သီယာဂိုကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ် နဲ့ လီဗာပူးလ်အသင်း သဘောတူညီမှုရ

လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို ကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ ဂျာမန်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့တဲ့ စပိန်လက်ရွေးစင်ကစားသမားကို ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဇူလိုင်လကတည်းက ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေးအဖြစ် ကနဦး လီဗာပူးလ်အသင်းဘက်က ပေါင်သန်း ၂၀ ပေးရမှာဖြစ်ပြီး အပိုဆုကြေး ပေါင် ၅ သန်းလည်း ထပ်ပေးရယ်လို့ လီဗာပူးလ်အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်အက်ဝဒ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဆွေးနွေးသဘောတူညီမှု ရခဲ့ပါတယ်။ သီယာဂိုဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒီနှစ်ဘောလုံးရာသီမှာ (၃၅) ပွဲကစားထားပြီး (၃) ဂိုးသွင်းပေးထားပါတယ်။


