လီဗာပူးက စိတ်ဝင်စားနေတဲ့အချိန်မှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်ဆိုပြီး ပြောခဲ့တဲ့ တီမိုဝါနာ

နွေရာသီအပြောင်းအရွှေ့မှာ လစ်ပ်ဇစ်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ တီမိုဝါနာက ချဲလ်ဆီးကို မပြောင်းရွှေ့ခင်မှာ လီ ဗာပူးရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာကြောင့် သူအနေနဲ့ အသင်းသစ်ဖြစ်လာမယ့် ချဲလ်ဆီးကို ပြောင်းဖို့အတွက် ခက်ခက် ခဲခဲ ဆုံးဖြတ်ခဲ့ရကြောင်း ပြောခဲ့ပါတယ်။ လစ်ပ်ဇစ်မှာ ခြေစွမ်းပြနေတဲ့ တီမိုဝါနာကို လီဗာပူးက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေ မယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားခဲ့တာကြောင့် မခေါ်ယူဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးကတော့ လီဗာပူးထက်အရင် လက်ဦးမှုရယူကာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မဖွင့်ခင်ကတည်းက တီမိုဝါနာ ရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၄၇.၅ သန်းပေးပြီး အပြီးသတ်ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူခဲ့တာပဲ ဖြစ်ပါ တယ်။ တီမိုဝါနာဟာ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီးနောက်မှာလည်း ပထမဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ အသင်း အတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။


တီမိုဝါနာက “ လစ်ပ်ဇစ်ကနေ ထွက်ဖို့ ဆုံးဖြတ်ပြီးနောက်မှာ ချဲလ်ဆီးအပြင် အခြားကလပ်အသင်းတွေနဲ့လည်း စကားပြော ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ အများကြီးမပြောဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် လီဗာပူးက အသင်းကြီးတစ်သင်းဖြစ်နေတာ ကြောင့်ပါ။ လီဗာပူးရဲ့စိတ်ဝင်စားခြင်းခံရတာကြောင့် စိတ်လှုပ်ရှားခဲ့ရသလို ပျော်လည်း ပျော်မိပါတယ်။ ဒါပေမယ့် နှစ်လအ ကြာမှာတော့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး တီမိုဝါနာက ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ရခြင်းနဲ့ ပတ်သက်ပြီး အဓိကအကြောင်းအရင်းကတော့ နည်းပြလမ်း ပတ်၊ ပီတာချက်နဲ့ ဂျာမနီအသင်းဖော် ရူဒီဂါတို့ကြောင့် ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ အသင်းကို ပြောင်းလဲမှုတွေပြုလုပ်ထားတဲ့ ချဲလ်ဆီးနဲ့ချန်ပီယံလီဗာပူးတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် ချဲလ်ဆီးရဲ့အိမ် ကွင်းဖြစ်တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားမှာပဲ ဖြစ်ပါတယ်။

zawgyi version

လီဗာပူးက စိတ္ဝင္စားေနတဲ့အခ်ိန္မွာ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ဖို႔ ခက္ခက္ခဲခဲ ဆံုးျဖတ္ခဲ့ရတယ္ဆိုၿပီး ေျပာခဲ့တဲ့ တီမိုဝါနာ
ေႏြရာသီအေျပာင္းအေရႊ႕မွာ လစ္ပ္ဇစ္ကေန ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ခဲ့တဲ့ တီမိုဝါနာက ခ်ဲလ္ဆီးကို မေျပာင္းေရႊ႕ခင္မွာ လီ ဗာပူးရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရတာေၾကာင့္ သူအေနနဲ႔ အသင္းသစ္ျဖစ္လာမယ့္ ခ်ဲလ္ဆီးကို ေျပာင္းဖို႔အတြက္ ခက္ခက္ ခဲခဲ ဆံုးျဖတ္ခဲ့ရေၾကာင္း ေျပာခဲ့ပါတယ္။ လစ္ပ္ဇစ္မွာ ေျခစြမ္းျပေနတဲ့ တီမိုဝါနာကို လီဗာပူးက ေခၚယူဖို႔ လုပ္ေဆာင္ခဲ့ေပ မယ့္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားခဲ့တာေၾကာင့္ မေခၚယူျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးကေတာ့ လီဗာပူးထက္အရင္ လက္ဦးမႈရယူကာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မဖြင့္ခင္ကတည္းက တီမိုဝါနာ ရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၄၇.၅ သန္းေပးၿပီး အၿပီးသတ္ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရယူခဲ့တာပဲ ျဖစ္ပါ တယ္။ တီမိုဝါနာဟာ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာၿပီးေနာက္မွာလည္း ပထမဆံုးကစားခဲ့တဲ့ ဘရိုက္တန္နဲ႔ပြဲမွာ အသင္း အတြက္ ပထမဆံုးဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။
တီမိုဝါနာက “ လစ္ပ္ဇစ္ကေန ထြက္ဖို႔ ဆံုးျဖတ္ၿပီးေနာက္မွာ ခ်ဲလ္ဆီးအျပင္ အျခားကလပ္အသင္းေတြနဲ႔လည္း စကားေျပာ ျဖစ္ခဲ့ပါတယ္။ဒါေပမဲ့ အမ်ားၾကီးမေျပာျဖစ္ခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ လီဗာပူးက အသင္းၾကီးတစ္သင္းျဖစ္ေနတာ ေၾကာင့္ပါ။ လီဗာပူးရဲ႕စိတ္ဝင္စားျခင္းခံရတာေၾကာင့္ စိတ္လႈပ္ရွားခဲ့ရသလို ေပ်ာ္လည္း ေပ်ာ္မိပါတယ္။ ဒါေပမယ့္ ႏွစ္လအ ၾကာမွာေတာ့ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ဖို႔အတြက္ ခက္ခက္ခဲခဲ ဆံုးျဖတ္ခဲ့ရတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး တီမိုဝါနာက ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ခဲ့ရျခင္းနဲ႔ ပတ္သက္ၿပီး အဓိကအေၾကာင္းအရင္းကေတာ့ နည္းျပလမ္း ပတ္၊ ပီတာခ်က္နဲ႔ ဂ်ာမနီအသင္းေဖာ္ ရူဒီဂါတို႔ေၾကာင့္ ျဖစ္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ လာမယ့္ တနဂၤေႏြေန႔မွာေတာ့ အသင္းကို ေျပာင္းလဲမႈေတြျပဳလုပ္ထားတဲ့ ခ်ဲလ္ဆီးနဲ႔ခ်န္ပီယံလီဗာပူးတို႔ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ အျဖစ္ ခ်ဲလ္ဆီးရဲ႕အိမ္ ကြင္းျဖစ္တဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ယွဥ္ၿပိဳင္ကစားမွာပဲ ျဖစ္ပါတယ္။