သီယာဂိုကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီလို့ အတည်ပြုလိုက်တဲ့ လီဗာပူးလ်အသင်း

လီဗာပူလ်းအသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။ ကြာသပတေးနေ့ကတည်းက ပရီးမီးယားလိဂ်ချန်ပီယံအသင်းဟာ အပြီးသတ်ဆွေးနွေးနေတာဖြစ်ပြီး ဒီနေ့မှာတော့ ကစားသမားဟာ အန်ဖီးလ်ကို အပြီးသတ်ရောက်လာပြီဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ကစားသမားက “ဒီခံစားမှုက အရမ်းကို အံ့အားသင့်စရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအခိုက်အတန့်ကို စောင့်နေရာတ တော်တော်ကြာပါပြီ။ ဒီမှာ ရှိနေရတဲ့အတွက် အရမ်းအရမ်းကို ပျော်ရွှင်မိပါတယ်”လို့ လီဗာပူးလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကိုပြောသွားခဲ့ပါတယ်။


