လီဗာပူးလ် လူငယ်တိုက်စစ်မှုး ဘရူးစတားကို ခရစ္စတယ်ပဲလေ့စ် နဲ့ ရှက်ဖီးယူနိုက်တက်တို့က ခေါ်ယူရန် ပြင်ဆင်

ရှက်ဖီးယူနိုက်တက် နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ လီဗာပူးလ်တိုက်စစ်ကစားသမား ဘရူးစတားကို ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘရူးစတားဟာ သူ့အနာဂတ် နဲ့ ပတ်သက်ပြီး လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ် န့ ဲ ဒီတစ်ပတ်မှာ ဆွေးနွေးသွားမှာဖြစ်ပြီး အသက် ၂၀ အရွယ်ကစားသမားကို အသင်းက အပြီးထွက်ခွာခွင့်ပေးဖွယ်ရှိနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဘရူးစတားအတွက် ခန့်မှန်းခြေ ပေါင်သန်း ၂၀ လောက်လိုချင်နေပြီး တိုက်စစ်မှူးကို အချိန်မရွေး ပြန်ဝယ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း စာချုပ်မှာ ထည့်သွားမယ်လို့ သိရပါတယ်။

အင်္ဂလန်ယူ ၁၇ ကမ္ဘာ့ဖလား နဲ့ ရွှေဖိနပ်ဆုရှင်ကို ရှက်ဖီးယူနိုက်တက် နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့က ခေါ်ယူနိုင်ရန် ရေပန်းစားနေပြီး သူဟာ ပြီးခဲ့တဲ့ရာသီက ဆွမ်ဆီးမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြခဲ့ပေမယ့် ဒီရာသီမှာလည်း လီဗာပူးလ်အသင်းအတွက် ပုံမှန်ပွဲကစားခွင့်ရမှာ မဟုတ်သေးဘူးဆိုတာ သေချာနေတာဖြစ်ပါတယ်။ ဘရူးစတားဟာ ဆွမ်ဆီးအသင်းအတွက် ပြီးခဲ့တဲ့ရာသီက (၂၂) ပွဲကစားပြီး (၁၁) ဂိုးသွင်းက ချန်ပီယံရှစ် ပလေးအော့ဖ်ကစားခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။

လီဗာပူးလ္ လူငယ္တိုက္စစ္မႈး ဘရူးစတားကို ခရစၥတယ္ပဲေလ့စ္ နဲ႔ ရွက္ဖီးယူႏိုက္တက္တို႔က ေခၚယူရန္ ျပင္ဆင္

ရွက္ဖီးယူႏိုက္တက္ နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတုိ႔ဟာ လီဗာပူးလ္တိုက္စစ္ကစားသမား ဘရူးစတားကို ေခၚယူရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဘရူးစတားဟာ သူ႔အနာဂတ္ နဲ႔ ပတ္သက္ျပီး လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ န႔ ဲ ဒီတစ္ပတ္မွာ ေဆြးေႏြးသြားမွာျဖစ္ျပီး အသက္ ၂၀ အရြယ္ကစားသမားကို အသင္းက အျပီးထြက္ခြာခြင့္ေပးဖြယ္ရွိေနတာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဘရူးစတားအတြက္ ခန္႔မွန္းေျခ ေပါင္သန္း ၂၀ ေလာက္လိုခ်င္ေနျပီး တုိက္စစ္မွဴးကို အခ်ိန္မေရြး ျပန္၀ယ္ယူခြင့္ရွိတယ္ဆိုတဲ့ အခ်က္ကိုလည္း စာခ်ဳပ္မွာ ထည့္သြားမယ္လို႔ သိရပါတယ္။

အဂၤလန္ယူ ၁၇ ကမာၻ႕ဖလား နဲ႔ ေရႊဖိနပ္ဆုရွင္ကို ရွက္ဖီးယူႏိုက္တက္ နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔က ေခၚယူႏိုင္ရန္ ေရပန္းစားေနျပီး သူဟာ ျပီးခဲ့တဲ့ရာသီက ဆြမ္ဆီးမွာ အငွားသြားေရာက္ကစားျပီး ေျခစြမ္းျပခဲ့ေပမယ့္ ဒီရာသီမွာလည္း လီဗာပူးလ္အသင္းအတြက္ ပံုမွန္ပြဲကစားခြင့္ရမွာ မဟုတ္ေသးဘူးဆိုတာ ေသခ်ာေနတာျဖစ္ပါတယ္။ ဘရူးစတားဟာ ဆြမ္ဆီးအသင္းအတြက္ ျပီးခဲ့တဲ့ရာသီက (၂၂) ပြဲကစားျပီး (၁၁) ဂိုးသြင္းက ခ်န္ပီယံရွစ္ ပေလးေအာ့ဖ္ကစားခြင့္ရေအာင္ ကူညီေပးခဲ့ပါတယ္။