ပေါ်တူဂီလက်ရွေးစင်အသင်းအင်္ကျီ နဲ့ တူနေတဲ့ ဝုလ်ဗ်အသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ တတိယမြောက်အင်္ကျီအသစ်

ဝုလ်ဗ်အသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာဝတ်ဆင်မယ့် တတိယမြောက်အင်္ကျီအသစ်ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဝုလ်ဗ်နည်းပြ နူနိုဆန်းတို့စ်အပါအဝင် ပရီးမီးယားလိဂ်မှာ ဝုလ်ဗ်အသင်းဟာ ပေါ်တူဂီ ကစားသမား (၉) ယောက်အထိ ရှိနေပြီး ယခုထွက်ပေါ်လာတဲ့ အင်္ကျီကြောင့် ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ ဆက်သွယ်မှုရှိနေမလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။ကြက်သွေးရောင် အင်္ကျီကို အစိမ်းရောင် အကွပ် ၊ အစိမ်းရောင် ဘောင်းဘီ နဲ့ အစိမ်းရောင် ခြေအိတ်တို့ဟာ လက်ရွေးစင်အသင်းမှာ ရော်နယ်ဒို နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ ဝတ်ဆင်ခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းအင်္ကျီ နဲ့ ဆင်တူနေတာဖြစ်ပါတယ်။

ပေါ်တူဂီရဲ့ အိမ်ကွင်းအင်္ကျီမှာလည်း အစိမ်းရောင် ခြေအိတ် နဲ့ ဘောင်းဘီကို အစိမ်းရောင်ကနေ ကြက်သွေးရောင်ပဲ ပြောင်းလဲထားပါတယ်။ ဝုလ်ဗ် အသင်းပရိသတ်တွေကတော့ အသင်းမှာ ရှိနေတဲ့ ပေါ်တူဂီကစားသမားတွေကြောင့် ဒီအင်္ကျီ ဒီဇိုင်းထွက်ပေါ်လာတာလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ လူမှုကွန်ယက်တွစ်တာ စာမျက်နှာမှာ ပရိသတ်တစ်ယောက်က “ငါတို့ဟာ ပေါ်တူဂီ တရားဝင်အသင်း ဖြစ်တယ်”လို့ ရေးသားခဲ့ပါတယ်။

ဝုလ်ဗ်အသင်းဟာ ဒီနွေရာသီမှာလည်း အသင်းကို ပေါ်တူဂီကစားသမားတွေဖြစ်တဲ့ ဗစ်တာဖာရဲရာ နဲ့ ဖေဘီယိုဆေးလ်ဗား တို့ကို ခေါ်ယူထားပြီး သူတို့ (၂) ယောက်စလုံးဟာ ပေါ်တူဂီ လူငယ်လက်ရွေးစင်ကစားသမားတွေဖြစ်ပါတယ်။ ဖာရဲရားကို ဝုလ်ဗ်အသင်းဟာ အငှားနဲ့ အရင်ခေါ်ယူပြီး အပြီးသတ်ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

ဖေဘီယိုဆေးလ်ဗားကတော့ ဝုလ်ဗ်အသင်းဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ သူတို့ (၂) ယောက်စလုံးဟာ အသင်းမှာ ရှိနေတဲ့ ပေါ်တူဂီကစားသမားတွေဖြစ်တဲ့ ပက်ထရီစီယို၊ ရူဘန်ဗင်နာဂရီ၊ ရူဘင်နီဗက်စ်၊ ဒန်နီရယ်ပိုဒန့်စ်၊ ယာအိုမောတင်ဟို၊ ပက်ဒရိုနက်တို နဲ့ ဒီယိုဂိုဂျိုတာ တို့နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

ေပၚတူဂီလက္ေရြးစင္အသင္းအက်ၤီ နဲ႔ တူေနတဲ့ ၀ုလ္ဗ္အသင္းရဲ႕ ၂၀၂၀-၂၁ ေဘာလံုးရာသီ တတိယေျမာက္အက်ၤီအသစ္

