လန်ဒန်ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လာဖို့ ဂါရတ်ဘေးလ် စောင့်ဆိုင်းနေတယ်လို့ အေးဂျင့်ဖြစ်သူ ပြောဆို

ရီးရဲလ်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်ပေါ်နေခဲ့တဲ့ ဂါရတ် ဘေးလ်ဟာ နောက်ဆုံးမှာတော့ အသင်းဟောင်းဖြစ်တဲ့ စပါးအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် ကလပ်နှစ်သင်း ကြား သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ တရားဝင်ထုတ်ဖော်ပြောကြားမှု မဟုတ်သေးပေမယ့် အပြောင်းအရွှေ့ဖြစ်ဖို့ ရာခိုင်နှုန်းနီးပါးဖြစ်နေတာကြောင့် ဂါရတ်ဘေးလ်ရဲ့အေးဂျင့်ကတော့ သူရဲ့ကစားသမားအနေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လန်ဒန်ကို လာဖို့ စောင့်ဆိုင်းနေတယ်ဆိုပြီး SkySports ကို ပြောခဲ့ပါတယ်။


စပါးနည်းပြ မော်ရင်ဟိုကလည်း ဘူဂေးလ်ရီးယားကလပ် ပလိုဒစ်ဗ်ရဲ့ ကစားမယ့် ယူရိုပါလိဂ်ခြေစစ်ပွဲ မတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂါရတ်ဘေးလ်ကို အသင်းကခေါ်ယူမယ့်သတင်းတွေနဲ့ ပတ်သက်ပြီးမေးမြန်းမှုတွေကိုတော့ သူမသိဘူးဆိုပြီး ငြင်းဆန်သွားခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အတူ စပါးကနေ ရီးရဲလ်ကို ပြောင်းရွှေ့သွားခဲ့သူလည်း ဖြစ်ပါတယ်။


Dailymail သတင်းဌာနကတော့ စပါးအနေနဲ့ ဂါရတ်ဘေးလ်ကို ပေါင် ၁၃ သန်းနဲ့ တစ်နှစ်အဌားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ အသင်းရဲ့ တရားဝင်အနေအထားတွေကနေ နာရီပိုင်းအတွင်းမှာပဲ ထုတ်ပြန်မယ်လို့ ပြောထားခဲ့ပေမယ့် အခုချိန်ထိတော့ တရားဝင်သတင်းဌာနတွေမှာတော့ သတင်းထွက်လာခြင်းမရှိသေးတာ ဖြစ်ပါတယ်။ ရီးရဲလ်ကတော့ ဂါရတ်ဘေးလ်ကို အဌားထက်စာရင် အပြီးသတ်ရောင်းချဖို့အတွက် ပိုပြီးအလိုရှိနေတယ်လို့ သိရပါတယ်။


ရီးရဲလ်ကလည်း စပါးကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒယ်လီအလီကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကစားသမားအလဲအထပ်ပြုလုပ်နိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်ကလည်း စိတ်ဝင်စားမှုရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းဟောင်းကို ပြန်ပြောင်းဖို့ အလို ရှိနေတယ်လို့ ဘေးလ်ရဲ့အေးဂျင့်ဖြစ်တဲ့ ဂျိုနသန်ဘားနက်စ်က ပြောခဲ့ပါတယ်။

zawgyi version

လန္ဒန္ကို ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ လာဖို႔ ဂါရတ္ေဘးလ္ ေစာင့္ဆိုင္းေနတယ္လို႔ ေအးဂ်င့္ျဖစ္သူ ေျပာဆို
ရီးရဲလ္မွာ ပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနခဲ့တာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေပၚေနခဲ့တဲ့ ဂါရတ္ ေဘးလ္ဟာ ေနာက္ဆံုးမွာေတာ့ အသင္းေဟာင္းျဖစ္တဲ့ စပါးအသင္းကို ျပန္လည္ေျပာင္းေရႊ႕ဖို႔အတြက္ ကလပ္ႏွစ္သင္း ၾကား သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ သိရပါတယ္။ တရားဝင္ထုတ္ေဖာ္ေျပာၾကားမႈ မဟုတ္ေသးေပမယ့္ အေျပာင္းအေရႊ႕ျဖစ္ဖို႔ ရာခိုင္ႏႈန္းနီးပါးျဖစ္ေနတာေၾကာင့္ ဂါရတ္ေဘးလ္ရဲ႕ေအးဂ်င့္ကေတာ့ သူရဲ႕ကစားသမားအေနနဲ႔ ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ လန္ဒန္ကို လာဖို႔ ေစာင့္ဆိုင္းေနတယ္ဆိုၿပီး SkySports ကို ေျပာခဲ့ပါတယ္။
စပါးနည္းျပ ေမာ္ရင္ဟိုကလည္း ဘူေဂးလ္ရီးယားကလပ္ ပလိုဒစ္ဗ္ရဲ႕ ကစားမယ့္ ယူရိုပါလိဂ္ေျခစစ္ပြဲ မတိုင္ခင္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဂါရတ္ေဘးလ္ကို အသင္းကေခၚယူမယ့္သတင္းေတြနဲ႔ ပတ္သက္ၿပီးေမးျမန္းမႈေတြကိုေတာ့ သူမသိဘူးဆိုၿပီး ျငင္းဆန္သြားခဲ့ပါတယ္။ ဂါရတ္ေဘးလ္ဟာ ၂၀၁၃ ခုႏွစ္က ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ အတူ စပါးကေန ရီးရဲလ္ကို ေျပာင္းေရႊ႕သြားခဲ့သူလည္း ျဖစ္ပါတယ္။
Dailymail သတင္းဌာနကေတာ့ စပါးအေနနဲ႔ ဂါရတ္ေဘးလ္ကို ေပါင္ ၁၃ သန္းနဲ႔ တစ္ႏွစ္အဌားစာခ်ဳပ္နဲ႔ ေခၚယူႏိုင္ခဲ့ၿပီလို႔ ေဖာ္ျပခဲ့ပါတယ္။ အသင္းရဲ႕ တရားဝင္အေနအထားေတြကေန နာရီပိုင္းအတြင္းမွာပဲ ထုတ္ျပန္မယ္လို႔ ေျပာထားခဲ့ေပမယ့္ အခုခ်ိန္ထိေတာ့ တရားဝင္သတင္းဌာနေတြမွာေတာ့ သတင္းထြက္လာျခင္းမရွိေသးတာ ျဖစ္ပါတယ္။ ရီးရဲလ္ကေတာ့ ဂါရတ္ေဘးလ္ကို အဌားထက္စာရင္ အၿပီးသတ္ေရာင္းခ်ဖို႔အတြက္ ပိုၿပီးအလိုရွိေနတယ္လို႔ သိရပါတယ္။
ရီးရဲလ္ကလည္း စပါးကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဒယ္လီအလီကို ေခၚယူဖို႔စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ကစားသမားအလဲအထပ္ျပဳလုပ္ႏိုင္တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ဂါရတ္ေဘးလ္ကို ေခၚယူဖို႔ အတြက္ ယူႏိုက္တက္ကလည္း စိတ္ဝင္စားမႈရွိခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က အသင္းေဟာင္းကို ျပန္ေျပာင္းဖို႔ အလို ရွိေနတယ္လို႔ ေဘးလ္ရဲ႕ေအးဂ်င့္ျဖစ္တဲ့ ဂ်ိဳနသန္ဘားနက္စ္က ေျပာခဲ့ပါတယ္။