အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီးယန်း အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်လိုက်ပြီ

အာဆင်နယ်တိုက်စစ်မှူး အူဘာမီးယန်းဟာ နောက်ဆုံးတော့ အသင်းနဲ့ စာချုပ်သစ်တစ်ရပ် ထပ်ပြီး ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ်တစ်ရပ်ကို တစ်ပတ် ပေါင် ၂သိန်းခွဲနဲ့ ချုပ်ဆိုခဲ့ပေမယ့် အပိုဆုကြေးအပါအဝင်သူ့ရဲ့ လစာ ဟာ တစ်ပတ်ကို ပေါင် ၃ သိန်း ခွဲအထိ ရရှိမယ်လို့လည်း သိရပါတယ်။

“နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပါပြီ၊ ကျွန်တော်လည်း ဒီမှာ ဆက်နေရလို့ အရမ်းကို ပျော်ပါတယ်။ ဒါက ကျွန်တော့် အိမ်ပါ။ ဒီနေ့က အရမ်းကိုကြီးကျယ်တဲ့ နေ့တစ်နေ့ပါ။ ကျွန်တော် အာဆင်နယ်ဂန္တဝင်တစ်ယောက်ဖြစ်ချင်ပါတယ်။ အခုတော့ အလုပ်ပိုလုပ်ရမှာပါ။ သေချာတာကတော့ ကျွန်တော်ဟာ အမြဲတမ်း အကောင်းဆုံးပေးဆပ်ကစားသွားမှာပါ”လို့ အူဘာမီးယန်းက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အာတီတာ အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့ပြီးကတည်းက အူဘာမီးယန်းဟာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားပါတယ်။ သူဟာ အာဆင်နယ်အသင်းကို အက်ဖ်အေဖလား အောင်မြင်မှု ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာလည်းတစ်ဂိုးသွင်းပေးခဲ့ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း တစ်ဂိုးသွင်းပေးခဲ့ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီအဆုံးမှာတော့ အူဘာမီးယန်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ကိစ္စအကြောင်း မစဉ်းစားဘူးလိုပ ပြောဆိုခဲ့ပါသေးတယ်။ သို့သော်လည်း နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းက အသင်းရဲ့ အဓိက တိုက်စစ်မှူးကို စာချုပ်သစ်ချုပ်နိုင်လိုက်ပါပြီ။ အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးက ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး လိုင်လီက ဂါဘရီရယ်လ်ကိုလည်း ခေါ်ယူထားပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က စီဘယ်လိုစ့်ကိုလည်း နောက်ထပ်တစ်နှစ် အငှားနဲ့ ထပ်မံခေါ်ယူထားတာဖြစ်ပြီး ဒေးဗစ်လုဇ် နဲ့ ဆာကာတို့ကိုလည်း စာချုပ်သက်တမ်းတိုးထားနိုင်တာဖြစ်ပါတယ်။အာတီတာရဲ့ အာဆင်နယ်အသင်းဟာ နောက်တစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး အူဘာမီးယန္း အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္လိုက္ျပီ

အာဆင္နယ္တုိက္စစ္မွဴး အူဘာမီးယန္းဟာ ေနာက္ဆံုးေတာ့ အသင္းနဲ႔ စာခ်ဳပ္သစ္တစ္ရပ္ ထပ္ျပီး ခ်ဳပ္ဆိုလုိက္ျပီျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သစ္တစ္ရပ္ကို တစ္ပတ္ ေပါင္ ၂သိနး္ခြဲနဲ႔ ခ်ဳပ္ဆိုခဲ့ေပမယ့္ အပိုဆုေၾကးအပါအ၀င္သူ႔ရဲ႕ လစာ ဟာ တစ္ပတ္ကို ေပါင္ ၃ သိန္း ခြဲအထိ ရရွိမယ္လို႔လည္း သိရပါတယ္။

“ေနာက္ဆံုးေတာ့ လုပ္ႏိုင္ခဲ့ပါျပီ၊ ကၽြန္ေတာ္လည္း ဒီမွာ ဆက္ေနရလို႔ အရမ္းကို ေပ်ာ္ပါတယ္။ ဒါက ကၽြန္ေတာ့္ အိမ္ပါ။ ဒီေန႔က အရမ္းကိုၾကီးက်ယ္တဲ့ ေန႔တစ္ေန႔ပါ။ ကၽြန္ေတာ္ အာဆင္နယ္ဂႏၱ၀င္တစ္ေယာက္ျဖစ္ခ်င္ပါတယ္။ အခုေတာ့ အလုပ္ပိုလုပ္ရမွာပါ။ ေသခ်ာတာကေတာ့ ကၽြန္ေတာ္ဟာ အျမဲတမ္း အေကာင္းဆံုးေပးဆပ္ကစားသြားမွာပါ”လို႔ အူဘာမီးယန္းက ေျပာသြားခ့ဲတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဒီဇင္ဘာလကတည္းက အာတီတာ အာဆင္နယ္အသင္းကို ကိုင္တြယ္ခဲ့ျပီးကတည္းက အူဘာမီးယန္းဟာ အသင္းအတြက္ အေကာင္းဆံုး စြမ္းေဆာင္ေပးထားပါတယ္။ သူဟာ အာဆင္နယ္အသင္းကို အက္ဖ္ေအဖလား ေအာင္ျမင္မႈ ရေအာင္ စြမ္းေဆာင္ေပးခဲ့ျပီး ယူရိုပါလိဂ္၀င္ခြင့္ရေအာင္ စြမ္းေဆာင္ေပးထားသူျဖစ္ပါတယ္။ ဒါ့အျပင္သူဟာ လီဗာပူးလ္အသင္းကို အႏိုင္ရခဲ့တဲ့ ကြန္ျမဴနတီဒိုင္းျပိဳင္ပြဲမွာလည္းတစ္ဂိုးသြင္းေပးခဲ့ျပီး ပရီးမီးယားလိဂ္အဖြင့္ပြဲမွာလည္း တစ္ဂိုးသြင္းေပးခဲ့ပါတယ္။

၂၀၁၉-၂၀ ေဘာလံုးရာသီအဆံုးမွာေတာ့ အူဘာမီးယန္းဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ကိစၥအေၾကာင္း မစဥ္းစားဘူးလိုပ ေျပာဆိုခဲ့ပါေသးတယ္။ သို႔ေသာ္လည္း ေနာက္ဆံုးမွာေတာ့ အာဆင္နယ္အသင္းက အသင္းရဲ႕ အဓိက တုိက္စစ္မွဴးကို စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္လိုက္ပါျပီ။ အာဆင္နယ္အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးက ၀ီလီယံကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားျပီး လိုင္လီက ဂါဘရီရယ္လ္ကိုလည္း ေခၚယူထားပါတယ္။

ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္က စီဘယ္လိုစ့္ကိုလည္း ေနာက္ထပ္တစ္ႏွစ္ အငွားနဲ႔ ထပ္မံေခၚယူထားတာျဖစ္ျပီး ေဒးဗစ္လုဇ္ နဲ႔ ဆာကာတို႔ကုိလည္း စာခ်ဳပ္သက္တမ္းတိုးထားႏိုင္တာျဖစ္ပါတယ္။အာတီတာရဲ႕ အာဆင္နယ္အသင္းဟာ ေနာက္တစ္ပတ္ စေနေန႔မွာ ပရီးမီးယားလိဂ္ပြဲအျဖစ္ ၀က္စ္ဟမ္းအသင္းနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။