အမှားလုပ်ရင် နေရာပျောက်နိုင်ကြောင်း နည်းပြ ဆိုးလ်ရှားရဲ့ သတိပေးတာကို ခံလိုက်ရတဲ့ ဂရင်းဝုဒ်

အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရပြီးနောက် အပြစ်ကျူးလွန်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း အမှားတွေထပ်ပြီး ပြုလုပ်ခဲ့မယ်ဆိုရင် အသင်းမှာ နေရာပျောက်နိုင်ကြောင်း သတိပေးခဲ့တယ်လို့ သိရ ပါတယ်။ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ကိုဗစ်အလွန်ပြန်ကစားတဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက်အတွက် ခြေစွမ်း ပြနိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်းကြီးအတွက် ရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


The Sun သတင်းစာရဲ့ ဖော်ပြချက်အရ လာမယ့်စနေနေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်ခင်မှာ နည်းပြဆိုးလ် ရှားက ဂရင်းဝုဒ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး နောက်ထပ်အမှားကျူးလွန်တာမျိုးရှိလာခဲ့ရင် အသင်းမှာ နေရာပျောက်နိုင်ကြောင်း သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။ သတင်းတွေအရတော့ အင်္ဂလန်အသင်းနဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဂရင်းဝုဒ်က ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကို တောင်းပန်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဂရင်းဝုဒ်အနေနဲ့ အသင်းရဲ့ ဝက်ဘ်ဆိုဒ်ကနေတဆင့် “ အခုလိုကစားခွင့်ရဖို့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ။ အမှား တစ်ခုကို ကျူးလွန်မိတာကြောင့် နေရာပျောက်မှာကို စိုးရိမ်ပါတယ်။ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် အားလုံးကိုတောင်းပန်ပါ တယ်။ ကျွန်တော်ကို ယုံကြည်ပေးခဲ့တဲ့သူတွေအတွက် အကောင်းဆုံးပြန်လည်ပေးဆပ်သွားဖို့ လုပ်ဆောင်သွားမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။


ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အသင်းတိုက်စစ်မှာ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ တွဲပြီး ခြေစွမ်းပြနိုင်ခဲ့သလို အသင်းအတွက်လည်း ပြိုင်ပွဲစုံမှာ ၁၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲ ဖြစ်တဲ့ အက်စ်တွန်ဗီလာကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာတော့ ဂရင်းဝုဒ်အနေနဲ့ ပါဝင်ကစားခွင့်မရခဲ့တာ တွေ့ရပါတယ်။ အက်စ်တွန်ဗီလာနဲ့ ပွဲမှာတော့ ဂရိမှာ ရန်ပွဲဖြစ်ပွားခဲ့တဲ့ မက်ဂွိုင်းယား ကတော့ ပါဝင်ကစားခဲ့ပါတယ်။

zawgyi version

အမွားလုပ္ရင္ ေနရာေပ်ာက္ႏိုင္ေၾကာင္း နည္းျပ ဆိုးလ္ရွားရဲ႕ သတိေပးတာကို ခံလိုက္ရတဲ့ ဂရင္းဝုဒ္
အဂၤလန္အသင္းမွာ ေရြးခ်ယ္္ခံရၿပီးေနာက္ အျပစ္က်ဴးလြန္ခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့ ဂရင္းဝုဒ္ကို ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း အမွားေတြထပ္ၿပီး ျပဳလုပ္ခဲ့မယ္ဆိုရင္ အသင္းမွာ ေနရာေပ်ာက္ႏိုင္ေၾကာင္း သတိေပးခဲ့တယ္လို႔ သိရ ပါတယ္။ အသက္ ၁၈ ႏွစ္ပဲ ရွိေသးတဲ့ ဂရင္းဝုဒ္ဟာ ကိုဗစ္အလြန္ျပန္ကစားတဲ့ ပြဲစဥ္ေတြမွာ ယူႏိုက္တက္အတြက္ ေျခစြမ္း ျပႏိုင္ခဲ့တာေၾကာင့္ အဂၤလန္အသင္းၾကီးအတြက္ ေရြးခ်ယ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ လာမယ့္စေနေန႔မွာ ကစားမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမတိုင္ခင္မွာ နည္းျပဆိုးလ္ ရွားက ဂရင္းဝုဒ္နဲ႔ ေတြ႕ဆံုခဲ့တာျဖစ္ၿပီး ေနာက္ထပ္အမွားက်ဴးလြန္တာမ်ိဳးရွိလာခဲ့ရင္ အသင္းမွာ ေနရာေပ်ာက္ႏိုင္ေၾကာင္း သတိေပးခဲ့တာပဲ ျဖစ္ပါတယ္။ သတင္းေတြအရေတာ့ အဂၤလန္အသင္းနဲ႔ ျဖစ္ပြားခဲ့တဲ့ ကိစၥရပ္နဲ႔ ပတ္သက္ၿပီး ဂရင္းဝုဒ္က ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကို ေတာင္းပန္မႈျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
ဂရင္းဝုဒ္အေနနဲ႔ အသင္းရဲ႕ ဝက္ဘ္ဆိုဒ္ကေနတဆင့္ “ အခုလိုကစားခြင့္ရဖို႔အတြက္ ခက္ခက္ခဲခဲၾကိဳးစားခဲ့ရတာပါ။ အမွား တစ္ခုကို က်ဴးလြန္မိတာေၾကာင့္ ေနရာေပ်ာက္မွာကို စိုးရိမ္ပါတယ္။ ျဖစ္ခဲ့တဲ့ ကိစၥရပ္ေတြအတြက္ အားလံုးကိုေတာင္းပန္ပါ တယ္။ ကြ်န္ေတာ္ကို ယံုၾကည္ေပးခဲ့တဲ့သူေတြအတြက္ အေကာင္းဆံုးျပန္လည္ေပးဆပ္သြားဖို႔ လုပ္ေဆာင္သြားမွာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။
ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ယူႏိုက္တက္အသင္းတိုက္စစ္မွာ မာရွယ္၊ ရက္ရွ္ဖို႔ဒ္တို႔နဲ႔ တြဲၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို အသင္းအတြက္လည္း ၿပိဳင္ပြဲစံုမွာ ၁၇ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲမတိုင္ခင္ ေနာက္ဆံုးေျခစမ္းပြဲ ျဖစ္တဲ့ အက္စ္တြန္ဗီလာကို တစ္ဂိုးဂိုးမရွိနဲ႔ ရႈံးတဲ့ပြဲမွာေတာ့ ဂရင္းဝုဒ္အေနနဲ႔ ပါဝင္ကစားခြင့္မရခဲ့တာ ေတြ႕ရပါတယ္။ အက္စ္တြန္ဗီလာနဲ႔ ပြဲမွာေတာ့ ဂရိမွာ ရန္ပြဲျဖစ္ပြားခဲ့တဲ့ မက္ဂြိဳင္းယား ကေတာ့ ပါဝင္ကစားခဲ့ပါတယ္။¬¬