ဆန်ချို လက်သစ်လို့ နာမည်ကြီးနေတဲ့ မန်စီးတီးအသင်းက အသက် ၁၆ နှစ်အရွယ်ကစားသမားကို အပြီးသတ်ခေါ်ယူလိုက်တဲ့ ဒေါ့မွန်

ဒေါ့မွန်အသင်းဟာ မန်စီးတီးအသင်းက လူငယ်ကြယ်ပွင့် ဘိုင်နိုးဂစ်တန်စ် ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။ Sportmail က ဖော်ပြချက်အရ ဘွန်ဒက်စ်လီဂါကလပ်အသင်းဟာ ဆယ်ကျော်သက်အရါယ်တောင်ပံကစားသမားလေးကို သြဂုတ်လ (၄) ရက်ကတည်းက ခေါ်ယူရန် ဆက်သွယ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှ အပြီးသတ်ခေါ်ယူနိုင်တော့တာဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ်တိုက်စစ်ကစားသမားဟာ အင်္ဂလိပ်ဘောလုံးအကယ်ဒမီရဲ့ အလားအလာရှိတဲ့ ကစားသမားအဖြစ် သတ်မှတ်ထားပြီး တစ်ချိန်က မန်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့သွားတဲ့ ဆန်ချိုလက်သစ်ဖြစ်မယ်လို့ သတ်မှတ်နေကြပါတယ်။ဂျာမန်ကလပ်အသင်းဟာ အင်္ဂလိပ်အကယ်ဒမီထွက်ကစားသမားတွေကို မကြာသေးခင်တုန်းက လည်း ဘယ်လင်ဂမ် ကိုလည်း ဘာမင်ဂမ်စီးတီးအသ်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။


