ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ယူနိုက်တက်အသင်းရဲ့ စီနီယာ ကစားသမား (၁၁) ယောက်အထိ လွဲချော်ဖွယ်ရှိနေ

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပထမဆုံးပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားမယ့်ပွဲမှာ စီနီယာ ကစားသမား (၁၁) ယောက် အထိ လွဲချော်နိုင်တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက သြဂုတ်လမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် နောက်ပိုင်းပွဲတွေကို ကစားခဲ့ရလို့ ဒီရာသီသစ်အတွက် ပြင်ဆင်ချိန် တစ်ပတ်ပိုရခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ယူနိုက်တက်ကစားသမားအများစုဟာ စနေနေ့ ကစားမယ့် ပွဲကို ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ပေါ့ဘာ၊ မာတာ၊ ဖရက်ဒ်၊ ဝမ်ဘစ်ဆာကာ နဲ့ ဘာယီတို့အားလုံးသာ တနလာၤနေ့က အသင်းရဲ့ လေ့ကျင့်ရေးကို လာရောက်ခဲ့ကြပြီး ဘရူနိုဖာနန်ဒက်စ်ကတော့ အဲ့ဒီနေ့မတိုင်ခင်ကတည်းက ရောက်ခဲ့တာဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ်ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပေမယ့် ရွေးချယ်ခံရဖွယ်မရှိလို့ ဒီအပြောင်းအရွှေ့မကုန်ခင် အိုးထရက်ဖိုဒ့်က ထွက်ခွာမယ်လို့ သိရပါတယ်။ အသင်းရဲ့ ဂိုးသမား တစ်ယောက်ဖြစ်တဲ့ ရိုမဲရိုးကလည်း အသင်းရဲ့ လေ့ကျင့်ရေးကို လာရောက်ခြင်းမရှိသေးပဲ အသင်းပြောင်းချင်နေတာြဖ်စပါတယ်။

ယူနိုက်တက်လူငယ်တိုက်စစ်မှုး ဂရင်းဝုဒ်ကတော့ သီးသန့်လေ့ကျင့်ရေးဆင်းနေတယ်လို့ သိရပါတယ်။ တွမ်ဇီဘီ ကတော့ ဒဏ်ရာ ရနေလို့ သေချာပေါက် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲကို လွဲမှာဖြစ်ပါတယ်။ လင်ဒီလော့ဖ် နဲ့ မာရှယ်လ်တို့နှစ်ယောက်ကတော့ ဆွီဒင် နဲ့ ပြင်သစ်လက်ရွေးစင်အသင်းကြီးတို့အတွက် ကစားခဲ့ရလို့ အနားပေးဖွယ်ရှိနေပါတယ်။

ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲမွာ ယူႏိုက္တက္အသင္းရဲ႕ စီနီယာ ကစားသမား (၁၁) ေယာက္အထိ လြဲေခ်ာ္ဖြယ္ရွိေန

ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ပထမဆံုးပြဲအျဖစ္ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ကစားမယ့္ပြဲမွာ စီနီယာ ကစားသမား (၁၁) ေယာက္ အထိ လြဲေခ်ာ္ႏိုင္တယ္လို႔ သိရပါတယ္။ ယူႏုိက္တက္အသင္းဟာ ျပီးခဲ့တဲ့ရာသီက ၾသဂုတ္လမွာ ကစားခဲ့တဲ့ ယူရိုပါလိဂ္ ေနာက္ပိုင္းပြဲေတြကို ကစားခဲ့ရလို႔ ဒီရာသီသစ္အတြက္ ျပင္ဆင္ခ်ိန္ တစ္ပတ္ပိုရခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ယူႏိုက္တက္ကစားသမားအမ်ားစုဟာ စေနေန႔ ကစားမယ့္ ပြဲကို ပါ၀င္ႏိုင္ဖြယ္မရွိဘူးလို႔ သိရပါတယ္။ ေပါ့ဘာ၊ မာတာ၊ ဖရက္ဒ္၊ ၀မ္ဘစ္ဆာကာ နဲ႔ ဘာယီတို႔အားလံုးသာ တနလာၤေန႔က အသင္းရဲ႕ ေလ့က်င့္ေရးကို လာေရာက္ခဲ့ၾကျပီး ဘရူႏိုဖာနန္ဒက္စ္ကေတာ့ အဲ့ဒီေန႔မတိုင္ခင္ကတည္းက ေရာက္ခဲ့တာျဖစ္ပါတယ္။

ဖီးလ္ဂ်ံဳးစ္ကေတာ့ ၾက့ံခိုင္မႈ ျပည့္၀ေနေပမယ့္ ေရြးခ်ယ္ခံရဖြယ္မရွိလို႔ ဒီအေျပာင္းအေရႊ႕မကုန္ခင္ အိုးထရက္ဖိုဒ့္က ထြက္ခြာမယ္လို႔ သိရပါတယ္။ အသင္းရဲ႕ ဂိုးသမား တစ္ေယာက္ျဖစ္တဲ့ ရိုမဲရိုးကလည္း အသင္းရဲ႕ ေလ့က်င့္ေရးကို လာေရာက္ျခင္းမရွိေသးပဲ အသင္းေျပာင္းခ်င္ေနတာျဖ္စပါတယ္။

ယူႏိုက္တက္လူငယ္တိုက္စစ္မႈး ဂရင္း၀ုဒ္ကေတာ့ သီးသန္႔ေလ့က်င့္ေရးဆင္းေနတယ္လို႔ သိရပါတယ္။ တြမ္ဇီဘီ ကေတာ့ ဒဏ္ရာ ရေနလို႔ ေသခ်ာေပါက္ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပြဲကို လြဲမွာျဖစ္ပါတယ္။ လင္ဒီေလာ့ဖ္ နဲ႔ မာရွယ္လ္တို႔ႏွစ္ေယာက္ကေတာ့ ဆြီဒင္ နဲ႔ ျပင္သစ္လက္ေရြးစင္အသင္းၾကီးတို႔အတြက္ ကစားခဲ့ရလို႔ အနားေပးဖြယ္ရွိေနပါတယ္။