ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ အဲဗာတန်အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာလို့ အသင်းဟောင်း ဘန်ဖီးလ်ထုတ်ဖော်

အဲဗာတန်အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို ခေါ်ယူခဲ့ရမှာ ပြောင်းရွှေ့ကြေ းမပေးခဲ့ရဘူးလို့ အာဂျင်တီးနားကလပ် ဘန်ဖီးလ်က ထုတ်ဖော်ခဲ့ပါတယ်။ မာဆေးဆိုဒ်အခြေစိုက်ကလပ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်ကနေ ကွင်းလယ်ကစားသမားကို အဲဗာတန်အသင်းဆီသို့ (၂) နှစ်သဘောတူညီမှု နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

သတင်းများအရ အဲဗာတန်အသင်းဟာ ကိုလံဘီယာ လက်ရွေးစင်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ လောက်ပေးခဲ့ရဖွယ်ရှိပေမယ့် ယခုအခါ အဆိုပါပြောင်းရွှေ့ကြေးမပေးခဲ့ရဘူးလို့ သတင်းထွက်ပေါ်လာပါပြီ။ မာကာသတင်းဌာနက အဆိုအရ ဘန်ဖီးလ်ရဲ့ ပြောဆိုချက်အရ အဲဗာတန်အသင်းက ပြောင်းရွှေ့ကြေး လုံးဝမပေးခဲ့ဘူးလို့ သိရပါတယ်။

ဘန်ဖီးလ်ဟာ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ပေါ်တိုအသင်းထံ ရောင်းချခဲ့တဲ့အသင်းဖြစ်ပြီး သူဘယ်အသင်းကိုမဆို ပြောင်းရွှေ့ဖြစ်ပါက ရာခိုင်နှုန်းအနည်းငယ်ရတဲ့ အသင်းဖြစ်ပါတယ်။သို့သော်လည်း အသင်းရဲ့ ဘဏ္ဍာရေးမှုး အစ်ဂ်နာစီယိုအာကွီဇာ က “ကံမကောင်းစွာနဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ် ရီးရဲလ်မက်ဒရစ်ကနေ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့တဲ့အပေါ်မှာ ဘန်ဖီးလ်အသင်းက ဘာပိုက်ဆံမှ မရခဲ့ပါဘူး။ အကူးအပြောင်းက ဘာကုန်ကျမှုမှ မရှိခဲ့တာပါ။ ဒါက အလွတ်ခေါ်ယူလိုက်တာပါ” လို့ ပြောသွားခဲ့ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ဟာ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ စပါးအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္ကို ရီးရဲလ္မက္ဒရစ္အသင္းဆီကေန အဲဗာတန္အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာလို႔ အသင္းေဟာင္း ဘန္ဖီးလ္ထုတ္ေဖာ္

အဲဗာတန္အသင္းဟာ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္ကို ေခၚယူခဲ့ရမွာ ေျပာင္းေရႊ႕ေၾက းမေပးခဲ့ရဘူးလို႔ အာဂ်င္တီးနားကလပ္ ဘန္ဖီးလ္က ထုတ္ေဖာ္ခဲ့ပါတယ္။ မာေဆးဆိုဒ္အေျခစိုက္ကလပ္အသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးရဲလ္မက္ဒရစ္ကေန ကြင္းလယ္ကစားသမားကို အဲဗာတန္အသင္းဆီသို႔ (၂) ႏွစ္သေဘာတူညီမႈ နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

သတင္းမ်ားအရ အဲဗာတန္အသင္းဟာ ကိုလံဘီယာ လက္ေရြးစင္ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀ ေလာက္ေပးခဲ့ရဖြယ္ရွိေပမယ့္ ယခုအခါ အဆိုပါေျပာင္းေရႊ႕ေၾကးမေပးခဲ့ရဘူးလို႔ သတင္းထြက္ေပၚလာပါျပီ။ မာကာသတင္းဌာနက အဆိုအရ ဘန္ဖီးလ္ရဲ႕ ေျပာဆိုခ်က္အရ အဲဗာတန္အသင္းက ေျပာင္းေရႊ႕ေၾကး လံုး၀မေပးခဲ့ဘူးလို႔ သိရပါတယ္။

ဘန္ဖီးလ္ဟာ ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္က ေပၚတိုအသင္းထံ ေရာင္းခ်ခဲ့တဲ့အသင္းျဖစ္ျပီး သူဘယ္အသင္းကိုမဆို ေျပာင္းေရႊ႕ျဖစ္ပါက ရာခိုင္ႏႈန္းအနည္းငယ္ရတဲ့ အသင္းျဖစ္ပါတယ္။သို႔ေသာ္လည္း အသင္းရဲ႕ ဘ႑ာေရးမႈး အစ္ဂ္နာစီယိုအာကြီဇာ က “ကံမေကာင္းစြာနဲ႔ ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္ ရီးရဲလ္မက္ဒရစ္ကေန အဲဗာတန္ကို ေျပာင္းေရႊ႕ခဲ့တဲ့အေပၚမွာ ဘန္ဖီးလ္အသင္းက ဘာပိုက္ဆံမွ မရခဲ့ပါဘူး။ အကူးအေျပာင္းက ဘာကုန္က်မႈမွ မရွိခဲ့တာပါ။ ဒါက အလြတ္ေခၚယူလိုက္တာပါ” လို႔ ေျပာသြားခဲ့ပါတယ္။ ဂ်ိမ္းစ္ရိုဒရီဂြတ္ဇ္ဟာ အဲဗာတန္အသင္းအတြက္ ပရီးမီးယားလိဂ္ ပြဲဦးထြက္မွာ စပါးအသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပါ၀င္ကစားေပးခဲ့သူျဖစ္ပါတယ္။