လီဗာပူးလ်အသင်းမှာ ကီတာ တောက်ပလာမယ်လို့ ဆိုလိုက်တဲ့ အသင်းခေါင်းဆောင်ဟောင်း ဂျင်မီရက်နပ်

လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဂျင်မီရက်နပ်က ကွင်းလယ်လူ ကီတာ ဟာ အသင်းမှာ တဖြည်းဖြည်းတောက်ပလာမယ့်ကစားသမားလို့ ယုံကြည်ထားပါတယ်။ ကီတာအနေနဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်မှာ ကစားရတဲ့ ဖိအားကို ရက်နပ်က သိရှိနားလည်ထားတာလည်း ဖြစ်ပါတယ်။ ကီတာဟာ လိုက်ပ်ဇ်ကနေ ပရီးမီးယားလိဂ်ကို စရောက်တုန်းက ရုန်းကန်ခဲ့ရသူပေမယ့် ပြီးခဲ့တဲ့ ရာသီကုန်ခါနီးကတည်းကစပြီး သူ့ရဲ့ အရည်အချင်းကို ပြသနိုင်ထားနိုင်ခဲ့ပါတယ်။ ရက်နပ်က ကီတာဟာ ဒီနှစ်မှာတော့ အောင်မြင်မှု ရမယ်လို့ ထင်နေတာဖြစ်ပါတယ်။

“ဒီရာသီ လီဗာပူးလ်အသင်းအတွက် ကီတာ အကောင်းဆုံး စွမ်းဆောင်ပေးမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ရောက်ခါစက ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီအဆုံးပိုင်းနဲ့ ရာသီကြိုပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ သူ့ကို လိုက်ပ်ဇ်ကနေ လီဗာပူးလ်အသင်းက ဘာကြောင့်ဝယ်ခဲ့သလဲဆိုတာ သူဟာ တဖြည်းဖြည်း သက်သေပြနေပါတယ်” လို့ ရက်နပ်က ပြောသွားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာတဲ့ ကွင်းလယ်ကစားသမား ကီတာဟာ အစောပိုင်းတုန်းက အန်ဖီးလ်မှာ ခြေစွမ်းပြရန် ရုန်းကန်နေရသူဖြစ်ပါတယ်။ အေစီမီလန်အသင်းအပါအဝင် ဘွန်ဒက်စ်လီဂါ ကလပ်အသင်းတွေကလည်း အသက် ၂၅ နှစ်အရွယ်ကစားသမားကို ၂၀၂၀-၂၁ ဘောလုံးရာသီမတိုင်မီ ခေါ်ယူရန် စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။

 

လီဗာပူးလ္အသင္းမွာ ကီတာ ေတာက္ပလာမယ္လို႔ ဆိုလိုက္တဲ့ အသင္းေခါင္းေဆာင္ေဟာင္း ဂ်င္မီရက္နပ္

လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္း ဂ်င္မီရက္နပ္က ကြင္းလယ္လူ ကီတာ ဟာ အသင္းမွာ တျဖည္းျဖည္းေတာက္ပလာမယ့္ကစားသမားလို႔ ယုံၾကည္ထားပါတယ္။ ကီတာအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္မွာ ကစားရတဲ့ ဖိအားကို ရက္နပ္က သိရွိနားလည္ထားတာလည္း ျဖစ္ပါတယ္။ ကီတာဟာ လိုက္ပ္ဇ္ကေန ပရီးမီးယားလိဂ္ကို စေရာက္တုန္းက ႐ုန္းကန္ခဲ့ရသူေပမယ့္ ၿပီးခဲ့တဲ့ ရာသီကုန္ခါနီးကတည္းကစၿပီး သူ႔ရဲ႕ အရည္အခ်င္းကို ျပသႏိုင္ထားႏိုင္ခဲ့ပါတယ္။ ရက္နပ္က ကီတာဟာ ဒီႏွစ္မွာေတာ့ ေအာင္ျမင္မႈ ရမယ္လို႔ ထင္ေနတာျဖစ္ပါတယ္။

“ဒီရာသီ လီဗာပူးလ္အသင္းအတြက္ ကီတာ အေကာင္းဆုံး စြမ္းေဆာင္ေပးမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ သူဟာ ေရာက္ခါစက ႐ုန္းကန္ခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ရာသီအဆုံးပိုင္းနဲ႔ ရာသီႀကိဳပြဲေတြမွာ အေကာင္းဆုံး စြမ္းေဆာင္ေပးထားသူျဖစ္ပါတယ္။ သူ႔ကို လိုက္ပ္ဇ္ကေန လီဗာပူးလ္အသင္းက ဘာေၾကာင့္ဝယ္ခဲ့သလဲဆိုတာ သူဟာ တျဖည္းျဖည္း သက္ေသျပေနပါတယ္” လို႔ ရက္နပ္က ေျပာသြားခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္က လိုက္ပ္ဇစ္အသင္းကေန ေရာက္ရွိလာတဲ့ ကြင္းလယ္ကစားသမား ကီတာဟာ အေစာပိုင္းတုန္းက အန္ဖီးလ္မွာ ေျခစြမ္းျပရန္ ႐ုန္းကန္ေနရသူျဖစ္ပါတယ္။ ေအစီမီလန္အသင္းအပါအဝင္ ဘြန္ဒက္စ္လီဂါ ကလပ္အသင္းေတြကလည္း အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားကို ၂၀၂၀-၂၁ ေဘာလုံးရာသီမတိုင္မီ ေခၚယူရန္ စိတ္ဝင္စားခဲ့တယ္လို႔ သိရပါတယ္။