ဒီရာသီ ချဲလ်ဆီးကို ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ကစားမယ့် ကစားသမား ၂၆ ဦးအထိ ရှိနေ

ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားကောင်းများစွာကို ခေါ်ယူထားတာကြောင့် အားလုံးရဲ့စောင့်ကြည့်ခံနေရတဲ့ ချဲလ်ဆီးဟာ အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမားတွေကိုလည်း အခြားအသင်းတွေထံ အဌားချတာ ၊ရောင်းချတာ တွေ ပြုလုပ်ထားပါတယ်။ ဒီလို ကစားသမားတွေကို အဌားချမှု ၊ ရောင်းချမှုတွေကတော့ ချဲလ်ဆီးကို ဒီရာသီမှာ ပြိုင်ဘက် အဖြစ် ပြန်လည်ရင်ဆိုင်မယ့် ကစားသမား ဦးရေက ၂၆ ဦးအထိရှိနေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဘရိုက်တန်နဲ့ကစားခဲ့တဲ့ပွဲမှာဆိုရင်လည်း ဘရိုက်တန်အသင်းရဲ့ ညာနောက်ခံလူ လန်ပါတေး ဟာ ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးနဲ့ ပွဲမှာဆို ရင်လည်း အဓိကတိုက်စစ်မှူး ဖြစ်တဲ့ ဆာလက်နဲ့ လူငယ်ကစားသမား ဘရူးစတားတို့ဟာ ချဲလ်ဆီးအသင်းနဲ့ သက်ဆိုင်ခဲ့ ဖူးတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးရဲ့ လန်ဒန်မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေမှာ ဆိုရင်လည်း ချဲလ်ဆီးအ သင်းနဲ့ ပတ်သက်တဲ့ ကစားသမား ၃ ယောက်စီရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်မှာတော့ ဒေးဗစ်လုဇ်၊ ဝီလီယံ နဲ့ လူငယ်ကစားသမား အန်ကီတီယာတို့ ရှိနေတာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်မှာတော့ အဌားချထားတဲ့ ဘတ်ရှုအာယီအပြင် ကာဟေးလ်နဲ့ ဗန်အန်ဟော့ တို့ ရှိနေတာပဲ ဖြစ်ပါတယ်။


မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်တဲ့ ယူနိုက်တက်နဲ့ မန်စီးတီးတို့မှာလည်း ချဲလ်ဆီးကစားသမားဟောင်းတွေရှိနေပြီး ယူနိုက် တက်မှာတော့ မာတာနဲ့ မာတစ် ၊ မန်စီးတီးမှာတော့ ဒီဘရူနီနဲ့ နသန်အကီတို့ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီရာသီပရီးမီးယား လိဂ်ကလပ်အသင်း ၂၀ မှာ ချဲလ်ဆီးအသင်းနဲ့ ပတ်သက်မှုမရှိတဲ့ အသင်း နှစ်သင်းပဲ ရှိပြီး ဒီနှစ်သင်းကတော့ လက်စတာနဲ့ ဝုလ်ဗာဟမ်တန်တို့ပဲ ဖြစ်ပါတယ်။

zawgyi version

ဒီရာသီ ခ်ဲလ္ဆီးကို ပရီးမီးယားလိဂ္မွာ ၿပိဳင္ဘက္အျဖစ္ ျပန္လည္ရင္ဆိုင္ကစားမယ့္ ကစားသမား ၂၆ ဦးအထိ ရွိေန
ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားေကာင္းမ်ားစြာကို ေခၚယူထားတာေၾကာင့္ အားလံုးရဲ႕ေစာင့္ၾကည့္ခံေနရတဲ့ ခ်ဲလ္ဆီးဟာ အသင္းမွာ မလိုအပ္ေတာ့တဲ့ ကစားသမားေတြကိုလည္း အျခားအသင္းေတြထံ အဌားခ်တာ ၊ေရာင္းခ်တာ ေတြ ျပဳလုပ္ထားပါတယ္။ ဒီလို ကစားသမားေတြကို အဌားခ်မႈ ၊ ေရာင္းခ်မႈေတြကေတာ့ ခ်ဲလ္ဆီးကို ဒီရာသီမွာ ျပိဳင္ဘက္ အျဖစ္ ျပန္လည္ရင္ဆိုင္မယ့္ ကစားသမား ဦးေရက ၂၆ ဦးအထိရွိေနတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက ဘရိုက္တန္နဲ႔ကစားခဲ့တဲ့ပြဲမွာဆိုရင္လည္း ဘရိုက္တန္အသင္းရဲ႕ ညာေနာက္ခံလူ လန္ပါေတး ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးပဲ ျဖစ္ပါတယ္။ လာမယ့္တနဂၤေႏြေန႔မွာ ကစားမယ့္ လီဗာပူးနဲ႔ ပြဲမွာဆို ရင္လည္း အဓိကတုိက္စစ္မွဴး ျဖစ္တဲ့ ဆာလက္နဲ႔ လူငယ္ကစားသမား ဘရူးစတားတို႔ဟာ ခ်ဲလ္ဆီးအသင္းန႔ဲ႔ သက္ဆိုင္ခဲ့ ဖူးတဲ့ ကစားသမားေတြပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးရဲ႕ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းေတြမွာ ဆိုရင္လည္း ခ်ဲလ္ဆီးအ သင္းနဲ႔ ပတ္သက္တဲ့ ကစားသမား ၃ ေယာက္စီရွိေနတယ္လို႔ သိရပါတယ္။ အာဆင္နယ္မွာေတာ့ ေဒးဗစ္လုဇ္၊ ဝီလီယံ နဲ႔ လူငယ္ကစားသမား အန္ကီတီယာတို႔ ရွိေနတာျဖစ္ၿပီး ခရစၥတယ္ပဲေလ့စ္မွာေတာ့ အဌားခ်ထားတဲ့ ဘတ္ရႈအာယီအျပင္ ကာေဟးလ္နဲ႔ ဗန္အန္ေဟာ့ တို႔ ရွိေနတာပဲ ျဖစ္ပါတယ္။
မန္ခ်က္စတာျမိဳ႕ခံႏွစ္သင္းျဖစ္တဲ့ ယူႏိုက္တက္နဲ႔ မန္စီးတီးတို႔မွာလည္း ခ်ဲလ္ဆီးကစားသမားေဟာင္းေတြရွိေနၿပီး ယူႏုိက္ တက္မွာေတာ့ မာတာနဲ႔ မာတစ္ ၊ မန္စီးတီးမွာေတာ့ ဒီဘရူနီနဲ႔ နသန္အကီတို႔ ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။ ဒီရာသီပရီးမီးယား လိဂ္ကလပ္အသင္း ၂၀ မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ပတ္သက္မႈမရွိတဲ့ အသင္း ႏွစ္သင္းပဲ ရွိၿပီး ဒီႏွစ္သင္းကေတာ့ လက္စတာနဲ႔ ဝုလ္ဗာဟမ္တန္တို႔ပဲ ျဖစ္ပါတယ္။