၂၀၂၀-၂၁ ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီက ထွက်ဖို့ ရှိနေတယ်ဆိုတဲ့ အမ်ဘတ်ပီ ကို ခေါ်ယူဖို့ ယူနိုက်တက် ပြင်ဆင်နေတယ်လို့ Express သတင်းစာက ဖော်ပြခဲ့

အပြောင်းအရွှေ့ဈေးကွက် ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒန်ကန်ကာဆယ်ရဲ့ သုံးသပ်ချက်အရ ပီအက်စ်ဂျီအသင်းတိုက်စစ် မှူး အမ်ဘတ်ပီအနေနဲ့ လက်ရှိဘောလုံးရာသီဖြစ်တဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီအကုန်မှာ အသင်းကနေထွက်နိုင်ပြီး သူကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်က ပြင်ဆင်လာနိုင်တယ်လို့ သိရပါတယ်။ အမ်ဘတ်ပီကို လီဗာပူးနဲ့ ရီးရဲလ်တို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။


တိုက်စစ်မှူး အမ်ဘတ်ပီက သူအနေနဲ့ ပီအက်စ်ဂျီက ထွက်ဖြစ်ခဲ့မယ်ဆိုရင် ပြောင်းရွှေ့နိုင်တဲ့အသင်းလေးသင်းသာ ရှိတယ်လို့ ပြောခဲ့ပြီး အဲ့ဒီလေးသင်းထဲမှာ ယူနိုက်တက်လည်း ပါဝင်နေတာကြောင့် ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ အမ်ဘတ်ပီကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်း ဘက်ကတော့ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတဲ့ အမ်ဘတ်ပီကို ရောင်းချမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။


လာလီဂါထိပ်သီးအသင်းဖြစ်တဲ့ ရီးရဲလ်ဟာ အမ်ဘတ်ပီကို ခေါ်ယူဖို့အတွက် အစောပိုင်းကတည်းက ကြိုးစားနေခဲ့တာဖြစ် ပေမယ့် တရားဝင်ကမ်းလှမ်းခဲ့တာမျိုးတော့ မရှိသေးတာဘဲဖြစ်ပါတယ်။ လက်ရှိအနေအထားတွေအရ ပရီးမီးယားလိဂ်က လီဗာပူးနဲ့ ယူနိုက်တက်တို့ကလည်း အမ်ဘတ်ပီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဘယ်အသင်းကိုရောက်ရှိမလဲဆို တာကို ခန့်မှန်းမှုတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။


ယူနိုက်တက်အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုနဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ဒ် တို့ကလည် အမ်ဘတ်ပီကို ခေါ် ယူဖို့ အလိုရှိနေတယ်လို့ သိရတာကြောင့် အမ်ဘတ်ပိအနေနဲ့ ယူနိုက်တက်ကို ရောက်ရှိလာနိုင်တယ်ဆိုပြီးလည်း သတင်း တွေထွက်နေပါတယ်။ လီဗာပူးကတော့ အသင်းပြောင်းရွှေ့နိုင်တဲ့ ဆာလက်နဲ့ မာနေးတို့ရဲ့ နေရာတွေအတွက် အမ်ဘတ်ပီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

zawgyi version

၂၀၂၀-၂၁ ေဘာလံုးရာသီအကုန္မွာ ပီအက္စ္ဂ်ီက ထြက္ဖို႔ ရွိေနတယ္ဆိုတဲ့ အမ္ဘတ္ပီ ကို ေခၚယူဖို႔ ယူႏိုက္တက္ ျပင္ဆင္ေနတယ္လို႔ Express သတင္းစာက ေဖာ္ျပခဲ့
အေျပာင္းအေရႊ႕ေစ်းကြက္ ကြ်မ္းက်င္သူတစ္ဦးျဖစ္တဲ့ ဒန္ကန္ကာဆယ္ရဲ႕ သံုးသပ္ခ်က္အရ ပီအက္စ္ဂ်ီအသင္းတိုက္စစ္ မွဴး အမ္ဘတ္ပီအေနနဲ႔ လက္ရွိေဘာလံုးရာသီျဖစ္တဲ့ ၂၀၂၀-၂၁ ေဘာလံုးရာသီအကုန္မွာ အသင္းကေနထြက္ႏိုင္ၿပီး သူကို ေခၚယူဖို႔ အတြက္ ယူႏိုက္တက္က ျပင္ဆင္လာႏိုင္တယ္လို႔ သိရပါတယ္။ အမ္ဘတ္ပီကို လီဗာပူးနဲ႔ ရီးရဲလ္တို႔ကလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။
တိုက္စစ္မွဴး အမ္ဘတ္ပီက သူအေနနဲ႔ ပီအက္စ္ဂ်ီက ထြက္ျဖစ္ခဲ့မယ္ဆိုရင္ ေျပာင္းေရႊ႕ႏိုင္တဲ့အသင္းေလးသင္းသာ ရွိတယ္လို႔ ေျပာခဲ့ၿပီး အဲ့ဒီေလးသင္းထဲမွာ ယူႏိုက္တက္လည္း ပါဝင္ေနတာေၾကာင့္ ယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ အမ္ဘတ္ပီကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္း ဘက္ကေတာ့ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေသးတဲ့ အမ္ဘတ္ပီကို ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ေၾကညာထားပါတယ္။
လာလီဂါထိပ္သီးအသင္းျဖစ္တဲ့ ရီးရဲလ္ဟာ အမ္ဘတ္ပီကိုု ေခၚယူဖို႔အတြက္ အေစာပိုင္းကတည္းက ၾကိဳးစားေနခဲ့တာျဖစ္ ေပမယ့္ တရားဝင္ကမ္းလွမ္းခဲ့တာမ်ိဳးေတာ့ မရွိေသးတာဘဲျဖစ္ပါတယ္။ လက္ရွိအေနအထားေတြအရ ပရီးမီးယားလိဂ္က လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ကလည္း အမ္ဘတ္ပီကို ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ဘယ္အသင္းကိုေရာက္ရွိမလဲဆို တာကို ခန္႔မွန္းမႈေတြထြက္ေပၚေနတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္အသင္းပိုင္ရွင္ေတြျဖစ္တဲ့ ဂေလဇာမိသားစုနဲ႔ အမႈေဆာင္ခ်ဳပ္ အက္ဝုဒ္ဝက္ဒ္ တို႔ကလည္ အမ္ဘတ္ပီကို ေခၚ ယူဖို႔ အလိုရွိေနတယ္လို႔ သိရတာေၾကာင့္ အမ္ဘတ္ပိအေနနဲ႔ ယူႏိုက္တက္ကို ေရာက္ရွိလာႏိုင္တယ္ဆိုၿပီးလည္း သတင္း ေတြထြက္ေနပါတယ္။ လီဗာပူးကေတာ့ အသင္းေျပာင္းေရႊ႕ႏိုင္တဲ့ ဆာလက္နဲ႔ မာေနးတို႔ရဲ႕ ေနရာေတြအတြက္ အမ္ဘတ္ပီ ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။