၀ုလ္ဗ္အသင္းဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ၀တ္ဆင္မယ့္ တတိယေျမာက္အက်ၤီအသစ္ကို ထုတ္ျပန္ေၾကညာလိုက္ျပီျဖစ္ပါတယ္။ ၀ုလ္ဗ္နည္းျပ ႏူႏိုဆန္းတို႔စ္အပါအ၀င္ ပရီးမီးယားလိဂ္မွာ ၀ုလ္ဗ္အသင္းဟာ ေပၚတူဂီ ကစားသမား (၉) ေယာက္အထိ ရွိေနျပီး ယခုထြက္ေပၚလာတဲ့ အက်ၤီေၾကာင့္ ေပၚတူဂီ လက္ေရြးစင္အသင္းနဲ႔ ဆက္သြယ္မႈရွိေနမလားဆိုတာ ေမးခြန္းထုတ္ေနၾကပါတယ္။ၾကက္ေသြးေရာင္ အက်ၤီကို အစိမ္းေရာင္ အကြပ္ ၊ အစိမ္းေရာင္ ေဘာင္းဘီ နဲ႔ အစိမ္းေရာင္ ေျခအိတ္တို႔ဟာ လက္ေရြးစင္အသင္းမွာ ေရာ္နယ္ဒို နဲ႔ ဘရူႏိုဖာနန္ဒက္စ္တို႔ ၀တ္ဆင္ခဲ့တဲ့ ေပၚတူဂီ လက္ေရြးစင္အသင္းအက်ၤီ နဲ႔ ဆင္တူေနတာျဖစ္ပါတယ္။

ေပၚတူဂီရဲ႕ အိမ္ကြင္းအက်ၤီမွာလည္း အစိမ္းေရာင္ ေျခအိတ္ နဲ႔ ေဘာင္းဘီကို အစိမ္းေရာင္ကေန ၾကက္ေသြးေရာင္ပဲ ေျပာင္းလဲထားပါတယ္။ ၀ုလ္ဗ္ အသင္းပရိသတ္ေတြကေတာ့ အသင္းမွာ ရွိေနတဲ့ ေပၚတူဂီကစားသမားေတြေၾကာင့္ ဒီအက်ၤီ ဒီဇိုင္းထြက္ေပၚလာတာလို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။ လူမႈကြန္ယက္တြစ္တာ စာမ်က္ႏွာမွာ ပရိသတ္တစ္ေယာက္က “ငါတို႔ဟာ ေပၚတူဂီ တရား၀င္အသင္း ျဖစ္တယ္”လို႔ ေရးသားခဲ့ပါတယ္။

၀ုလ္ဗ္အသင္းဟာ ဒီေႏြရာသီမွာလည္း အသင္းကို ေပၚတူဂီကစားသမားေတြျဖစ္တဲ့ ဗစ္တာဖာရဲရာ နဲ႔ ေဖဘီယိုေဆးလ္ဗား တို႔ကို ေခၚယူထားျပီး သူတို႔ (၂) ေယာက္စလံုးဟာ ေပၚတူဂီ လူငယ္လက္ေရြးစင္ကစားသမားေတြျဖစ္ပါတယ္။ ဖာရဲရားကို ၀ုလ္ဗ္အသင္းဟာ အငွားနဲ႔ အရင္ေခၚယူျပီး အျပီးသတ္၀ယ္ယူသြားမွာ ျဖစ္ပါတယ္။

ေဖဘီယိုေဆးလ္ဗားကေတာ့ ၀ုလ္ဗ္အသင္းဟာ အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႔ ေခၚယူခဲ့တာပါ။ သူတို႔ (၂) ေယာက္စလံုးဟာ အသင္းမွာ ရွိေနတဲ့ ေပၚတူဂီကစားသမားေတြျဖစ္တဲ့ ပက္ထရီစီယို၊ ရူဘန္ဗင္နာဂရီ၊ ရူဘင္နီဗက္စ္၊ ဒန္နီရယ္ပိုဒန္႔စ္၊ ယာအိုေမာတင္ဟို၊ ပက္ဒရိုနက္တို နဲ႔ ဒီယိုဂိုဂ်ိဳတာ တို႔နဲ႔ ပူးေပါင္းမွာျဖစ္ပါတယ္။