မက်ဆီ မလာလည်း အကောင်းဆုံးအသင်းအဖြစ် ရှိနေဆဲဖြစ်တယ်လို့ မန်စီးတီးကစားသမားသစ် ဖာရန်တောရက်စ် ပြောဆို

မန်စီးတီးကစားသမားသစ် ဖာရန်တောရက်စ်က နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရထားပြီးမှ ဘာစီလိုနာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ မက်ဆီ ရောက်လာခြင်းမရှိပေမယ့် အသင်းကတော့ အကောင်းဆုံးအသင်းအဖြစ် ဆက်ရှိနေမှာဖြစ်တယ် ဆိုပြီး ပြောခဲ့ပါတယ်။ ဖာရန်တောရက်စ်ဟာ ဗလင်စီယာကနေ နွေရာ သီ အပြောင်းအရွှေ့မှာ ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားတဲ့ တောင်ပံကစားသမား ဆာနေးရဲ့နေရာအတွက် ဖာရန်တောရက်စ်ကို ဂွါဒီယိုလာက ခေါ်ယူခဲ့တာဖြစ်ပေမယ့် သတင်းဌာနတွေကတော့ အသင်းကထွက်သွားတဲ့ အသင်းခေါင်းဆောင်ဒေးဗစ်ဆေးလ်ဗားရဲ့ နေ ရာကို အစားထိုးဝင်ရောက်နိုင်မယ့်သူလို့ ဖော်ပြနေကြတာဖြစ်ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ စပိန်လက်ရွေးစင်ကစား သမား ဖာရန်တောရက်စ်ကို ယူနိုက်တက်၊ ဂျူဗင်တပ်၊ ဒေါ့မွန်၊ ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ကလည်း စိတ်ဝင်စားခဲ့ တယ် လို့ သိရပါတယ်။


ဖာရန်တောရက်စ်က “ မန်စီးတီးကို မပြောင်းရွှေ့ခင်မှာ နည်းပြဖြစ်တဲ့ ဂွါဒီယိုလာနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက အသင်း ရဲ့ လုပ်ဆောင်မယ့် အစီအစဉ်တွေကို ရှင်းပြခဲ့ပြီး ကျွန်တော်ကလည်း အဓိကအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေတယ်လို့ ပြောခဲ့တာကြောင့် မန်စီးတီးကို ပြောင်းခဲ့တာပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားမက်ဆီ ရောက်လာခဲ့ရင် ပိုကောင်းမှာဖြစ် ပေမယ့် မက်ဆီမရှိလည်း မန်စီးတီးကတော့ အကောင်းဆုံးအသင်းအဖြစ် ဆက်ရှိနေမှာပါ” လို့ ပြောခဲ့ပါတယ်။


ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးနဲ့ ပတ်သက်ပြီးတော့လည်း ဖာရန်တောရက်စ်က “ လီဗာပူးကတောင့်တင်း တဲ့ အသင်းကောင်းတစ်သင်းဆိုတာ ပြီးခဲ့တဲ့နှစ်က သက်သေပြနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့အသင်းက ဒါကို ပြန်ပြီး သက်သေပြရမယ့်အချိန်ပါ။ ကျွန်တော်ရဲ့ ရည်မှန်းချက်ကတော့ ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ပြီး ကစားဖော် တွေအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးချင်တာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

မက္ဆီ မလာလည္း အေကာင္းဆံုးအသင္းအျဖစ္ ရွိေနဆဲျဖစ္တယ္လို႔ မန္စီးတီးကစားသမားသစ္ ဖာရန္ေတာရက္စ္ ေျပာဆို
မန္စီးတီးကစားသမားသစ္ ဖာရန္ေတာရက္စ္က ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကို ေျပာင္းေရႊ႕ဖို႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရထားၿပီးမွ ဘာစီလိုနာမွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့တဲ့ မက္ဆီ ေရာက္လာျခင္းမရွိေပမယ့္ အသင္းကေတာ့ အေကာင္းဆံုးအသင္းအျဖစ္ ဆက္ရွိေနမွာျဖစ္တယ္ ဆိုၿပီး ေျပာခဲ့ပါတယ္။ ဖာရန္ေတာရက္စ္ဟာ ဗလင္စီယာကေန ေႏြရာ သီ အေျပာင္းအေရႊ႕မွာ ေပါင္ ၂၁ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕သြားတဲ့ ေတာင္ပံကစားသမား ဆာေနးရဲ႕ေနရာအတြက္ ဖာရန္ေတာရက္စ္ကို ဂြါဒီယိုလာက ေခၚယူခဲ့တာျဖစ္ေပမယ့္ သတင္းဌာနေတြကေတာ့ အသင္းကထြက္သြားတဲ့ အသင္းေခါင္းေဆာင္ေဒးဗစ္ေဆးလ္ဗားရဲ႕ ေန ရာကို အစားထိုးဝင္ေရာက္ႏိုင္မယ့္သူလို႔ ေဖာ္ျပေနၾကတာျဖစ္ပါတယ္။ အသက္ ၂၀ သာရွိေသးတဲ့ စပိန္လက္ေရြးစင္ကစား သမား ဖာရန္ေတာရက္စ္ကို ယူႏိုက္တက္၊ ဂ်ဴဗင္တပ္၊ ေဒါ့မြန္၊ ရီးရဲလ္နဲ႔ အက္သလက္တီကိုတို႔ကလည္း စိတ္ဝင္စားခဲ့ တယ္ လို႔ သိရပါတယ္။
ဖာရန္ေတာရက္စ္က “ မန္စီးတီးကို မေျပာင္းေရႊ႕ခင္မွာ နည္းျပျဖစ္တဲ့ ဂြါဒီယိုလာနဲ႔ စကားေျပာျဖစ္ခဲ့ပါတယ္။ သူက အသင္း ရဲ႕ လုပ္ေဆာင္မယ့္ အစီအစဥ္ေတြကို ရွင္းျပခဲ့ၿပီး ကြ်န္ေတာ္ကလည္း အဓိကအစိတ္အပိုင္းတစ္ခုအျဖစ္ပါဝင္ေနတယ္လို႔ ေျပာခဲ့တာေၾကာင့္ မန္စီးတီးကို ေျပာင္းခဲ့တာပါ။ ကမၻာ့အေကာင္းဆံုးကစားသမားမက္ဆီ ေရာက္လာခဲ့ရင္ ပိုေကာင္းမွာျဖစ္ ေပမယ့္ မက္ဆီမရွိလည္း မန္စီးတီးကေတာ့ အေကာင္းဆံုးအသင္းအျဖစ္ ဆက္ရွိေနမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံျဖစ္တဲ့ လီဗာပူးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဖာရန္ေတာရက္စ္က “ လီဗာပူးကေတာင့္တင္း တဲ့ အသင္းေကာင္းတစ္သင္းဆိုတာ ၿပီးခဲ့တဲ့ႏွစ္က သက္ေသျပႏိုင္ခဲ့ပါတယ္။ အခုခ်ိန္မွွာေတာ့ ကြ်န္ေတာ္တို႔အသင္းက ဒါကို ျပန္ၿပီး သက္ေသျပရမယ့္အခ်ိန္ပါ။ ကြ်န္ေတာ္ရဲ႕ ရည္မွန္းခ်က္ကေတာ့ ကိုယ္တိုင္လည္း ဂိုးသြင္းယူႏိုင္ၿပီး ကစားေဖာ္ ေတြအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခ်င္တာပါ” လို႔ ေျပာခဲ့ပါတယ္။