သီယာဂိုကို ခေါ်ယူလိုက်သော်လည်း အသင်းက ဝိုင်နယ်လ်ဒမ်း ထွက်ခွာမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပြီဖြစ်သော်လည်း ဘာစီလိုနာအသင်းက ဆက်သွယ်နေတဲ့ ဝိုင်နယ်လ်ဒမ်းအသင်းက ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံအသင်းဟာ စပိန်ကွင်းလယ်ကစားသမားကို (၄) နှစ်စာချုပ် နဲ့ သောကြာနေ့က ခေါ်ယူရန် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။

ဆေးစစ်ပြီးတာနဲ့ သီယာဂိုဟာ လီဗာပူးလ်အသင်းနဲ့ (၄) နှစ် စာချုပ် ချုပ်မှာ ဖြစ်ပြီး လွတ်နေတဲ့ ကျောနံပါတ် (၆) ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။သတင်းများက သီယာဂို လီဗာပူးလ်ကို ရောက်လာလို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း လိုချင်နေတဲ့ ဝိုင်နယ်လ်ဒမ်းဟာ အသင်းနဲ့ လမ်းခွဲတော့မလားလို့ ဖော်ပြနေကြတာ ဖြစ်ပါတယ်။

သို့သော်လည်း ယာဂင်ကလော့ပ်က “သီယာဂိုကို ခေါ်ယူပြီးသော်လည်း အသင်းက ဘယ်သူမှ ထွက်ခွာမှာ မဟုတ်ပါဘူး။ ဘယ်သူမှ ထွက်ခွာမှာ မဟုတ်ပါဘူး။ ဒါပဲ ကျွန်တော်ပြောနိုင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

သီယာဂိုကို ေခၚယူလိုက္ေသာ္လည္း အသင္းက ၀ိုင္နယ္လ္ဒမ္း ထြက္ခြာမွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ လီဗာပူးလ္နညး္ျပ ယာဂင္ကေလာ့ပ္

လီဗာပူးလ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂိုကို ေပါင္ ၂၅ သန္းနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ေသာ္လည္း ဘာစီလိုနာအသင္းက ဆက္သြယ္ေနတဲ့ ၀ိုင္နယ္လ္ဒမ္းအသင္းက ထြက္ခြာမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံအသင္းဟာ စပိန္ကြင္းလယ္ကစားသမားကို (၄) ႏွစ္စာခ်ဳပ္ နဲ႔ ေသာၾကာေန႔က ေခၚယူရန္ သေဘာတူညီမႈ ရခဲ့တာျဖစ္ပါတယ္။

ေဆးစစ္ျပီးတာနဲ႔ သီယာဂိုဟာ လီဗာပူးလ္အသင္းနဲ႔ (၄) ႏွစ္ စာခ်ဳပ္ ခ်ဳပ္မွာ ျဖစ္ျပီး လြတ္ေနတဲ့ ေက်ာနံပါတ္ (၆) ကို ၀တ္ဆင္သြားမယ္လို႔ သိရပါတယ္။သတင္းမ်ားက သီယာဂို လီဗာပူးလ္ကို ေရာက္လာလို႔ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း လိုခ်င္ေနတဲ့ ၀ိုင္နယ္လ္ဒမ္းဟာ အသင္းနဲ႔ လမ္းခြဲေတာ့မလားလို႔ ေဖာ္ျပေနၾကတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ယာဂင္ကေလာ့ပ္က “သီယာဂိုကို ေခၚယူျပီးေသာ္လည္း အသင္းက ဘယ္သူမွ ထြက္ခြာမွာ မဟုတ္ပါဘူး။ ဘယ္သူမွ ထြက္ခြာမွာ မဟုတ္ပါဘူး။ ဒါပဲ ကၽြန္ေတာ္ေျပာႏုိင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။