ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကို ရောက်လာခဲ့ပေမယ့် ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်ဇ်

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကမှ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ဖာနန် ဒက်ဇ်ဟာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖာနန်ဒက်စ် ရောက်လာပြီးနောက်မှာ ယူနိုက်တက်ရဲ့ကွင်းလယ်ပိုင်း ကောင်းမွန်လာခဲ့ပြီး ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိပြီးချိန်မှာတော့ ဖာနန်ဒက်စ်က အသင်းရဲ့တရား ဝင် ဝက်ဘ်ဆိုဒ်ကနေတဆင့် “ အသင်းနဲ့ ပရိသတ်တွေအတွက် အောင်မြင်မှုဆုဖလားတွေရအောင် လုပ်ဆောင်သွားပါ မယ်။ တစ်ဦးချင်းဆုရရှိခဲ့တဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ အသင်းကို အားပေးတဲ့ပရိသတ်တွေလည်း ပျော်ရွှင်မှုရ အောင် ကြိုးစားသွားပါမယ်” လို့ ပြောခဲ့ပါတယ်။


ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ တိုက်စစ်မှူးတွေဖြစ်တဲ့ မာ ရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ရာမှာတော့ မာရှယ်က ဒုတိ ယနဲ့ ရက်ရှ်ဖို့ဒ်က တတိယရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဖာနန်ဒက်က ၃၅.၅ ရာခိုင်နှုန်း၊ မာရှယ်က ၃၄ ရာခိုင်နှုန်းနဲ့ ရက်ရှ်ဖို့ဒ် က ၁၀.၄ ရာခိုင်နှုန်း အသီးသီးရရှိခဲ့တာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက မာရှယ်၊ရက်ရှ်ဖို့ဒ် တို့နဲ့ တွဲပြီး ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမား ဂရင်းဝုဒ်ကတော့ ၈.၃ ရာခိုင်နှုန်းရခဲ့တာ ဖြစ်ပြီး နောက်ခံလူ ဝမ်ဘစ်ဆာကာက ၃.၈ ရာခိုင်နှုန်းနဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ၂.၄ ရာခိုင်နှုန်း ရရှိခဲ့ တယ်လို့ သိရပါတယ်။ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၈ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်နိုင်ခဲ့သလို ပြိုင်ပွဲစုံ ၂၂ ပွဲမှာလည်း ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

zawgyi version

ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကို ေရာက္လာခဲ့ေပမယ့္ ယူႏိုက္တက္ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို ရခဲ့တဲ့ ကြင္းလယ္လူ ဖာနန္ဒက္ဇ္
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕ကမွ စပို႔တင္းလစၥဘြန္းကေန ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူ ဖာနန္ ဒက္ဇ္ဟာ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ယူႏုိက္တက္အသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကို ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဖာနန္ဒက္စ္ ေရာက္လာၿပီးေနာက္မွာ ယူႏိုက္တက္ရဲ႕ကြင္းလယ္ပိုင္း ေကာင္းမြန္လာခဲ့ၿပီး ရလဒ္ေကာင္းေတြ ပိုင္ဆိုင္ခဲ့ကာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အရယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းရဲ႕တစ္ႏွစ္တာ အေကာင္းဆံုးကစားသမားဆုကို ရရွိၿပီးခ်ိန္မွာေတာ့ ဖာနန္ဒက္စ္က အသင္းရဲ႕တရား ဝင္ ဝက္ဘ္ဆိုဒ္ကေနတဆင့္ “ အသင္းနဲ႔ ပရိသတ္ေတြအတြက္ ေအာင္ျမင္မႈဆုဖလားေတြရေအာင္ လုပ္ေဆာင္သြားပါ မယ္။ တစ္ဦးခ်င္းဆုရရွိခဲ့တဲ့အတြက္လည္း ေပ်ာ္ရႊင္မိပါတယ္။ အသင္းကို အားေပးတဲ့ပရိသတ္ေတြလည္း ေပ်ာ္ရႊင္မႈရ ေအာင္ ၾကိဳးစားသြားပါမယ္” လို႔ ေျပာခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကိုေတာ့ တိုက္စစ္မွဴးေတြျဖစ္တဲ့ မာ ရွယ္နဲ႔ ရက္ရွွ္ဖို႔ဒ္တို႔ကို ေက်ာ္ျဖတ္ၿပီး ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြက မဲေပးေရြးခ်ယ္ခဲ့ရာမွာေတာ့ မာရွယ္္က ဒုတိ ယနဲ႔ ရက္ရွ္ဖို႔ဒ္က တတိယရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ဖာနန္ဒက္က ၃၅.၅ ရာခိုင္ႏႈန္း၊ မာရွယ္က ၃၄ ရာခုိင္ႏႈန္းနဲ႔ ရက္ရွ္ဖို႔ဒ္ က ၁၀.၄ ရာခိုင္ႏႈန္း အသီးသီးရရွိခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက မာရွယ္၊ရက္ရွ္ဖို႔ဒ္ တို႔နဲ႔ တြဲၿပီး ေျခစြမ္းျပခဲ့တဲ့ လူငယ္ကစားသမား ဂရင္းဝုဒ္ကေတာ့ ၈.၃ ရာခိုင္ႏႈန္းရခဲ့တာ ျဖစ္ၿပီး ေနာက္ခံလူ ဝမ္ဘစ္ဆာကာက ၃.၈ ရာခိုင္ႏႈန္းနဲ႔ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကေတာ့ ၂.၄ ရာခိုင္ႏႈန္း ရရွိခဲ့ တယ္လို႔ သိရပါတယ္။ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ ၁၄ ပြဲမွာ ၈ဂိုးသြင္းယူႏိုင္ၿပီး ဂိုးဖန္တီးမႈ ၇ ၾကိမ္ျပဳလုပ္ႏိုင္ခဲ့သလို ၿပိဳင္ပြဲစံု ၂၂ ပြဲမွာလည္း ၁၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။