အူဘာမီးယန်း အာဆင်နယ် နဲ့ စာချုပ်သစ်မချုပ်မီ ဘာစီလိုနာအသင်းက ကမ်းလှမ်းခဲ့

အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူး အူဘာမီးယန်းဟာ အင်္ဂါနေ့က အသင်းနဲ့ (၃) နှစ်စာချုပ်သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။ သို့သော် အူဘာမီးယန်း လက်မှတ်မထိုးခင်က ဘာစီလိုနာအသင်းက ကမ်းလှမ်းခဲ့ပါသေးတယ်။ စကိုင်းစပေါ့ သတင်းဌာနက ဖော်ပြချက်အရ လာလီဂါ ကလပ်အသင်းဟာ ဂါဘွန်လက်ရွေးစင်ကစားသမား စပိန်ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းကပဲ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ အူဘာမီးယန်းကို အသင်းကနေ ထွက်ခွာမယ့် ဆွာရက်ဇ်နေ့မှာ အစားထိုးချင်နေတယ်လို့ သိရပါတယ်။အင်တာမီလန်အသင်းကလည်း အာဆင်နယ်အသင်းအတွက်ရော လက်ရှိ ဥရောပမှာ အကောင်းဆုံးတိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ အူဘာမီးယန်းကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အူဘာမီးယန်းဟာ အင်္ဂါနေ့က အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ပြီး အသင်းရဲ့ ဂန္တဝင်ကစားသမား တစ်ယောက် ဖြစ်ချင်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ၂၀၂၁ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်မချုပ်နိုင်မှာကို အာဆင်နယ်အသင်းကို စိုးရိမ်နေခဲ့ပါတယ်။ သူဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် (၂၂) ဂိုးသွင်းပေးခဲ့ပြီး ဒီနှစ်ဘောလုံးရာသီ အဖွင့်ပွဲမှာလည်း ဖူလ်ဟမ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၁) ဂိုးသွင်းပေးထားသူလည်းဖြစ်ပါတယ်။

အူဘာမီးယန္း အာဆင္နယ္ နဲ႔ စာခ်ဳပ္သစ္မခ်ဳပ္မီ ဘာစီလိုနာအသင္းက ကမ္းလွမ္းခဲ့

အာဆင္နယ္အသင္းရဲ႕ အဓိက တိုက္စစ္မွဴး အူဘာမီးယန္းဟာ အဂၤါေန႔က အသင္းနဲ႔ (၃) ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္တာ ျဖစ္ပါတယ္။ သို႔ေသာ္ အူဘာမီးယန္း လက္မွတ္မထိုးခင္က ဘာစီလိုနာအသင္းက ကမ္းလွမ္းခဲ့ပါေသးတယ္။ စကိုင္းစေပါ့ သတင္းဌာနက ေဖာ္ျပခ်က္အရ လာလီဂါ ကလပ္အသင္းဟာ ဂါဘြန္လက္ေရြးစင္ကစားသမား စပိန္ကို ေခၚယူရန္ ကမ္းလွမ္းခဲ့ေပမယ့္ အာဆင္နယ္အသင္းကပဲ စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ အူဘာမီးယန္းကို အသင္းကေန ထြက္ခြာမယ့္ ဆြာရက္ဇ္ေန႔မွာ အစားထိုးခ်င္ေနတယ္လို႔ သိရပါတယ္။အင္တာမီလန္အသင္းကလည္း အာဆင္နယ္အသင္းအတြက္ေရာ လက္ရွိ ဥေရာပမွာ အေကာင္းဆံုးတိုက္စစ္မွဴး တစ္ေယာက္ျဖစ္တဲ့ အူဘာမီးယန္းကို စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ အူဘာမီးယန္းဟာ အဂၤါေန႔က အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ျပီး အသင္းရဲ႕ ဂႏၱ၀င္ကစားသမား တစ္ေယာက္ ျဖစ္ခ်င္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ ၂၀၂၁ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ျပီး စာခ်ဳပ္သစ္မခ်ဳပ္ႏိုင္မွာကို အာဆင္နယ္အသင္းကို စိုးရိမ္ေနခဲ့ပါတယ္။ သူဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ အာဆင္နယ္အသင္းအတြက္ (၂၂) ဂိုးသြင္းေပးခဲ့ျပီး ဒီႏွစ္ေဘာလံုးရာသီ အဖြင့္ပြဲမွာလည္း ဖူလ္ဟမ္အသင္းကို (၃-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ (၁) ဂိုးသြင္းေပးထားသူလည္းျဖစ္ပါတယ္။