အဲလ်ကန်တာရာ နဲ့ ထရာအိုရေးတို့ နှစ်ဦးထဲက တစ်ဦးကို အပြောင်းအရွှေ့မပိတ်ခင်မှာ အရခေါ်ယူမယ့် လီဗာပူး

နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ အောက်တိုဘာလမှ ပိတ်သိမ်းမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူး အနေနဲ့ ဈေးကွက်မပိတ်မီမှာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ အဲလ်ကန်တာရာနဲ့ ဝုလ်ဗာဟမ်တန်တောင်ပံကစားသမားထရာ အိုရေးတို့ နှစ်ဦးထဲက တစ်ဦးကို အရခေါ်ယူမယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အဲလ်ကန်တာရာ ဟာ လီဗာပူးရဲ့နွေရာသီအပြောင်းအရွှေ့မှာ ဦးစားပေးပစ်မှတ်ဖြစ်ပေမယ့် လက်ရှိအချိန်ထိ မခေါ်ယူနိုင်သေးတာပဲဖြစ်ပါတယ်။


နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အိုလံပီယာကို့စ်နောက်ခံလူ တီဆီမီကက်စ်တစ်ယောက်တည်းကို ခေါ်ယူထားတာ ကြောင့် ဝေဖန်ခံနေရတဲ့ လီဗာပူးကို နည်းပြ ကလော့ပ်က အပြောင်းအရွှေ့ဈေးကွက်ဖွင့်ထားချိန်ဖြစ်ပေမယ့် အသင်းအနေ နဲ့ ငွေကြေးတွေကို အကြောင်းမဲ့အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ သတင်းဌာနတစ်ခုဖြစ်တဲ့ Sportsmail ကတော့ လီဗာပူးအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကစားသမားကောင်းတွေခေါ်ယူသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။


လီဗာပူးအသင်းရဲ့ တိုက်စစ်ကစားသမား ၃ ဦးမှာ ဖာမီနိုတစ်ယောက်တည်း အပြောင်းအရွှေ့သတင်းတွေ မထွက်ပေမယ့် ဆာလက်နဲ့ မာနေးတို့ကို ဘာစီလိုနာနဲ့ ရီးရဲလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လီဗာပူးအနေနဲ့ ဒီက စားသမားတွေကို လက်လွှတ်ခဲ့ရမယ်ဆိုရင် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကို ပြန်လည်ခေါ်ယူဖို့အတွက်လည်း လုပ် ဆောင်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။


လီဗာပူးဟာ ကစားသမားသစ်တွေကို မခေါ်ယူထားသလို အသင်းရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ ဘရူးစတားနဲ့ ကာတစ် ဂျုံးစ်တို့ကိုလည်း အခြားအသင်းတွေထံ အဌားချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လက်ရှိနွေရာသီအပြောင်းအရွှေ့ မှာ လီဗာပူးအသင်းအနေနဲ့ ကစားသမားခေါ်ယူမှုအတွက် သတင်းသိပ်မထွက်ခဲ့ပေမယ့် အဲလ်ကန်တာရာနဲ့ ထရာအိုရေး တို့ နှစ်ဦးထဲက တစ်ဦးကိုတော့ ဈေးကွက်မပိတ်မီမှာ အရခေါ်ယူမယ်ဆိုပြီး သတင်းတွေထွက်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

အဲလ္ကန္တာရာ နဲ႔ ထရာအိုေရးတို႔ ႏွစ္ဦးထဲက တစ္ဦးကို အေျပာင္းအေရႊ႕မပိတ္ခင္မွာ အရေခၚယူမယ့္ လီဗာပူး
ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ဟာ ေအာက္တိုဘာလမွ ပိတ္သိမ္းမွာျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူး အေနနဲ႔ ေစ်းကြက္မပိတ္မီမွာ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ အဲလ္ကန္တာရာနဲ႔ ဝုလ္ဗာဟမ္တန္ေတာင္ပံကစားသမားထရာ အိုေရးတို႔ ႏွစ္ဦးထဲက တစ္ဦးကို အရေခၚယူမယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ အဲလ္ကန္တာရာ ဟာ လီဗာပူးရဲ႕ေႏြရာသီအေျပာင္းအေရႊ႕မွာ ဦးစားေပးပစ္မွတ္ျဖစ္ေပမယ့္ လက္ရွိအခ်ိန္ထိ မေခၚယူႏုိင္ေသးတာပဲျဖစ္ပါတယ္။
ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္မွာ အိုလံပီယာကို႔စ္ေနာက္ခံလူ တီဆီမီကက္စ္တစ္ေယာက္တည္းကို ေခၚယူထားတာ ေၾကာင့္ ေဝဖန္ခံေနရတဲ့ လီဗာပူးကို နည္းျပ ကေလာ့ပ္က အေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ထားခ်ိန္ျဖစ္ေပမယ့္ အသင္းအေန နဲ႔ ေငြေၾကးေတြကို အေၾကာင္းမဲ့အသံုးျပဳမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ သတင္းဌာနတစ္ခုျဖစ္တဲ့ Sportsmail ကေတာ့ လီဗာပူးအေနနဲ႔ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ ကစားသမားေကာင္းေတြေခၚယူသင့္တယ္လို႔ အၾကံျပဳခဲ့ပါတယ္။
လီဗာပူးအသင္းရဲ႕ တုိက္စစ္ကစားသမား ၃ ဦးမွာ ဖာမီႏိုတစ္ေယာက္တည္း အေျပာင္းအေရႊ႕သတင္းေတြ မထြက္ေပမယ့္ ဆာလက္နဲ႔ မာေနးတို႔ကို ဘာစီလိုနာနဲ႔ ရီးရဲလ္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ လီဗာပူးအေနနဲ႔ ဒီက စားသမားေတြကို လက္လႊတ္ခဲ့ရမယ္ဆိုရင္ ပီအက္စ္ဂ်ီတိုက္စစ္မွဴး အမ္ဘတ္ပီကို ျပန္လည္ေခၚယူဖို႔အတြက္လည္း လုပ္ ေဆာင္ေနတယ္ ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနတာျဖစ္ပါတယ္။
လီဗာပူးဟာ ကစားသမားသစ္ေတြကို မေခၚယူထားသလို အသင္းရဲ႕လူငယ္ကစားသမားေတြျဖစ္တဲ့ ဘရူးစတားနဲ႔ ကာတစ္ ဂ်ံဳးစ္တို႔ကိုလည္း အျခားအသင္းေတြထံ အဌားခ်ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ လက္ရွိေႏြရာသီအေျပာင္းအေရႊ႕ မွာ လီဗာပူးအသင္းအေနနဲ႔ ကစားသမားေခၚယူမႈအတြက္ သတင္းသိပ္မထြက္ခဲ့ေပမယ့္ အဲလ္ကန္တာရာနဲ႔ ထရာအိုေရး တို႔ ႏွစ္ဦးထဲက တစ္ဦးကိုေတာ့ ေစ်းကြက္မပိတ္မီမွာ အရေခၚယူမယ္ဆိုၿပီး သတင္းေတြထြက္ေနတာပဲ ျဖစ္ပါတယ္။