ဟောက်ဆန်အဝါးကို ခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှု ရသွားပြီလား?

အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟောက်ဆန်အဝါးကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရသဘောတူညီမှု ရရှိသွားပြီး ပြင်သစ်လီဂူး ၁ ကလပအသင်းနဲ့ ပြောင်းရွှေ့ကြေးသတ်မှတ်ရန် ကျန်တော့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာ ဒီနွေရာသီအပြောင်းအရွှေ့မှာ လိုချင်နေတဲ့ ကွင်းလယ်ကစားသမား (၂) ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ်ပါတေးကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။

လိုင်ယွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဂျူနင်ဟိုက ယခုတစ်ပတ်အစောပိုင်းတုန်းက ဘယ်အသင်းရဲ့ ကမ်းလှမ်းမှုကိုမှ မရသေးဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် မကြာခင်မှ ပြောင်းလဲမှု ဖြစ်နိုင်တယ်လို့ ပြောထားခဲ့ပါတယ်။ အီတလီသတင်းများအရ အာဆင်နယ် နဲ့ လိုင်ယွန်အသင်းတို့ ကြား ဆွေးနွေးနေဆဲဖြစ်ပြီး ပြင်သစ်ယူ ၂၁ နှစ်အောက် လက်ရွေးစင်ကစားသမားကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ဟောက်ဆန်အဝါးဟာ ပြီးခဲ့တဲ့ (၂) ပတ်လောက်ကတည်းက အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့တယ်လို့လည်း သိရပါတယ်။ အာတီတာဟာ ဒီနွေရာသီမှာ အသင်းရဲ့ လူစာရင်းကို အင်အားတောင့်တင်းအောင် လုပ်ထားဆဲဖြစ်ပြီး အသင်းဆီကို ဂါဘရီရယ်လ်၊ ဝီလီယံ နဲ့ ဆာလီဘာ တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

ေဟာက္ဆန္အ၀ါးကို ေခၚယူရန္ အာဆင္နယ္အသင္း သေဘာတူညီမႈ ရသြားျပီလား?

အာဆင္နယ္အသင္းဟာ လိုင္ယြန္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေဟာက္ဆန္အ၀ါးကို ေခၚယူရန္ ပုဂၢိဳလ္ေရးအရသေဘာတူညီမႈ ရရွိသြားျပီး ျပင္သစ္လီဂူး ၁ ကလပအသင္းနဲ႔ ေျပာင္းေရႊ႕ေၾကးသတ္မွတ္ရန္ က်န္ေတာ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ အာဆင္နယ္အသင္းနည္းျပ အာတီတာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ လိုခ်င္ေနတဲ့  ကြင္းလယ္ကစားသမား (၂) ေယာက္ထဲက တစ္ေယာက္ျဖစ္ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာဟာ အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ပါေတးကိုလည္း ေခၚယူရန္ ပစ္မွတ္ထားေနဆဲ ျဖစ္ပါတယ္။

လိုင္ယြန္အသင္းရဲ႕ အားကစားဒါရိုက္တာ ဂ်ဴနင္ဟိုက ယခုတစ္ပတ္အေစာပိုင္းတုန္းက ဘယ္အသင္းရဲ႕ ကမ္းလွမ္းမႈကိုမွ မရေသးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္ မၾကာခင္မွ ေျပာင္းလဲမႈ ျဖစ္ႏိုင္တယ္လို႔ ေျပာထားခဲ့ပါတယ္။ အီတလီသတင္းမ်ားအရ  အာဆင္နယ္ နဲ႔ လိုင္ယြန္အသင္းတို႔ ၾကား ေဆြးေႏြးေနဆဲျဖစ္ျပီး ျပင္သစ္ယူ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္ကစားသမားကလည္း အာဆင္နယ္ကို ေျပာင္းေရႊ႕ခ်င္ေနတာျဖစ္ပါတယ္။

ေဟာက္ဆန္အ၀ါးဟာ ျပီးခဲ့တဲ့ (၂) ပတ္ေလာက္ကတည္းက အာဆင္နယ္အသင္းနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရခဲ့တယ္လို႔လည္း သိရပါတယ္။ အာတီတာဟာ ဒီေႏြရာသီမွာ အသင္းရဲ႕ လူစာရင္းကို အင္အားေတာင့္တင္းေအာင္ လုပ္ထားဆဲျဖစ္ျပီး အသင္းဆီကို ဂါဘရီရယ္လ္၊ ၀ီလီယံ နဲ႔ ဆာလီဘာ တို႔ကို ေခၚယူထားျပီး ျဖစ္ပါတယ္။