ကူလီဘာလီက မန်စီးတီးအတွက် ဗန်ဒိုက်ခ် ဖြစ်လာမယ်လို့ ပြောခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်း ရှောင်ဂုတ်တား

မန်စီးတီးတိုက်စစ်မှူးဟောင်း ရှောင်ဂုတ်တားက နာပိုလီနောက်ခံလူ ကူဘီဘာလီဟာ မန်စီးတီးအတွက် လီဗာပူးမှာ ခြေ စွမ်းပြနေတဲ့ ဗန်ဒိုက်ခ် လိုမျိုး ဖြစ်လာမယ့်သူလို့ မှတ်ချက်ပြုခဲ့ပါတယ်။ မန်စီးတီးဟာ နွေရာသီအပြောင်းအရွှေ့မှာ ကူလီ ဘာလီကို ခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် အခုချိန်ထိ မခေါ်ယူနိုင်သေး တာဖြစ်ပါတယ်။


၂၀၁၉ ခုနှစ်နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းခေါင်းဆောင်ဖြစ်တဲ့ ကွန်ပနီထွက်သွားပြီးနောက်မှာ မန်စီးတီးအနေနဲ့ ခံစစ်ပိုင်းအားနည်းမှုတွေကြောင့် ပြီးခဲ့တဲ့ရာသီက ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ဘဲ လက်လွှတ်ခဲ့ရပါတယ်။ ခံစစ်ပိုင်းအား နည်းမှုတွေအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ နောက်ခံလူတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ဘုန်းမောက် နောက်ခံလူ နသန်အကီကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတာဖြစ်ပါတယ်။


မန်စီးတီးတိုက်စစ်မှူးဟောင်းဖြစ်တဲ့ ရှောင်ဂုတ်တားက “ စီးရီးအေပြိုင်ပွဲမှာ နာပိုလီနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကူလီဘာလီကို မန်စီးတီးအနေနဲ့ လက်ဦးမှုရယူပြီး ခေါ်ယူဖို့အတွက် တိုက် တွန်းခဲ့သလို ကူလီဘာလီ သာ မန်စီးတီးကို ရောက်လာခဲ့မယ်ဆိုရင် လီဗာပူးအတွက် ခြေစွမ်းပြနေတဲ့ ဗန်ဒိုက်ခ်လိုမျိုး စွမ်း ဆောင်နိုင်မယ်” လို့လည်း မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။


မန်စီးတီးအနေနဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျွန်စတုန်းရဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့် နောက်ခံလူတစ်ဦးကို ခေါ် ယူနိုင်တယ်လို့လည်း သတင်းတွေက မှတ်ချက်ပြုခဲ့ပါတယ်။ ရှောင်ဂုတ်တားက နောက်ခံလူဂျွန်စတုန်းအနေနဲ့ အသင်းမှာ ဆက်ရှိနေခဲ့မယ် ဆိုရင်တောင် မန်စီးတီးအနေနဲ့ ကူလီဘာလီကို ခေါ်ယူဖို့ အတွက် လုပ်ဆောင်ရမယ်လို့လည်း အကြံပြခဲ့ တာ ဖြစ်ပါတယ်။

zawgyi version

ကူလီဘာလီက မန္စီးတီးအတြက္ ဗန္ဒိုက္ခ္ ျဖစ္လာမယ္လို႔ ေျပာခဲ့တဲ့ မန္စီးတီးတိုက္စစ္မွဴးေဟာင္း ေရွာင္ဂုတ္တား
မန္စီးတီးတိုက္စစ္မွဴးေဟာင္း ေရွာင္ဂုတ္တားက နာပိုလီေနာက္ခံလူ ကူဘီဘာလီဟာ မန္စီးတီးအတြက္ လီဗာပူးမွာ ေျခ စြမ္းျပေနတဲ့ ဗန္ဒိုက္ခ္ လိုမ်ိဳး ျဖစ္လာမယ့္သူလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ မန္စီးတီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကူလီ ဘာလီကို ေခၚယူဖို႔ လုပ္ေဆာင္ေနေပမယ့္ ကစားသမားရဲ႕ ေျပာင္းေရႊ႕ေၾကးျမင့္မားမႈေၾကာင့္ အခုခ်ိန္ထိ မေခၚယူႏိုင္ေသး တာျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အသင္းေခါင္းေဆာင္ျဖစ္တဲ့ ကြန္ပနီထြက္သြားၿပီးေနာက္မွာ မန္စီးတီးအေနနဲ႔ ခံစစ္ပိုင္းအားနည္းမႈေတြေၾကာင့္ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံဆုကို မကာကြယ္ႏိုင္ခဲ့ဘဲ လက္လႊတ္ခဲ့ရပါတယ္။ ခံစစ္ပိုင္းအား နည္းမႈေတြအတြက္ မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ ေနာက္ခံလူေတြကို ေခၚယူဖို႔ လုပ္ေဆာင္ေနခဲ့တာျဖစ္ၿပီး ဘုန္းေမာက္ ေနာက္ခံလူ နသန္အကီကို ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားတာျဖစ္ပါတယ္။
မန္စီးတီးတိုက္စစ္မွဴးေဟာင္းျဖစ္တဲ့ ေရွာင္ဂုတ္တားက “ စီးရီးေအၿပိဳင္ပြဲမွာ နာပိုလီနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အသင္းၾကီးေတြက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ကူလီဘာလီကို မန္စီးတီးအေနနဲ႔ လက္ဦးမႈရယူၿပီး ေခၚယူဖို႔အတြက္ တိုက္ တြန္းခဲ့သလို ကူလီဘာလီ သာ မန္စီးတီးကို ေရာက္လာခဲ့မယ္ဆိုရင္ လီဗာပူးအတြက္ ေျခစြမ္းျပေနတဲ့ ဗန္ဒိုက္ခ္လိုမ်ိဳး စြမ္း ေဆာင္ႏိုင္မယ္” လို႔လည္း မွတ္ခ်က္ျပဳခဲ့တာ ျဖစ္ပါတယ္။
မန္စီးတီးအေနနဲ႔ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဂြ်န္စတုန္းရဲ႕ အေျပာင္းအေရႊ႕သတင္းေတြေၾကာင့္ ေနာက္ခံလူတစ္ဦးကို ေခၚ ယူႏိုင္တယ္လို႔လည္း သတင္းေတြက မွတ္ခ်က္ျပဳခဲ့ပါတယ္။ ေရွာင္ဂုတ္တားက ေနာက္ခံလူဂြ်န္စတုန္းအေနနဲ႔ အသင္းမွာ ဆက္ရွိေနခဲ့မယ္ ဆိုရင္ေတာင္ မန္စီးတီးအေနနဲ႔ ကူလီဘာလီကို ေခၚယူဖို႔ အတြက္ လုပ္ေဆာင္ရမယ္လို႔လည္း အၾကံျပခဲ့ တာ ျဖစ္ပါတယ္။