ဒီဂျွန်ဂိုးသမား ရန်နာဆန် ကို ပေါင် ၁.၆ သန်းနဲ့ ခေါ်ယူရန် အာဆင်နယ်အသင်းသဘောတူညီမှု ရရှိ

အာဆင်နယ်အသင်းဟာ အသင်းက ထွက်ခွာသွားတဲ့ ဂိုးသမား မာတီနက်ဇ်နေရာမှာ အစားထိုးရန် ပြင်သစ်လီဂူး ၁ ကလပ် ဒီဂျွန်အသင်းက ရန်နာဆန်ကို ပေါင် ၁.၆ သန်းနဲ့ ခေါ်ယူရန် သဘောတူညီမှု ရရန် နီးစပ်နေပြီဖြစ်ပါတယ်။ အသင်းက ဂိုးသမား မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် အက်စတွန်ဗီလာအသင်းထံ ပြောင်းရွှေ့သွားခဲ့လို့ အာဆင်နယ်အသင်းဟာ ဂိုးသမား တစ်ယောက်ခေါ်ယူလိုနေတာပါ။

အသက် ၂၅ နှစ်အရွယ်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီက လီဂူး ၁ ကလပ်အသင်းအတွက် (၁၄) ပွဲကစားထားပေမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီမှာတော့ တစ်ပွဲမှ မကစားရသေးဘူး ဖြစ်ပါတယ်။ ပြင်သစ်လီဂူး ၁ ကလပ်အသင်းအတွက် (၃၆) ပွဲကစားထားတဲ့ ရန်နာဆန်ဟာ ကြာသပတေးနေ့မှာ လန်ဒန်ကို ဆေးစစ်ရန် လာရောက်မယ်လို့ သိရပါတယ်။

သို့သော်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်အသင်း ဒီတစ်ပတ်ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲအတွက် အသင်းနဲ့ အချိန်မီ ပူးပေါင်းနိုင်မလားဆိုတာ မသိသေးပါဘူး။ အာဆင်နယ်အသင်းဟာ ဘရန့်ဖိုဒ့်က ဂိုးသမား ရာယာကို ဆက်သွယ်မှုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီဂၽြန္ဂိုးသမား ရန္နာဆန္ ကို ေပါင္ ၁.၆ သန္းနဲ႔ ေခၚယူရန္ အာဆင္နယ္အသင္းသေဘာတူညီမႈ ရရွိ

အာဆင္နယ္အသင္းဟာ အသင္းက ထြက္ခြာသြားတဲ့ ဂိုးသမား မာတီနက္ဇ္ေနရာမွာ အစားထိုးရန္ ျပင္သစ္လီဂူး ၁ ကလပ္ ဒီဂၽြန္အသင္းက ရန္နာဆန္ကို ေပါင္ ၁.၆ သန္းနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရရန္ နီးစပ္ေနျပီျဖစ္ပါတယ္။ အသင္းက ဂိုးသမား မာတီနက္ဇ္ဟာ ပရီးမီးယားလိဂ္ျပိဳင္ဘက္ အက္စတြန္ဗီလာအသင္းထံ ေျပာင္းေရႊ႕သြားခဲ့လို႔ အာဆင္နယ္အသင္းဟာ ဂိုးသမား တစ္ေယာက္ေခၚယူလိုေနတာပါ။

အသက္ ၂၅ ႏွစ္အ႐ြယ္ဂိုးသမားဟာ ၿပီးခဲ့တဲ့ရာသီက လီဂူး ၁ ကလပ္အသင္းအတြက္ (၁၄) ပြဲကစားထားေပမယ့္ ၂၀၂၀-၂၁ ေဘာလုံးရာသီမွာေတာ့ တစ္ပြဲမွ မကစားရေသးဘူး ျဖစ္ပါတယ္။ ျပင္သစ္လီဂူး ၁ ကလပ္အသင္းအတြက္ (၃၆) ပြဲကစားထားတဲ့ ရန္နာဆန္ဟာ ၾကာသပေတးေန႔မွာ လန္ဒန္ကို ေဆးစစ္ရန္ လာေရာက္မယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း အသက္ ၂၅ ႏွစ္အရြယ္ ကစားသမားဟာ အာဆင္နယ္အသင္း ဒီတစ္ပတ္ကစားမယ့္ ၀က္စ္ဟမ္းအသင္းနဲ႔ ပြဲအတြက္ အသင္းနဲ႔ အခ်ိန္မီ ပူးေပါင္းႏိုင္မလားဆိုတာ မသိေသးပါဘူး။ အာဆင္နယ္အသင္းဟာ ဘရန္႔ဖိုဒ့္က ဂိုးသမား ရာယာကို ဆက္သြယ္မႈလုပ္ခဲ့ေသးတယ္လို႔ သိရပါတယ္။