လက်ရှိချန်ပီယံလီဗာပူးလ်နဲ့ ပွဲမတိုင်မီ ချဲလ်ဆီးအသင်းအတွက် ပထမဆုံး လေ့ကျင့်ရေးဆင်းနေတဲ့ သီယာဂိုဆေးလ်ဗားနဲ့ ဘင်ချီဝဲလ်

ချဲလ်ဆီးအသင်းက အသစ်ခေါ်ယူထားတဲ့ သီယာဂိုဆေးလ်ဗားနဲ့ ဘင်ချီဝဲလ်တို့ကို အသင်းဖော်တွေနဲ့ အတူတူ လေ့ကျင့်နေတာကို ပထမဆုံးအကြိမ် မြင်တွေခဲ့ရပါတယ်။ အသက် ၃၅ နှစ်အရွယ် ဝါရင့်ဘရာဇီးနောက်ခံလူဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ချဲလ်ဆီးအသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားဟာ ပြင်သစ်လီဂူး ၁ ချန်ပီယံအသင်းအတွက် ၈ နှစ်အတွင်း (၃၁၅) ပွဲကစားပေးခဲ့ပါတယ်။ ဘင်ချီဝဲလ်ဟာလည်း ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ရာသီအစပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူဖြစ်ပါတယ်။ ဘယ်နောက်ခံလူဟာ လက်စတာအသင်းကနေ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူထားပေမယ့် ပြီးခဲ့တဲ့ ရာသီမကုန်ခင်ကတည်းက ရရှိခဲ့တဲ့ ဖနောင့်ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့တာပါ။

သူဟာ အခုလေ့ကျင့်ရေးဆင်းနေပြီဖြစ်လို့ လာမယ့် အပတ်အတွင်း အသင်းအတွက် ပွဲထွက်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ တနလာၤနေ့ ညနေက ဘရိုက်တန်အသင်းနဲ့ ပွဲဦးထွက်မှာ (၃-၁) နဲ့ နိုင်ပွဲရခဲ့ပါတယ်။ နည်းပြလမ်းပတ်ရဲ့အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

လက္ရွိခ်န္ပီယံလီဗာပူးလ္နဲ႔ ပြဲမတိုင္မီ ခ်ဲလ္ဆီးအသင္းအတြက္ ပထမဆံုး ေလ့က်င့္ေရးဆင္းေနတဲ့ သီယာဂိုေဆးလ္ဗားနဲ႔ ဘင္ခ်ီ၀ဲလ္

ခ်ဲလ္ဆီးအသင္းက အသစ္ေခၚယူထားတဲ့ သီယာဂိုေဆးလ္ဗားနဲ႔ ဘင္ခ်ီ၀ဲလ္တို႔ကို အသင္းေဖာ္ေတြနဲ႔ အတူတူ ေလ့က်င့္ေနတာကို ပထမဆံုးအၾကိမ္ ျမင္ေတြခဲ့ရပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ၀ါရင့္ဘရာဇီးေနာက္ခံလူဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးျပီးေနာက္ ခ်ဲလ္ဆီးအသင္းနဲ႔ တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

သီယာဂိုေဆးလ္ဗားဟာ ျပင္သစ္လီဂူး ၁ ခ်န္ပီယံအသင္းအတြက္ ၈ ႏွစ္အတြင္း (၃၁၅) ပြဲကစားေပးခဲ့ပါတယ္။ ဘင္ခ်ီ၀ဲလ္ဟာလည္း ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ရာသီအစပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရသူျဖစ္ပါတယ္။ ဘယ္ေနာက္ခံလူဟာ လက္စတာအသင္းကေန ေပါင္သန္း ၅၀ နဲ႔ ေခၚယူထားေပမယ့္ ျပီးခဲ့တဲ့ ရာသီမကုန္ခင္ကတည္းက ရရွိခဲ့တဲ့ ဖေနာင့္ဒဏ္ရာေၾကာင့္ ပါ၀င္ကစားႏိုင္ျခင္းမရွိခဲ့တာပါ။

သူဟာ အခုေလ့က်င့္ေရးဆင္းေနျပီျဖစ္လို႔ လာမယ့္ အပတ္အတြင္း အသင္းအတြက္ ပြဲထြက္ကစားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ တနလာၤေန႔ ညေနက ဘရိုက္တန္အသင္းနဲ႔ ပြဲဦးထြက္မွာ (၃-၁) နဲ႔ ႏိုင္ပြဲရခဲ့ပါတယ္။ နည္းျပလမ္းပတ္ရဲ႕အသင္းဟာ လာမယ့္ တနဂၤေႏြေန႔မွာ လက္ရွိခ်န္ပီယံ လီဗာပူးလ္အသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။