အဲလ်ကန်တာရာ အပြီး ဝုဗ်က ဒီယေဂို ဂျိုတာကိုလည်း ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ လီဗာပူး

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ရမယ့် လီဗာပူးအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှု သိပ်မလုပ်တာကြောင့် ဝေဖန်ခံနေရချိန်မှာ ကာလရှည်စောင့်ကြည့်နေခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ အဲလ် ကန်တာရာကို ခေါ်ယူအပြီး ဝုဗ်တောင်ပံကစားသမား ဒီယေဂိုဂျိုတာကိုလည်း ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။


အဲလ်ကန်တာရာဟာ လီဗာပူးကို ပြောင်းရွှေ့ကြေးပေါင် ၂၇ သန်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုပြီး ရောက်ရှိလာတာဖြစ်သလို ကစားသမားဟောင်း လိုဗရန် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၆ ဂျာစီကို ဝတ်ဆင်ကစားမှာလည်း ဖြစ်ပါတယ်။ ဒီယေဂိုဂျိုတာ ကိုတော့ လီဗာပူးက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာဖြစ်တယ်ဆိုပြီးတော့ Goal သတင်းဌာနက အတည် ပြုခဲ့တာပဲ ဖြစ်ပါတယ်။


အက်သလက်တီကိုမက်ဒရစ် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုတာ ဟာ အသက် ၂၃ နှစ်ပဲရှိသေးပြီး ၂၀၁၇ ခုနှစ်ကတည်းက ဝုဗ်အသင်းကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီယေဂိုဂျိုတာအနေနဲ့ လီဗာပူးကို ပြောင်းရွှေ့ဖို့ သဘောတူ ညီမှု ရပြီးနောက်မှာတော့ ပွဲထွက်ခွင့်နေရာအတွက် ဆာလက်၊ မာနေး၊ ဖာမီနိုတို့နဲ့ အဓိက ယှဉ်ပြိုင်ရဖို့ ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


သီတင်းတစ်ပတ်အတွင်းမှာပဲ ကစားသမားသစ် နှစ်ယောက်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ လီဗာပူးဟာ နွေရာသီအ ပြောင်းအရွှေ့မှာ ကစားသမားသစ် ၃ ဦးအထိ ခေါ်ယူထားတာဖြစ်ပေမယ့် ဝက်ဖို့ဒ်တောင်ပံကစားသမား အစ္စမေးလာ ဆားစ် ကိုလည်း ခေါ်ယူဖို့အတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အစ္စမေးလာ ဆားစ်ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုး ကလည်း ပေါင်သန်း ၄၀ လောက်အထိ ရှိနေတာဖြစ်ပါတယ်။

zawgyi version

အဲလ္ကန္တာရာ အၿပီး ဝုဗ္က ဒီေယဂို ဂ်ိဳတာကိုလည္း ေပါင္ ၄၅ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့တဲ့ လီဗာပူး

ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ရမယ့္ လီဗာပူးအေနနဲ႔ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ကစားသမားသစ္ ေခၚယူမႈ သိပ္မလုပ္တာေၾကာင့္ ေဝဖန္ခံေနရခ်ိန္မွာ ကာလရွည္ေစာင့္ၾကည့္ေနခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ အဲလ္ ကန္တာရာကို ေခၚယူအၿပီး ဝုဗ္ေတာင္ပံကစားသမား ဒီေယဂိုဂ်ိဳတာကိုလည္း ေပါင္ ၄၅ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့တယ္လို႔ သိရပါတယ္။
အဲလ္ကန္တာရာဟာ လီဗာပူးကို ေျပာင္းေရႊ႕ေၾကးေပါင္ ၂၇ သန္းနဲ႔ ေလးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ေရာက္ရွိလာတာျဖစ္သလို ကစားသမားေဟာင္း လိုဗရန္ ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၆ ဂ်ာစီကို ဝတ္ဆင္ကစားမွာလည္း ျဖစ္ပါတယ္။ ဒီေယဂိုဂ်ိဳတာ ကိုေတာ့ လီဗာပူးက ငါးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့တာျဖစ္တယ္ဆိုၿပီးေတာ့ Goal သတင္းဌာနက အတည္ ျပဳခဲ့တာပဲ ျဖစ္ပါတယ္။
အက္သလက္တီကိုမက္ဒရစ္ အသင္းကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဂ်ိဳတာ ဟာ အသက္ ၂၃ ႏွစ္ပဲရွိေသးၿပီး ၂၀၁၇ ခုႏွစ္ကတည္းက ဝုဗ္အသင္းကို ေရာက္ရွိေနခဲ့တာျဖစ္ပါတယ္။ ဒီေယဂိုဂ်ိဳတာအေနနဲ႔ လီဗာပူးကို ေျပာင္းေရႊ႕ဖို႔ သေဘာတူ ညီမႈ ရၿပီးေနာက္မွာေတာ့ ပြဲထြက္ခြင့္ေနရာအတြက္ ဆာလက္၊ မာေနး၊ ဖာမီႏိုတို႔နဲ႔ အဓိက ယွဥ္ၿပိဳင္ရဖို႔ ရွိေနတယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
သီတင္းတစ္ပတ္အတြင္းမွာပဲ ကစားသမားသစ္ ႏွစ္ေယာက္ကုိ ေခၚယူဖို႔ သေဘာတူညီမႈရခဲ့တဲ့ လီဗာပူးဟာ ေႏြရာသီအ ေျပာင္းအေရႊ႕မွာ ကစားသမားသစ္ ၃ ဦးအထိ ေခၚယူထားတာျဖစ္ေပမယ့္ ဝက္ဖို႔ဒ္ေတာင္ပံကစားသမား အစၥေမးလာ ဆားစ္ ကိုလည္း ေခၚယူဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ အစၥေမးလာ ဆားစ္ရဲ႕ ေျပာင္းေရႊ႕ေၾကးတန္ဖိုး ကလည္း ေပါင္သန္း ၄၀ ေလာက္အထိ ရွိေနတာျဖစ္ပါတယ္။