန်ရှိသူတွေဘက်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

အဂၤလန္ေျမက အဲလ္ကန္တာရာကို ေပ်ာ္ရႊင္ေစမယ္လို႔ ေျပာခဲ့တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

ဘိုင္ယန္ျမဴးနစ္ကေန လီဗာပူးကို ေျပာင္းေရႊ႕လာခဲ့တဲ့ တပည္ေဟာင္း အဲလ္ကန္တာရာအေနနဲ႔ အဂၤလန္ေျမက ေပ်ာ္ရႊင္ ေစမွာျဖစ္ေၾကာင္း ဂြါဒီယိုလာက ေျပာခဲ့ပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္အသင္း ေတြမွာ လက္တြဲခဲ့ဖူးတဲ့ အဲလ္ကန္တာရာကို အသင္းထံ ေခၚယူဖို႔အတြက္ လုပ္ေဆာင္ခဲ့ေပမယ့္ လီဗာပူးနဲ႔ အၿပိဳင္ မေခၚ ခ်င္တာေၾကာင့္ လက္လႊတ္ခဲ့တာပဲ ျဖစ္ပါတယ္။
အဲလ္ကန္တာရာဟာ ဘာစီလိုနာကို ဂြါဒီယုိလာကိုင္တြယ္တုန္းက ပါဝင္ကစားခြင့္ရခဲ့သလို ဘိုင္ယန္ျမဴးနစ္ကို ဂြါဒီယိုလာ ကိုင္တြယ္ေတာ့လည္း ပထမဆံုးရာသီမွာပဲ ေခၚယူခံခဲ့ရတဲ့ ကစားသမားျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔ အဲလ္ကန္တာရာကို ေခၚယူဖို႔ အတြက္ စိတ္ဝင္စားမႈေတြ ရွိခဲ့တယ္ဆိုေပမယ့္ တရားဝင္ကမ္းလွမ္းခဲ့တာမ်ိဳးေတြ မရွိခဲ့ဘဲ ကစားသမားကိုယ္တိုင္ က လီဗာပူးကို ေျပာင္းေရႊ႕ဖို႔အတြက္ ဆႏၵရွိေနခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
တနလၤာေန႔မွာ ကစားမယ့္ ဝုလ္ဗာဟမ္တန္နဲ႔ ပြဲမတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဂြါဒီယိုလာက “ အသင္း ရဲ႕ကြင္းလယ္မွာ ကစားသမားေကာင္းေတြရွိတာေၾကာင့္ အဲလ္ကန္တာရာကို စိတ္ဝင္စားခဲ့တယ္ဆိုေပမယ့္ မေခၚယူခဲ့တာ ပါ။ ကြင္းလယ္ကစားသမားေတြကို အဲလ္ကန္တာရာေၾကာင့္ ဖိအားမပိုေစခ်င္ပါဘူး။ သူအေနနဲ႔ အဂၤလန္ေျမမွာ မန္စီးတီး နဲ႔ မဟုတ္ေပမယ့္ လီဗာပူးနဲ႔လည္း ေပ်ာ္ရႊင္စရာေကာင္းတာေတြကို ရယူႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။
မန္စီးတီးဟာ အသင္းကထြက္သြားတဲ့ အသင္းေခါင္းေဆာင္ ေဒးဗစ္ေဆးလ္ဗားရဲ႕ေနရာအတြက္ အဲလ္ကန္တာရာကို စိတ္ ဝင္စားခဲ့တာျဖစ္တယ္ဆိုၿပီး သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္ ဖိုဒန္၊ဘာနာဒိုေဆးလ္ဗား၊ ဂန္ဒိုဂန္တို႔အျပင္ ဒီဘရူနီလို ကစား သမားမ်ိဳး ရွိေနတာေၾကာင့္ အဲလ္ကန္တာရာကို ေခၚယူဖို႔ မလိုအပ္ဘူးလို႔လည္း မန္စီးတီးအသင္းတာဝန္ရွိသူေတြဘက္က ေျပာခဲ့တာပဲ ျဖစ္ပါတယ္။