ငါးနှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့ပေမယ့် အမှတ်တရ ရုပ်သံရိုက်ကူးဖော်ပြရာမှာတော့ ၂၅ မိနစ်လောက်ပဲ ဖော်ပြခံရတဲ့ စပါး နည်းပြဟောင်း ပိုချက်တီနို

စပါးအသင်းနဲ့ အတူ အောင်မြင်မှု မရခဲ့ဘူးဆိုပေမယ့် အသင်းကို အသင်းကောင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ တဲ့ ပိုချက်တီနိုဟာ အသင်းကို ငါးနှစ်ခွဲတာ တာဝန်ယူခဲ့ပေမယ့် စပါးအသင်းရဲ့ အမှတ်တရရုပ်သံရိုက်ကူးမှုမှာတော့ ၂၅ မိ နစ်စာလောက်ပဲ ဖော်ပြခံခဲ့ရတယ်လို့ သိရပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စပါးနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရပြီးနောက်မှာ အသင်းအနေနဲ့ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။


Amazon ကနေ ရိုက်ကူးတင်ဆက်တဲ့ စပါးအသင်းရဲ့ အမှတ်တရရုပ်သံမှာတော့ စပါးနည်းပြဟောင်းပိုချက်တီနိုနဲ့ သူရဲ့ လက်ထောက်ဖြစ်တဲ့ ဂျီးဆပ်စ်ပီရက်ဇ် တို့ဟာ ၂၅ မိနစ်စာလောက်ပဲ ဖော်ပြခံရမှုအတွက် ခံစားရကြောင်း ပိုချက်တီနိုက ပြောခဲ့ပါတယ်။ Between The Lines podcast ကနေတဆင့် ပိုချက်တီနိုက “ ကျွန်တော်နဲ့ ဂျီးဆပ်စ်တို့ကို ရုပ်သံရိုက်ကူး မှု ပြုလုပ်ထား တီဗီစီးရီးတွဲထဲမှာ ၂၅ မိနစ်လောက်ပဲ တွေ့ရပါတယ်။ ကျွန်တော်တို့တွေဟာ အသင်းမှာ ၅နှစ်ခွဲလောက် တာဝန်ထမ်းဆောင်ခဲ့သူတွေ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အသင်းနဲ့ လမ်းခွဲပြီးနောက်မှာ အခြားအသင်းတွေကို နည်းပြလုပ်ဖို့ ရေပန်းစား မှုတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ ပိုချက်တီနို ဟာ ယူနိုက်တက်၊ ဘာစီလိုနာ၊ ရီးရဲလ်အသင်းနည်းပြ ဖြစ်လာဖို့အတွက် ရေပန်းစားခဲ့သူလည်း ဖြစ်ပါတယ်။


စပါးနည်းပြဟောင်း ပိုချက်တီနိုက လက်ရှိအသင်းနည်းပြဖြစ်တဲ့ မော်ရင်ဟိုနဲ့ ရင်းနှီးတဲ့သူတွေဖြစ်ပြီး အသင်းအနေနဲ့ မော် ရင်ဟိုရဲ့ လက်အောက်မှာ အောင်မြင်မှုတွေရရှိနိုင်မယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ ပိုချက်တီနိုက စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် အသင်းပရိသတ်တွေနဲ့ အသင်းမှာ ရှိတဲ့ကစားသမားတွေကိုတော့ သူအနေနဲ့ ချစ်ခင်နှစ်သက်မှုရှိ ကြောင်းလည်း ပြောခဲ့ပါတယ်။

