သီယာဂိုဆေးလ်ဗားအနေနဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရနိုင်ကြောင်း ဂယ်ရီနဗီးလ် ဝေဖန်ခဲ့

ဘောလုံးအကြောင်းဝေဖန်သုံးသပ်သူတစ်ဦးဖြစ်တဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က နွေရာသီအ ပြောင်းအရွှေ့မှာ ပီအက်စ်ဂျီကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ သီယာဂိုဆေးလ်ဗားအနေနဲ့ ပရီးမီးယားလိဂ်မှာ သူရဲ့ အသက်အရွယ်ကြောင့် ရုန်းကန်ရနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။ သီယာဂိုဆေးလ်ဗားဟာ အသက် ၃၆ နှစ်ပြည့်တော့မှာ လည်း ဖြစ်ပါတယ်။


ဘရာဇီးနောက်ခံလူဖြစ်တဲ့ သီယာဂိုဆေးလ်ဗားဟာ အတွေ့အကြုံများတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် ဘရိုက်တန်နဲ့က စားခဲ့တဲ့ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဒဏ်ရာပြဿနာကြောင့် ဆိုပြီး ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ SkySports ရဲ့တင်ဆက်သူတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်က ကစားသမားဘဝမှာ အောင်မြင်မှုတွေရခဲ့တယ်ဆိုပေမယ့် သီယာဂိုဆေးလ် ဗားအနေနဲ့ ပရီးမီးယားလိဂ်မှာတော့ အောင်မြင်မှုရဖို့ မလွယ်ကြောင်းပြောခဲ့တာ ဖြစ်ပါတယ်။


တနင်္လာနေ့မှာ ကစားခဲတဲ့ပွဲအပြီးမှာတော့ ဂယ်ရီနဗီးလ်က “ သီယာဂိုက အသက် ၃၆ နှစ်ပြည့်တော့မယ့် ကစားသမား တစ်ယောက်ပါ။ ပြင်သစ်လိဂ်မှာ သူအနေနဲ့ နှစ်ပေါင်းများစွာကစားခဲ့ပြီး အောင်မြင်မှုတွေရခဲ့တယ်ဆိုပေမယ့် သူရဲ့လက်ရှိ အသက်အရွယ်အရတော့ ပရီးမီးယားလိဂ်မှာ အောင်မြင်ဖို့ မလွယ်ပါဘူး။ လက်ရှိဘောလုံးလောကရဲ့ ကစားပုံဟာ မြန်နှုန်း မြင့်ကစားတဲ့ပုံ ဖြစ်လာတာကြောင့် သူအနေနဲ့ ရုန်းကန်ရနိုင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ရာသီက နောက်တန်းအားနည်းမှုတွေကြောင့် ဝေဖန်ခံခဲ့ရတဲ့ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာကစားသမား အများအပြားခေါ်ယူခဲ့သလို နောက်ခံလူ သုံးဦးအထိခေါ်ယူခဲ့ပါတယ်။ သီယာဂိုဆေးလ်ဗား၊ ဘင်ချီဝဲလ်နဲ့ မာလန်းဆားစ် တို့ သုံးဦးမှာ မာလန်းဆားစ်ကို ပြန်ပြီးအဌားချခဲ့တာကြောင့် ချဲလ်ဆီးခံစစ်ကတော့ အားနည်းမှုတွေရှိနေဆဲဖြစ်တယ်လို့သတင်း တွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။

zawgyi version

သီယာဂိုေဆးလ္ဗားအေနနဲ႔ ပရီးမီးယားလိဂ္မွာ ရုန္းကန္ရႏိုင္ေၾကာင္း ဂယ္ရီနဗီးလ္ ေဝဖန္ခဲ့
ေဘာလံုးအေၾကာင္းေဝဖန္သံုးသပ္သူတစ္ဦးျဖစ္တဲ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးလ္က ေႏြရာသီအ ေျပာင္းအေရႊ႕မွာ ပီအက္စ္ဂ်ီကေန ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာခဲ့တဲ့ သီယာဂိုေဆးလ္ဗားအေနနဲ႔ ပရီးမီးယားလိဂ္မွာ သူရဲ႕ အသက္အရြယ္ေၾကာင့္ ရုန္းကန္ရႏိုင္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။ သီယာဂိုေဆးလ္ဗားဟာ အသက္ ၃၆ ႏွစ္ျပည့္ေတာ့မွာ လည္း ျဖစ္ပါတယ္။
ဘရာဇီးေနာက္ခံလူျဖစ္တဲ့ သီယာဂိုေဆးလ္ဗားဟာ အေတြ႕အၾကံဳမ်ားတဲ့ ကစားသမားတစ္ဦးျဖစ္ေပမယ့္ ဘရိုက္တန္နဲ႔က စားခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ဒဏ္ရာျပႆနာေၾကာင့္ ဆိုၿပီး ပါဝင္ကစားခဲ့ျခင္းမရွိပါဘူး။ SkySports ရဲ႕တင္ဆက္သူတစ္ဦးျဖစ္တဲ့ ဂယ္ရီနဗီးလ္က ကစားသမားဘဝမွာ ေအာင္ျမင္မႈေတြရခဲ့တယ္ဆိုေပမယ့္ သီယာဂိုေဆးလ္ ဗားအေနနဲ႔ ပရီးမီးယားလိဂ္မွာေတာ့ ေအာင္ျမင္မႈရဖို႔ မလြယ္ေၾကာင္းေျပာခဲ့တာ ျဖစ္ပါတယ္။
တနလၤာေန႔မွာ ကစားခဲတဲ့ပြဲအၿပီးမွာေတာ့ ဂယ္ရီနဗီးလ္က “ သီယာဂိုက အသက္ ၃၆ ႏွစ္ျပည့္ေတာ့မယ့္ ကစားသမား တစ္ေယာက္ပါ။ ျပင္သစ္လိဂ္မွာ သူအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာကစားခဲ့ၿပီး ေအာင္ျမင္မႈေတြရခဲ့တယ္ဆိုေပမယ့္ သူရဲ႕လက္ရွိ အသက္အရြယ္အရေတာ့ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္ဖို႔ မလြယ္ပါဘူး။ လက္ရွိေဘာလံုးေလာကရဲ႕ ကစားပံုဟာ ျမန္ႏႈန္း ျမင့္ကစားတဲ့ပံု ျဖစ္လာတာေၾကာင့္ သူအေနနဲ႔ ရုန္းကန္ရႏိုင္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ေနာက္တန္းအားနည္းမႈေတြေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့ ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာကစားသမား အမ်ားအျပားေခၚယူခဲ့သလို ေနာက္ခံလူ သံုးဦးအထိေခၚယူခဲ့ပါတယ္။ သီယာဂိုေဆးလ္ဗား၊ ဘင္ခ်ီဝဲလ္နဲ႔ မာလန္းဆားစ္ တို႔ သံုးဦးမွာ မာလန္းဆားစ္ကို ျပန္ၿပီးအဌားခ်ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးခံစစ္ကေတာ့ အားနည္းမႈေတြရွိေနဆဲျဖစ္တယ္လို႔သတင္း ေတြက ေဖာ္ျပေနၾကတာ ျဖစ္ပါတယ္။