အပြောင်းအရွှေ့မှာ ယူနိုက်တက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရှင်းပြခဲ့တဲ့ နည်းပြ ဆိုးလ်ရှား

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိတ်ခ် တစ်ယောက်တည်းကိုပဲ ခေါ်ယူထားနိုင်သေး တာကြောင့် အသင်းကို အားပေးတဲ့ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ဈေးကွက် အတွင်း ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို နည်းပြ ဆိုးလ်ရှားက ရှင်းပြမှု ပြုလုပ်ခဲ့ပါတယ်။ ဆိုးလ်ရှားက အသင်းရဲ့ လက်ရှိအခြေအနေအရ ခေါ်ယူလိုတဲ့ကစားသမားသစ်တွေကို ဆွဲဆောင်နိုင်မှု အားနည်းနေတာကြောင့် မခေါ်ယူနိုင်တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


အပြောင်းအရွှေ့ဈေးကွက် ပိတ်ဖို့အတွက် သီတင်းပတ် ၃ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ ယူနိုက်တက်အနေနဲ့ နွေရာ သီအပြောင်းအရွှေ့ကာလရဲ့ အဓိကဦးစားပေးခေါ်ယူမယ့် ကစားသမား ဖြစ်တဲ့ ဆန်ချိုကို မခေါ်ယူနိုင်သေးသလို အခြား ကစားသမားတွေကိုလည်း ခေါ်ယူဖို့ အဆင်မပြေသေးတာဘဲ ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ အပြောင်းအရွှေ့ မပိတ်ခင်မှာ အသင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်အသင်းရဲ့အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ဒ်ကတော့ အသင်းအနေနဲ့ အပြောင်းအရွှေ့မှာ ငွေကြေးများစွာ အသုံး မပြုနိုင်တာဟာ တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းတွေကို ရင်ဆိုင်နေရ လို့ ဖြစ်တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်နဲ့ အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တဲ့ လီဗာပူး၊ မန်စီးတီး နဲ့ ချဲလ်ဆီးတို့ကတော့ အပြောင်းအရွှေ့မှာ ငွေကြေးများစွာ သုံးစွဲထားတယ်ဆိုပြီး သတင်းတွေက ဖော်ပြထားပါတယ်။


ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက “ အသင်းရဲ့တာဝန်ရှိတဲ့သူတွေနဲ့ လုပ်ဆောင်ချင်တဲ့အကြောင်းအရာတွေကို ဆွေးနွေးပြီးသွားပါပြီ။ ဘဝက အမြဲတမ်း မျဉ်းဖြောင်းအတိုင်း ရှိနေမှာမဟုတ်ပါဘူး။ အခုအသင်းမှာ ရှိတဲ့ကစားသမားတွေ အလုပ်အတူတွဲလုပ်ရတာ ပျော်ပါတယ်။ ရာသီသစ်အတွက် အားလုံးအတူတူ လက်တွဲပြီး အကောင်းဆုံးလုပ်ဆောင်နိုင်မှာ ပါ။ အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ အချိန်လိုပါသေးတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အေျပာင္းအေရႊ႕မွာ ယူႏိုက္တက္ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို ရွင္းျပခဲ့တဲ့ နည္းျပ ဆိုးလ္ရွား

ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိတ္ခ္ တစ္ေယာက္တည္းကိုပဲ ေခၚယူထားႏိုင္ေသး တာေၾကာင့္ အသင္းကို အားေပးတဲ့ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို ခံေနရတဲ့ယူႏိုက္တက္ရဲ႕ အေျပာင္းအေရႊ႕ေစ်းကြက္ အတြင္း ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကို နည္းျပ ဆိုးလ္ရွားက ရွင္းျပမႈ ျပဳလုပ္ခဲ့ပါတယ္။ ဆိုးလ္ရွားက အသင္းရဲ႕ လက္ရွိအေျခအေနအရ ေခၚယူလိုတဲ့ကစားသမားသစ္ေတြကို ဆြဲေဆာင္ႏိုင္မႈ အားနည္းေနတာေၾကာင့္ မေခၚယူႏိုင္တာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
အေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္ဖို႔အတြက္ သီတင္းပတ္ ၃ပတ္ေလာက္ပဲ လိုေတာ့တဲ့အခ်ိန္မွာ ယူႏိုက္တက္အေနနဲ႔ ေႏြရာ သီအေျပာင္းအေရႊ႕ကာလရဲ႕ အဓိကဦးစားေပးေခၚယူမယ့္ ကစားသမား ျဖစ္တဲ့ ဆန္ခ်ိဳကို မေခၚယူႏိုင္ေသးသလို အျခား ကစားသမားေတြကိုလည္း ေခၚယူဖို႔ အဆင္မေျပေသးတာဘဲ ျဖစ္ပါတယ္။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ အေျပာင္းအေရႊ႕ မပိတ္ခင္မွာ အသင္းအေနနဲ႔ ကစားသမားသစ္ေတြ ေခၚယူႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။
ယူႏိုက္တက္အသင္းရဲ႕အမႈေဆာင္ခ်ဳပ္ အက္ဝုဒ္ဝက္ဒ္ကေတာ့ အသင္းအေနနဲ႔ အေျပာင္းအေရႊ႕မွာ ေငြေၾကးမ်ားစြာ အသံုး မျပဳႏိုင္တာဟာ တစ္ကမၻာ့လံုးမွာ ျဖစ္ပြားေနတဲ့ ဗိုင္းရပ္စ္ေရာဂါပိုးေၾကာင့္ ဘ႑ာေရးအက်ပ္အတည္းေတြကို ရင္ဆိုင္ေနရ လို႔ ျဖစ္တယ္ဆိုၿပီး ေျပာသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္နဲ႔ အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့တဲ့ လီဗာပူး၊ မန္စီးတီး နဲ႔ ခ်ဲလ္ဆီးတို႔ကေတာ့ အေျပာင္းအေရႊ႕မွာ ေငြေၾကးမ်ားစြာ သံုးစြဲထားတယ္ဆိုၿပီး သတင္းေတြက ေဖာ္ျပထားပါတယ္။
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက “ အသင္းရဲ႕တာဝန္ရွိတဲ့သူေတြနဲ႔ လုပ္ေဆာင္ခ်င္တဲ့အေၾကာင္းအရာေတြကို ေဆြးေႏြးၿပီးသြားပါၿပီ။ ဘဝက အျမဲတမ္း မ်ဥ္းေျဖာင္းအတိုင္း ရွိေနမွာမဟုတ္ပါဘူး။ အခုအသင္းမွာ ရွိတဲ့ကစားသမားေတြ အလုပ္အတူတြဲလုပ္ရတာ ေပ်ာ္ပါတယ္။ ရာသီသစ္အတြက္ အားလံုးအတူတူ လက္တြဲၿပီး အေကာင္းဆံုးလုပ္ေဆာင္ႏိုင္မွာ ပါ။ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ဖို႔ အခ်ိန္လိုပါေသးတယ္” လို႔ ေျပာခဲ့ပါတယ္။