လီဗာပူးအသင်းပိုင်ရှင်တွေက လိမ်ညာခဲ့တာကြောင့် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာလို့ ပြောခဲ့တဲ့ ဖာနန်ဒိုတောရက်စ်

လီဗာပူးအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဖာနန်ဒိုတောရက်စ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ရ တဲ့ အဓိက အကြောင်းအရင်းက လီဗာပူးအသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂျော့စ်ဂျီးလက်စ်နဲ့ တွမ်ဟခ်စ်တို့ရဲ့ လိမ်ညာမှုတွေ ကြောင့် ဖြစ်တယ်ဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ ဖာနန်ဒိုတောရက်စ်ကတော့ ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီပဲ ဖြစ်ပါတယ်။


အက်သလက်တီကို လူငယ်အသင်းကနေ အသင်းကြီးကို ရောက်လာခဲ့ပြီး ခြေစွမ်းပြနိုင်မှုကြောင့် လီဗာပူးက ခေါ်ယူခဲ့ သလို ဖာနန်ဒိုတောရက်စ်ဟာ လီဗာပူးမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၄၂ ပွဲမှာ ၈၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တောရက်စ်ဟာ ချဲလ်ဆီးကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့အတူ တော ရက်စ်ဟာ အက်ဖ်အေဖလားတစ်ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် တစ်ကြိမ်စီ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


TalkSport ကနေတဆင့် ဖာနန်ဒိုတောရက်စ်က “ လီဗာပူးမှာ ကျွန်တော်အနေနဲ့ တကယ်ကို ပျော်ရွှင်ခဲ့ပါတယ်။ အသင်း ကနေ ကျွန်တော်ရောင်းချခဲ့တဲ့ ခက်ခဲတဲ့ အခြေအနေတွေကိုတော့ သိတဲ့သူနည်းပါလိမ့်မယ်။ သူတို့ဟာ အသင်းရဲ့ အ ကောင်းဆုံးကစားသမားဖြစ်တဲ့ မာရှေယာနို ၊ အလွန်ဆို တို့ကိုလည်း ရောင်းချခဲ့ပါတယ်။ ချန်ပီယံရနိုင်တဲ့ အသင်းရဲ့ ကမ်းလှမ်းမှုတစ်ခုကို ကျွန်တော်အတွက်ရထားတယ်ဆိုပြီး ချဲလ်ဆီးထံကို ပေါင်သန်း ၅၀ နဲ့ ရောင်းချခဲ့တာပါ” လို့ ပြောခဲ့ ပါတယ်။


လီဗာပူးကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီးနောက် တောရက်စ်ဟာ ၄ ရာသီကစားခဲ့ပြီး နောက်ဆုံးနှစ်မှာတော့ အေစီမီ လန်ကို အဌားချခံခဲ့ရပါတယ်။ အေစီမီလန်မှာ အဌားသက်တမ်းပြည့်ချိန်မှာတော့ အက်သလက်တီကိုထံ အဌားထပ်ချခံခဲ့ ရပြီးနောက် အသင်းဟောင်းထံကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဂျပန်လိဂ်ကို ပြောင်းရွှေ့သွားခဲ့ ပြီး နှစ်ရာသီကြာ ကစားပြီးမှာတော့ ကစားသမားဘဝကနေ အနားယူခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

လီဗာပူးအသင္းပိုင္ရွင္ေတြက လိမ္ညာခဲ့တာေၾကာင့္ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ခဲ့တာလို႔ ေျပာခဲ့တဲ့ ဖာနန္ဒိုေတာရက္စ္
လီဗာပူးအသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဖာနန္ဒိုေတာရက္စ္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ကလပ္ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ခဲ့ရ တဲ့ အဓိက အေၾကာင္းအရင္းက လီဗာပူးအသင္းပိုင္ရွင္ေတြျဖစ္တဲ့ ေဂ်ာ့စ္ဂ်ီးလက္စ္နဲ႔ တြမ္ဟခ္စ္တို႔ရဲ႕ လိမ္ညာမႈေတြ ေၾကာင့္ ျဖစ္တယ္ဆိုၿပီး ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ လက္ရွိမွာ အသက္ ၃၆ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဖာနန္ဒိုေတာရက္စ္ကေတာ့ ကစားသမားဘဝကေန အနားယူသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။
အက္သလက္တီကို လူငယ္အသင္းကေန အသင္းၾကီးကို ေရာက္လာခဲ့ၿပီး ေျခစြမ္းျပႏိုင္မႈေၾကာင့္ လီဗာပူးက ေခၚယူခဲ့ သလို ဖာနန္ဒိုေတာရက္စ္ဟာ လီဗာပူးမွာလည္း ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ လီဗာပူးအတြက္ ၿပိဳင္ပြဲစံု ပြဲေပါင္း ၁၄၂ ပြဲမွာ ၈၁ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ေတာရက္စ္ဟာ ခ်ဲလ္ဆီးကို ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔အတူ ေတာ ရက္စ္ဟာ အက္ဖ္ေအဖလားတစ္ၾကိမ္၊ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ တစ္ၾကိမ္စီ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။
TalkSport ကေနတဆင့္ ဖာနန္ဒိုေတာရက္စ္က “ လီဗာပူးမွာ ကြ်န္ေတာ္အေနနဲ႔ တကယ္ကို ေပ်ာ္ရႊင္ခဲ့ပါတယ္။ အသင္း ကေန ကြ်န္ေတာ္ေရာင္းခ်ခဲ့တဲ့ ခက္ခဲတဲ့ အေျခအေနေတြကိုေတာ့ သိတဲ့သူနည္းပါလိမ့္မယ္။ သူတို႔ဟာ အသင္းရဲ႕ အ ေကာင္းဆံုးကစားသမားျဖစ္တဲ့ မာေရွယာႏို ၊ အလြန္ဆို တို႔ကိုလည္း ေရာင္းခ်ခဲ့ပါတယ္။ ခ်န္ပီယံရႏိုင္တဲ့ အသင္းရဲ႕ ကမ္းလွမ္းမႈတစ္ခုကို ကြ်န္ေတာ္အတြက္ရထားတယ္ဆိုၿပီး ခ်ဲလ္ဆီးထံကို ေပါင္သန္း ၅၀ နဲ႔ ေရာင္းခ်ခဲ့တာပါ” လို႔ ေျပာခဲ့ ပါတယ္။
လီဗာပူးကေန ခ်ဲလ္္ဆီးကို ေျပာင္းေရႊ႕လာၿပီးေနာက္ ေတာရက္စ္ဟာ ၄ ရာသီကစားခဲ့ၿပီး ေနာက္ဆံုးႏွစ္မွာေတာ့ ေအစီမီ လန္ကို အဌားခ်ခံခဲ့ရပါတယ္။ ေအစီမီလန္မွာ အဌားသက္တမ္းျပည့္ခ်ိန္မွာေတာ့ အက္သလက္တီကိုထံ အဌားထပ္ခ်ခံခဲ့ ရၿပီးေနာက္ အသင္းေဟာင္းထံကို အၿပီးသတ္ေျပာင္းေရႊ႕ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ ဂ်ပန္လိဂ္ကို ေျပာင္းေရႊ႕သြားခဲ့ ၿပီး ႏွစ္ရာသီၾကာ ကစားၿပီးမွာေတာ့ ကစားသမားဘဝကေန အနားယူခဲ့တာပဲ ျဖစ္ပါတယ္။