အာဆင်နယ် ဂိုးသမား မာတီနက်ဇ်ကို ပေါင် ၁၆ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်တဲ့ အက်စတွန်ဗီလာအသင်း

အက်စတွန်ဗီလာအသင်းဟာ အာဆင်နယ်ဂိုးသမား မာတီနက်ဇ်ကို ပေါင် ၁၆ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အာဂျင်တီးနား ဂိုးသမားဟာ အာဆင်နယ်အသင်းနဲ့ (၁၀) နှစ်ကြာ လက်တွဲခဲ့ပြီးနောက် အက်စတွန်ဗီလာအသင်းနဲ့ (၄) နှစ်စာချုပ် ချုပ်ဆိုလိုက်တာပါ။ မာတီနက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၁၂ ခုနှစ်က ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

သူဟာ အာဆင်နယ်အသင်း ၂၀၁၉-၂၀ ဘောလုံးရာသီနောက်ပိုင်းမှာ အသင်းအတွက် ကစားခွင့်ရရှိလာပြီး ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာလည်း အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းက ထွက်ခွာခဲ့တာနဲ့ ပတ်သက်ပြီး မက်တီနက်ဇ်က “ကျေးဇူးတင်ပါတယ်။ ဒီနှစ်တွေမှာ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းအတွက် ကစားခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး ဘုရားကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ မာတီနက်ဇ်ကို မခေါ်ယူမီ အသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှစ်ကိုလည်း စာချုပ်သက်တမ်း (၅) နှစ်တိုးခဲ့ပါတယ်။အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်ဟာ အသင်းနဲ့ (၅) နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီ ဖြစ်ပါတယ်။ကွင်းလယ်ကစားသမားကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းက ခေါ်ယူရန် ဆက်တိုက် ဆက်သွယ်မှုတွေ လုပ်ခဲ့ပါတယ်။ သို့သော်လည်း အခုအခါ သူဟာ အက်စတွန်ဗီလာအသင်းနဲ့ တစ်ပတ် ပေါင် ၁သိန်း ၄ သောင်း လစာနဲ့ (၅) နှစ်စာချုပ်ချုပ်လိုက်ပြီ ဖြစ်တယ်လို့ တွစ်တာမှာ ကြေညာသွားခဲ့တာဖြစ်ပါတယ်။

 

အာဆင္နယ္ ဂိုးသမား မာတီနက္ဇ္ကို ေပါင္ ၁၆ သန္းနဲ႔ ေခၚယူလိုက္ျပီျဖစ္တဲ့ အက္စတြန္ဗီလာအသင္း

အက္စတြန္ဗီလာအသင္းဟာ အာဆင္နယ္ဂိုးသမား မာတီနက္ဇ္ကို ေပါင္ ၁၆ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္ျပီ ျဖစ္ပါတယ္။ အာဂ်င္တီးနား ဂိုးသမားဟာ အာဆင္နယ္အသင္းနဲ႔ (၁၀) ႏွစ္ၾကာ လက္တြဲခဲ့ျပီးေနာက္ အက္စတြန္ဗီလာအသင္းနဲ႔ (၄) ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တာပါ။ မာတီနက္ဇ္ဟာ အာဆင္နယ္အသင္းနဲ႔ ၂၀၁၂ ခုႏွစ္က ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

သူဟာ အာဆင္နယ္အသင္း ၂၀၁၉-၂၀ ေဘာလံုးရာသီေနာက္ပိုင္းမွာ အသင္းအတြက္ ကစားခြင့္ရရွိလာျပီး ခ်ဲလ္ဆီးအသင္းကို အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာလည္း အေကာင္းဆံုး စြမ္းေဆာင္ေပးခဲ့ပါတယ္။ အာဆင္နယ္အသင္းက ထြက္ခြာခဲ့တာနဲ႔ ပတ္သက္ျပီး မက္တီနက္ဇ္က “ေက်းဇူးတင္ပါတယ္။ ဒီႏွစ္ေတြမွာ အရာအားလံုးအတြက္ ေက်းဇူးတင္ပါတယ္။ ျပီးခဲ့တဲ့လက အာဆင္နယ္အသင္းအတြက္ ကစားခြင့္ရခဲ့တာနဲ႔ ပတ္သက္ျပီး ဘုရားကိုလည္း ေက်းဇူးတင္ပါတယ္”လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

အက္စတြန္ဗီလာအသင္းဟာ မာတီနက္ဇ္ကို မေခၚယူမီ အသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွစ္ကိုလည္း စာခ်ဳပ္သက္တမ္း (၅) ႏွစ္တိုးခဲ့ပါတယ္။အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္ဟာ အသင္းနဲ႔ (၅) ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီ ျဖစ္ပါတယ္။ကြင္းလယ္ကစားသမားကို ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ယူႏိုက္တက္အသင္းက ေခၚယူရန္ ဆက္တိုက္ ဆက္သြယ္မႈေတြ လုပ္ခဲ့ပါတယ္။ သို႔ေသာ္လည္း အခုအခါ သူဟာ အက္စတြန္ဗီလာအသင္းနဲ႔ တစ္ပတ္ ေပါင္ ၁သိန္း ၄ ေသာင္း လစာနဲ႔ (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္လိုက္ၿပီ ျဖစ္တယ္လို႔ တြစ္တာမွာ ေၾကညာသြားခဲ့တာျဖစ္ပါတယ္။