အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီးနောက်မှာ ဂန္တဝင်ကစားသမား အီယန်ရိုက်စ်ရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်

အာဆင်နယ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာမှ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်အနေနဲ့ ဂန္တဝင် ကစားသမား အီယန်ရိုက်ရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ အူဘာမီယန်ဟာ တစ်ပတ် လုပ်ခလစာ ပေါင်သုံးသိန်းခွဲအပြင် အပိုဆုကြေးတွေနဲ့အတူ သုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။


အာဆင်နယ်အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အီယန်ရိုက်ဟာ အသင်းအတွက် ပွဲပေါင်း ၂၈၈ ပွဲမှာ ၁၈၅ ဂိုးသွင်း ယူထားနိုင်တာကြောင့် လက်ရှိမှာ အသင်းအတွက် ၁၁၁ ပွဲကစားထားပြီး ၇၂ ဂိုးသွင်းယူထားနိုင်တဲ့ အူဘာမီယန်ကအီယန် ရိုက်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ်လို့ ထင်ကြေးပေးခံနေရတာဖြစ်ပါတယ်။ ကစားခဲ့တဲ့ပွဲအရေအတွက်နဲ့ သွင်းဂိုးကို အချိုးချ ကြည့်မယ်ဆိုရင်တော့ အူဘာမီယန်က အီယန်ရိုက်စ် ထက် ပိုကောင်းနေတာကို တွေ့ရပါတယ်။


အာဆင်နယ်အသင်းရဲ့ နောက်ထပ်ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင်ဟောင်း သီယာရီအွန်နရီက ပွဲ ပေါင်း ၃၇၇ ပွဲမှာ သွင်းဂိုး ၂၂၈ ဂိုးအထိသွင်းထားတာကြောင့် အူဘာမီယန်အနေနဲ့ အွန်နရီရဲ့ စံချိန်ကိုတော့ စာချုပ်သက် တမ်းအတွင်းမှာ ချိုးဖျက်နိုင်ဖို့ ခက်မယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။ စာချုပ်သစ်ချုပ်ဆိုလိုက်တာကြောင့် အသက် ၃၁ နှစ် ရှိနေပြီဖြစ်တဲ့ အူဘာမီယန်ဟာ ၂၀၂၃ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။


အသက် ၅၆ နှစ်ရှိနေပြီဖြစ်တဲ့ အီယန်ရိုက်စ်ကတော့ အူဘာမီယန်ကို သူအနေနဲ့ ချစ်ခင်နှစ်သက်ပြီး အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်ကြောင်းလည်း ပြောခဲ့ပါတယ်။ အူဘာမီယန်ဟာ ၂၀၁၈ ခုနှစ်တုန်းက ဒေါ့မန် အသင်းကနေ ပေါင် ၅၇.၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် အသင်းခေါင်းဆောင်အဖြစ် လက်ရှိမှာ ကစားနေပြီး ခြေစွမ်းပြနေတဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးၿပီးေနာက္မွာ ဂႏၱဝင္ကစားသမား အီယန္ရိုက္စ္ရဲ႕ ဂိုးသြင္းစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မယ္လို႔ ထင္ေၾကးေပးခံထားရတဲ့ အာဆင္နယ္ တိုက္စစ္မွဴး အူဘာမီယန္
အာဆင္နယ္နဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာမွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္အေနနဲ႔ ဂႏၱဝင္ ကစားသမား အီယန္ရိုက္ရဲ႕ ဂိုးသြင္းစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မယ္လို႔ ထင္ေၾကးေပးခံထားရပါတယ္။ အူဘာမီယန္ဟာ တစ္ပတ္ လုပ္ခလစာ ေပါင္သံုးသိန္းခြဲအျပင္ အပိုဆုေၾကးေတြနဲ႔အတူ သံုးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာပဲ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းရဲ႕ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္တဲ့ အီယန္ရိုက္ဟာ အသင္းအတြက္ ပြဲေပါင္း ၂၈၈ ပြဲမွာ ၁၈၅ ဂိုးသြင္း ယူထားႏိုင္တာေၾကာင့္ လက္ရွိမွာ အသင္းအတြက္ ၁၁၁ ပြဲကစားထားၿပီး ၇၂ ဂိုးသြင္းယူထားႏိုင္တဲ့ အူဘာမီယန္ကအီယန္ ရိုက္ရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မယ္လို႔ ထင္ေၾကးေပးခံေနရတာျဖစ္ပါတယ္။ ကစားခဲ့တဲ့ပြဲအေရအတြက္နဲ႔ သြင္းဂိုးကို အခ်ိဳးခ် ၾကည့္မယ္ဆိုရင္ေတာ့ အူဘာမီယန္က အီယန္ရိုက္စ္ ထက္ ပိုေကာင္းေနတာကို ေတြ႕ရပါတယ္။
အာဆင္နယ္အသင္းရဲ႕ ေနာက္ထပ္ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္တဲ့ အသင္းေခါင္းေဆာင္ေဟာင္း သီယာရီအြန္နရီက ပြဲ ေပါင္း ၃၇၇ ပြဲမွာ သြင္းဂိုး ၂၂၈ ဂိုးအထိသြင္းထားတာေၾကာင့္ အူဘာမီယန္အေနနဲ႔ အြန္နရီရဲ႕ စံခ်ိန္ကိုေတာ့ စာခ်ဳပ္သက္ တမ္းအတြင္းမွာ ခ်ိဳးဖ်က္ႏိုင္ဖို႔ ခက္မယ္လို႔လည္း ေဖာ္ျပခဲ့ၾကပါတယ္။ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တာေၾကာင့္ အသက္ ၃၁ ႏွစ္ ရွိေနၿပီျဖစ္တဲ့ အူဘာမီယန္ဟာ ၂၀၂၃ ခုႏွစ္အထိ အသင္းမွာ ဆက္ရွိေနမွာပဲ ျဖစ္ပါတယ္။
အသက္ ၅၆ ႏွစ္ရွိေနၿပီျဖစ္တဲ့ အီယန္ရိုက္စ္ကေတာ့ အူဘာမီယန္ကို သူအေနနဲ႔ ခ်စ္ခင္ႏွစ္သက္ၿပီး အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့အတြက္လည္း ေက်နပ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ အူဘာမီယန္ဟာ ၂၀၁၈ ခုႏွစ္တုန္းက ေဒါ့မန္ အသင္းကေန ေပါင္ ၅၇.၄ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ေပမယ့္ အသင္းေခါင္းေဆာင္အျဖစ္ လက္ရွိမွာ ကစားေနၿပီး ေျခစြမ္းျပေနတဲ့သူလည္း ျဖစ္ပါတယ္။