zawgyi version

ငါးႏွစ္ခြဲ တာဝန္ထမ္းေဆာင္ခဲ့ေပမယ့္ အမွတ္တရ ရုပ္သံရိုက္ကူးေဖာ္ျပရာမွာေတာ့ ၂၅ မိနစ္ေလာက္ပဲ ေဖာ္ျပခံရတဲ့ စပါး နည္းျပေဟာင္း ပိုခ်က္တီႏို
စပါးအသင္းနဲ႔ အတူ ေအာင္ျမင္မႈ မရခဲ့ဘူးဆိုေပမယ့္ အသင္းကို အသင္းေကာင္းတစ္သင္းျဖစ္ေအာင္ တည္ေဆာက္ႏိုင္ခဲ့ တဲ့ ပိုခ်က္တီႏိုဟာ အသင္းကို ငါးႏွစ္ခြဲတာ တာဝန္ယူခဲ့ေပမယ့္ စပါးအသင္းရဲ႕ အမွတ္တရရုပ္သံရိုက္ကူးမႈမွာေတာ့ ၂၅ မိ နစ္စာေလာက္ပဲ ေဖာ္ျပခံခဲ့ရတယ္လို႔ သိရပါတယ္။ ပိုခ်က္တီႏိုဟာ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက စပါးနည္းျပအျဖစ္ကေန ထုတ္ပယ္ခံရၿပီးေနာက္မွာ အသင္းအေနနဲ႔ ေမာ္ရင္ဟိုကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့တာပဲ ျဖစ္ပါတယ္။
Amazon ကေန ရိုက္ကူးတင္ဆက္တဲ့ စပါးအသင္းရဲ႕ အမွတ္တရရုပ္သံမွာေတာ့ စပါးနည္းျပေဟာင္းပိုခ်က္တီႏိုနဲ႔ သူရဲ႕ လက္ေထာက္ျဖစ္တဲ့ ဂ်ီးဆပ္စ္ပီရက္ဇ္ တို႔ဟာ ၂၅ မိနစ္စာေလာက္ပဲ ေဖာ္ျပခံရမႈအတြက္ ခံစားရေၾကာင္း ပိုခ်က္တီႏိုက ေျပာခဲ့ပါတယ္။ Between The Lines podcast ကေနတဆင့္ ပိုခ်က္တီႏိုက “ ကြ်န္ေတာ္နဲ႔ ဂ်ီးဆပ္စ္တို႔ကို ရုပ္သံရိုက္ကူး မႈ ျပဳလုပ္ထား တီဗီစီးရီးတြဲထဲမွာ ၂၅ မိနစ္ေလာက္ပဲ ေတြ႕႔ရပါတယ္။ ကြ်န္ေတာ္တို႔ေတြဟာ အသင္းမွာ ၅ႏွစ္ခြဲေလာက္ တာဝန္ထမ္းေဆာင္ခဲ့သူေတြ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
စပါးအသင္းနည္းျပေဟာင္း ပိုခ်က္တီႏိုဟာ အသင္းနဲ႔ လမ္းခြဲၿပီးေနာက္မွာ အျခားအသင္းေတြကို နည္းျပလုပ္ဖို႔ ေရပန္းစား မႈေတြ ထြက္ေပၚခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ အသင္းလက္မဲ့ျဖစ္ေနတဲ့ နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။ ပိုခ်က္တီႏို ဟာ ယူႏိုက္တက္၊ ဘာစီလိုနာ၊ ရီးရဲလ္အသင္းနည္းျပ ျဖစ္လာဖို႔အတြက္ ေရပန္းစားခဲ့သူလည္း ျဖစ္ပါတယ္။
စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုက လက္ရွိအသင္းနည္းျပျဖစ္တဲ့ ေမာ္ရင္ဟိုနဲ႔ ရင္းႏွီးတဲ့သူေတြျဖစ္ၿပီး အသင္းအေနနဲ႔ ေမာ္ ရင္ဟိုရဲ႕ လက္ေအာက္မွာ ေအာင္ျမင္မႈေတြရရွိႏိုင္မယ္လို႔လည္း မွတ္ခ်က္ျပဳခဲ့ပါတယ္။ ပိုခ်က္တီႏိုက စပါးအသင္းကေန ထုတ္ပယ္ခံခဲ့ရေပမယ့္ အသင္းပရိသတ္ေတြနဲ႔ အသင္းမွာ ရွိတဲ့ကစားသမားေတြကိုေတာ့ သူအေနနဲ႔ ခ်စ္ခင္ႏွစ္သက္မႈရွိ ေၾကာင္းလည္း ေျပာခဲ့ပါတယ္။