အဲရစ်ဂါစီယာနေရာမှာ အစားထိုးရန်အတွက် အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ဂျီမီနက်စ်ကို ခေါ်ယူရန် ကြိုးစားနေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းကတော့ ခံစစ်ပိုင်း အင်အားဖြည့်တင်းမှုအဖြစ် အက်သလက်တီကိုအသင်းရဲ့ အသက် ၂၅ နှစ်အရွယ် ဥရုဂွေးနောက်ခံလူ ဂျိုစ့် ဂျီမီနက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။အစောပိုင်းမှာ နာပိုလီနောက်ခံလူ ကူလီဘာလေကိုသာ ခေါ်ယူဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ( ပေါင် ၇၃.၂ သန်း) ကို ပေးချေလိုစိတ်မရှိတာကြောင့် ဂျီမီနက်စ်ထံ ဦးလှည့်လာခဲ့တာဖြစ်ပါတယ်။

ဂျီမီနက်စ်ကို ခေါ်ယူမယ်ဆိုရင်လည်း ပေါင် ၈၂ သန်းအထိ ပေးချေရနိုင်ပေမယ့် အသက်အရွယ်အရ ကာလရှည်သုံးလို့ ရနိုင်တာကြောင့် ရွေးချယ်ခဲ့တာပါ။ နာပိုလီအသင်းရဲ့ ဆီနီဂေါနောက်ခံလူဟာ လက်ရှိအချိန်မှာ ပိုမိုမြင့်မားတဲ့အဆင့်မှာ ရှိနေပေမယ့် အသက်က ၂၉ နှစ်ရှိနေခဲ့ပြီဖြစ်လို့ ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှု အသားပေးတဲ့လိဂ်ဟာ ၃ ရာသီလောက်သာ ကစားနိုင်ဖို့ ရှိနေတာကြောင့် ဂွာဒီယိုလာအနေနဲ့ ဦးတည်ချက်ပြောင်းခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခံစစ်ပိုင်းအမှားအယွင်းတွေကြောင့် ချန်ပီယံဆုကို ကာကွယ်ခွင့်ဆုံးရှုံးခဲ့ရခြင်းအပေါ်မှာ ဂွာဒီယိုလာက စိတ်ကျေနပ်မှုမရှိခဲ့လို့ အားနည်းနေတဲ့ ခံစစ်ပိုင်းကို ပိုမိုအားဖြည့်ဖို့ ကြံရွယ်နေခဲ့တာဖြစ်ပါတယ်။

 

အဲရစ္ဂါစီယာေနရာမွာ အစားထိုးရန္အတြက္ အက္သလက္တီကိုမက္ဒရစ္ေနာက္ခံလူ ဂ်ီမီနက္စ္ကို ေခၚယူရန္ ႀကိဳးစားေနတဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းကေတာ့ ခံစစ္ပိုင္း အင္အားျဖည့္တင္းမႈအျဖစ္ အက္သလက္တီကိုအသင္းရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ဥ႐ုေဂြးေနာက္ခံလူ ဂ်ိဳစ့္ ဂ်ီမီနက္စ္ကို ေခၚယူဖို႔ ျပင္ဆင္လာခဲ့ၿပီျဖစ္ပါတယ္။အေစာပိုင္းမွာ နာပိုလီေနာက္ခံလူ ကူလီဘာေလကိုသာ ေခၚယူဖို႔ ရည္႐ြယ္ထားခဲ့ေပမယ့္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို သန္း ၈၀ ( ေပါင္ ၇၃.၂ သန္း) ကို ေပးေခ်လိုစိတ္မရွိတာေၾကာင့္ ဂ်ီမီနက္စ္ထံ ဦးလွည့္လာခဲ့တာျဖစ္ပါတယ္။

ဂ်ီမီနက္စ္ကို ေခၚယူမယ္ဆိုရင္လည္း ေပါင္ ၈၂ သန္းအထိ ေပးေခ်ရႏိုင္ေပမယ့္ အသက္အ႐ြယ္အရ ကာလရွည္သုံးလို႔ ရႏိုင္တာေၾကာင့္ ေ႐ြးခ်ယ္ခဲ့တာပါ။ နာပိုလီအသင္းရဲ႕ ဆီနီေဂါေနာက္ခံလူဟာ လက္ရွိအခ်ိန္မွာ ပိုမိုျမင့္မားတဲ့အဆင့္မွာ ရွိေနေပမယ့္ အသက္က ၂၉ ႏွစ္ရွိေနခဲ့ၿပီျဖစ္လို႔ ပရီးမီးယားလိဂ္လို ႀကံ့ခိုင္မႈ အသားေပးတဲ့လိဂ္ဟာ ၃ ရာသီေလာက္သာ ကစားႏိုင္ဖို႔ ရွိေနတာေၾကာင့္ ဂြာဒီယိုလာအေနနဲ႔ ဦးတည္ခ်က္ေျပာင္းခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ခံစစ္ပိုင္းအမွားအယြင္းေတြေၾကာင့္ ခ်န္ပီယံဆုကို ကာကြယ္ခြင့္ဆုံးရႈံးခဲ့ရျခင္းအေပၚမွာ ဂြာဒီယိုလာက စိတ္ေက်နပ္မႈမရွိခဲ့လို႔ အားနည္းေနတဲ့ ခံစစ္ပိုင္းကို ပိုမိုအားျဖည့္ဖို႔ ႀကံ႐ြယ္ေနခဲ့တာျဖစ္ပါတယ္။