ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးရတဲ့ ကစားသမားအဖြစ် ယူနိုက်တက်ဂိုးသမား ဒီဂီယာ ဆက်လက်ရပ်တည်နေခဲ့

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် တစ်ပတ်လုပ်ခလစာပေါင် သုံးသိန်းခွဲအပြင် အပို ဆုကြေးတွေပါ ရရှိမှာဖြစ်တာကြောင့် အူဘာမီယန်အနေနဲ့ အာဆင်နယ်အသင်းရဲ့ လစာငွေအများဆုံးကစားသမားဖြစ်လာ ခဲ့သလို ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေထဲမှာ လစာအများဆုံးရတဲ့ ကစားသမားစာရင်းထဲမှာလည်း ပါဝင်လာခဲ့ပါတယ်။


အာဆင်နယ်အသင်းမှာ လစာအများဆုံးရရှိနေတဲ့ ကွင်းလယ်လူ အိုဇေးလ်ရဲ့ တစ်ပတ်လုပ်ခပေါင်သုံးသိန်းခွဲကို အူဘာမီ ယန်အနေနဲ့ အပိုဆုကြေးတွေကြောင့် ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ တစ်ပတ်လုပ်ခလစာအများဆုံးရနေတဲ့ ယူနိုက်တက်ဂိုးသမား ဒီဂီယာရဲ့ တစ်ပတ်လုပ်ခပေါင် ၃၇၅,၀၀၀ နဲ့ အပိုဆုကြေးခံစားခွင့်ကိုတော့ မကျော်နိုင်ခဲ့တာကြောင့် လစာအများဆုံးရတဲ့ ကစားသမားစာရင်းမှာ ဒုတိယနေရာမှာပဲ ရှိနေတာဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ထိပ်ဆုံး ၆ သင်းမှာ တစ်ပတ်လုပ်ခလစာအများဆုံးရထားတဲ့ ကစားသမားတွေကတော့ မန်စီးတီးအတွက် စတာလင်းက ပေါင်သုံးသိန်း၊ လီဗာပူးအတွက် ဆာလက်က ပေါင် နှစ်သိန်းနှစ်သောင်း၊ ချဲလ်ဆီးအတွက် ကစားသမားသစ် ဘင်ချီဝဲလ် က ပေါင်တစ်သိန်းကိုးသောင်း နဲ့ စပါးအတွက် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ပေါင်နှစ်သိန်းတို့ ရရှိနေ ကြတာပဲ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်မှာ လစာအများဆုံးရတဲ့ နည်းပြအဖြစ်တော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဦးဆောင်နေပြီး ဂျာဂင် ကလော့ပ် ၊ မော်ရင်ဟို ၊ အန်ဆယ်လော့တီနဲ့ ဖရန့်လမ်းပတ်တို့က အစဉ်လိုက်ရပ်တည်နေတာ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ဂွါဒီယိုလာအနေနဲ့ တစ်နှစ်ကို လုပ်ခလစာပေါင် သန်း ၂၀ အထိ ရရှိနေတယ်လို့ သိရပါတယ်။ ဂျာဂင်ကလောပ် နဲ့ မော်ရင်ဟိုတို့ကတော့ တစ်နှစ်ကို လုပ်ခလစာပေါင် ၁၅ သန်းစီရရှိနေတာဖြစ်ပါတယ်။

zawgyi version

ပရီးမီးယားလိဂ္ရဲ႕ လစာအမ်ားဆံုးရတဲ့ ကစားသမားအျဖစ္ ယူႏိုက္တက္ဂိုးသမား ဒီဂီယာ ဆက္လက္ရပ္တည္ေနခဲ့
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာေၾကာင့္ တစ္ပတ္လုပ္ခလစာေပါင္ သံုးသိန္းခြဲအျပင္ အပို ဆုေၾကးေတြပါ ရရွိမွာျဖစ္တာေၾကာင့္ အူဘာမီယန္အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ လစာေငြအမ်ားဆံုးကစားသမားျဖစ္လာ ခဲ့သလို ပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ကစားသမားေတြထဲမွာ လစာအမ်ားဆံုးရတဲ့ ကစားသမားစာရင္းထဲမွာလည္း ပါဝင္လာခဲ့ပါတယ္။
အာဆင္နယ္အသင္းမွာ လစာအမ်ားဆံုးရရွိေနတဲ့ ကြင္းလယ္လူ အိုေဇးလ္ရဲဲ႕ တစ္ပတ္လုပ္ခေပါင္သံုးသိန္းခြဲကို အူဘာမီ ယန္အေနနဲ႔ အပိုဆုေၾကးေတြေၾကာင့္ ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ တစ္ပတ္လုပ္ခလစာအမ်ားဆံုးရေနတဲ့ ယူႏိုက္တက္ဂိုးသမား ဒီဂီယာရဲ႕ တစ္ပတ္လုပ္ခေပါင္ ၃၇၅,၀၀၀ နဲ႔ အပိုဆုေၾကးခံစားခြင့္ကိုေတာ့ မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ လစာအမ်ားဆံုးရတဲ့ ကစားသမားစာရင္းမွာ ဒုတိယေနရာမွာပဲ ရွိေနတာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ထိပ္ဆံုး ၆ သင္းမွာ တစ္ပတ္လုပ္ခလစာအမ်ားဆံုးရထားတဲ့ ကစားသမားေတြကေတာ့ မန္စီးတီးအတြက္ စတာလင္းက ေပါင္သံုးသိန္း၊ လီဗာပူးအတြက္ ဆာလက္က ေပါင္ ႏွစ္သိန္းႏွစ္ေသာင္း၊ ခ်ဲလ္ဆီးအတြက္ ကစားသမားသစ္ ဘင္ခ်ီဝဲလ္ က ေပါင္တစ္သိန္းကိုးေသာင္း နဲ႔ စပါးအတြက္ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက ေပါင္ႏွစ္သိန္းတို႔ ရရွိေန ၾကတာပဲ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္မွာ လစာအမ်ားဆံုးရတဲ့ နည္းျပအျဖစ္ေတာ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဦးေဆာင္ေနၿပီး ဂ်ာဂင္ ကေလာ့ပ္ ၊ ေမာ္ရင္ဟို ၊ အန္ဆယ္ေလာ့တီနဲ႔ ဖရန္႔လမ္းပတ္တို႔က အစဥ္လိုက္ရပ္တည္ေနတာ ျဖစ္ပါတယ္။ မန္စီးတီး နည္းျပ ဂြါဒီယိုလာအေနနဲ႔ တစ္ႏွစ္ကို လုပ္ခလစာေပါင္ သန္း ၂၀ အထိ ရရွိေနတယ္လို႔ သိရပါတယ္။ ဂ်ာဂင္ကေလာပ္ နဲ႔ ေမာ္ရင္ဟိုတို႔ကေတာ့ တစ္ႏွစ္ကို လုပ္ခလစာေပါင္ ၁၅ သန္းစီရရွိေနတာျဖစ္ပါတယ္။