စပါးအသင်း ဂါရတ်ဘေးလ်ကို ခေါ်ယူပြီးတာနဲ့ မိုဒရစ်ကို ထပ်ခေါ်ယူရန် တိုက်တွန်းလိုက်တဲ့ ဟယ်ရီရက်နက်ပ်

ဟယ်ရီရက်နက်ပ်က စပါးအသင်းအနေနဲ့ ကစားသမားဟောင်းဂါရတ်ဘေးလ်ကို ခေါ်ယူပြီးတာနဲ့ မိုဒရစ်ကို ထပ်မံခေါ်ယူရန် တိုက်တွန်းပြောကြားသွားပါတယ်။ ဂါရတ်ဘေးလ်ဟာ အသင်းဟောင်း စပါးအသင်းကို တစ်နှစ်အငှားစာချုပ်နဲ့ ပြန်လာရန်အပြီးသတ်လုပ်ဆောင်နေစရာတွေပဲ ကျန်တော့တာ ဖြစ်ပါတယ်။ သို့သော်လည်း ရက်နက်ပ်က စပါးအသင်းအနေနဲ့ နောက်ထပ်ကစားသမားဟောင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ကို ထပ်ပြီးခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောသွားခဲ့ပါတယ်။

“စပါးအသင်းအနေနဲ့ လူကာမိုဒရစ်ကို ခေါ်ယူနိုင်သင့်ပါတယ်။ ဂါရတ်ဘေးလ် အပြင် မိုဒရစ်ကိုပါ ထပ်ခေါ်သင့်ပါတယ်။ ဒါဆိုရင် ပိုကောင်းသွားမှာပါ။ လူကာက အရမ်းကောင်းသေးတဲ့ ကစားသမားပါ။ ဒါက အံ့အားစရ ဖြစ်သွားမှာပါ။ သူတို့မှာ နောက်ထပ် တစ်ယောက်ယောက်လောက် လိုနေသေးတယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူတို့မှာ တိုက်စစ်ကစားသမားတွေ ရှိပေမယ့် ထောက်ပံ့ပေးနိုင်တဲ့ ကစားသမားလိုနေတာ ဖြစ်ပါတယ်။ အဲ့ဒါက လူကာမိုဒရစ်လို ကစားသမားဖြစ်ပါတယ်။ သူတို့မှာ အဲ့ဒီလို ကစားသမားမရှိပါဘူး” လို့ ဟယ်ရီရက်နက်ပ်က ပြောသွားခဲ့တာဖြစ်ပါတယ်။

မိုဒရစ်ဟာ စပါးအသင်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့ပြီး ဘာနေဗျူးထံ မပြောင်းရွှေ့ခင် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းခံထားရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုဒရစ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူထားပြီးနောက် ချန်ပီယံလိဂ်ဖလားကို (၄) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး စပိန်လာလီဂါဖလားကို (၂) ကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ နောက်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆ့ုးမှာဖြစ်ပြီး အသက်အရွယ်အားဖြင့် (၃၅) နှစ်ရှိနေလို့ စာချုပ်သစ်ကမ်းလှမ်းပ့ါမလားဆိုတာ မသေချာဘူး လို့ သိရပါတယ်။ သို့သော်လည်း မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ဇီဒန်းရဲ့ အသင်းအတွက် ပွဲ (၄၀) ကစားထားသူ ဖြစ်ပါတယ်။

စပါးအသင္း ဂါရတ္ေဘးလ္ကို ေခၚယူျပီးတာနဲ႔ မိုဒရစ္ကို ထပ္ေခၚယူရန္ တုိက္တြန္းလိုက္တဲ့ ဟယ္ရီရက္နက္ပ္

ဟယ္ရီရက္နက္ပ္က စပါးအသင္းအေနနဲ႔ ကစားသမားေဟာင္းဂါရတ္ေဘးလ္ကို ေခၚယူျပီးတာန႔ဲ မိုဒရစ္ကုိ ထပ္မံေခၚယူရန္ တိုက္တြန္းေျပာၾကားသြားပါတယ္။ ဂါရတ္ေဘးလ္ဟာ အသင္းေဟာင္း စပါးအသင္းကို တစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ ျပန္လာရန္အျပီးသတ္လုပ္ေဆာင္ေနစရာေတြပဲ က်န္ေတာ့တာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ရက္နက္ပ္က စပါးအသင္းအေနနဲ႔ ေနာက္ထပ္ကစားသမားေဟာင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္ကို ထပ္ျပီးေခၚယူသင့္တယ္လို႔ တိုက္တြန္းေျပာသြားခဲ့ပါတယ္။

“စပါးအသင္းအေနနဲ႔ လူကာမိုဒရစ္ကို ေခၚယူႏိုင္သင့္ပါတယ္။ ဂါရတ္ေဘးလ္ အျပင္ မိုဒရစ္ကိုပါ ထပ္ေခၚသင့္ပါတယ္။ ဒါဆိုရင္ ပိုေကာင္းသြားမွာပါ။ လူကာက အရမ္းေကာင္းေသးတဲ့ ကစားသမားပါ။ ဒါက အံ့အားစရ ျဖစ္သြားမွာပါ။ သူတို႔မွာ ေနာက္ထပ္ တစ္ေယာက္ေယာက္ေလာက္ လုိေနေသးတယ္လို႔ ကၽြန္ေတာ္ခံစားရပါတယ္။ သူတို႔မွာ တိုက္စစ္ကစားသမားေတြ ရွိေပမယ့္ ေထာက္ပံ့ေပးႏိုင္တဲ့ ကစားသမားလိုေနတာ ျဖစ္ပါတယ္။ အဲ့ဒါက လူကာမိုဒရစ္လို ကစားသမားျဖစ္ပါတယ္။ သူတို႔မွာ အဲ့ဒီလို ကစားသမားမရွိပါဘူး” လို႔ ဟယ္ရီရက္နက္ပ္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

မိုဒရစ္ဟာ စပါးအသင္းမွာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အထိ ကစားခဲ့ျပီး ဘာေနဗ်ဴးထံ မေျပာင္းေရႊ႕ခင္ ကမာၻ႕အေကာင္းဆံုးကြင္းလယ္ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ထားျခင္းခံထားရပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ မိုဒရစ္ကို ေပါင္သန္း ၃၀ နဲ႔ ေခၚယူထားျပီးေနာက္ ခ်န္ပီယံလိဂ္ဖလားကို (၄) ၾကိမ္ ဆြတ္ခူးႏိုင္ခဲ့ျပီး စပိန္လာလီဂါဖလားကို (၂) ၾကိမ္ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာ ေနာက္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆ့ဳးမွာျဖစ္ျပီး အသက္အရြယ္အားျဖင့္ (၃၅) ႏွစ္ရွိေနလို႔ စာခ်ဳပ္သစ္ကမ္းလွမ္းပ့ါမလားဆိုတာ မေသခ်ာဘူး လို႔ သိရပါတယ္။ သို႔ေသာ္လည္း မိုဒရစ္ဟာ ျပီးခဲ့တဲ့ရာသီက ဇီဒန္းရဲ႕ အသင္းအတြက္ ပြဲ (၄၀) ကစားထားသူ ျဖစ္ပါတယ္။