ချဲလ်ဆီးအသင်းဖော်ဟောင်း အော်စကာ ကို အာဆင်နယ်အသင်းမှာ လာကစားစေချင်နေတဲ့ ဝီလီယံ နဲ့ ဒေးဗစ်လုဇ်

အော်စကာ က သူ့ရဲ့ ခဲျလ်ဆီးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဒေးဗစ်လုဇ် နဲ့ ဝီလီယံ တို့ကို သူ့ကို ဒီနွေရာသီမှာ အာဆင်နယ်အသင်းထံ လာကစားစေချင်နေတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ တောင်ပံကစားသမား ဝီလီယံဟာ ချဲလ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဒေးဗစ်လုဇ် ရှိတဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ သူတို့ (၃) ယောက်အတွဲဟာ ချဲလ်ဆီးအသင်းမှာ နှစ်အတော်ကြာ အတူတူကစားခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

“သူတို့က ကျွန်တော့်ကို လာကစားဖို့ ခေါ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ကောင်းတဲ့ အဆက်အသွယ်တွေရှိကြပါတယ်။ တစ်ခါတစ်လေ သူတို့နဲ့ စကားပြောဖြစ်ပါတယ်။ သူတို့က “အာဆင်နယ်ကို လာခဲ့ ၊ဒီကိုလာခဲ့”လို့ ပြောကြပါတယ်။ ကျွန်တော့်အတွက်တော့ အဲ့ဒါက နဲနဲပိုခက်ပါတယ်။ ကျွန်တော့်မှာ ရှန်ဟိုင်းအသင်းနဲ့ စာချုပ်ရှိနေပါတယ်။ ထွက်ခွာဖို့ နဲနဲပိုခက်နေပါတယ်” လို့ အော်စကာ က Fox Sports Brasil ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အော်စကာဟာ ချဲလ်ဆီးအသင်းမှာ (၅) နှစ်ကစားခဲ့ပြီးနောက် တရုတ်ကလပ် ရှန်ဟိုင်း SIPG ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အော်စကာ ဟာ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် (၂) ကြိမ် ရရှိခဲ့ပြီး အနာဂတ်မှာလည်း ဥရောပကို ပြန်လာမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ တစ်ကယ်လို့ ပြန်လာဖြစ်ပါက ချဲလ်ဆီးအသင်းက ပထမဦးစားပေး ဖြစ်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဥရောပကို တစ်ကယ်ပြန်သွားချင်ပါတယ်။ ဒါပေမယ့် အခုတော့မဟုတ်ပါဘူး။ အခုလောလောဆယ် ကျွန်တော်ဟာ တရုတ်မှာ ရှိနေပြီး စာချုပ်လည်း ရှိနေပါတယ်။ တစ်ကယ်လို့ ဥရောပကို ပြန်သွားဖြစ်မယ်ဆိုရင် ချဲလ်ဆီးအသင်းကိုပဲ ဦးစားပေးရွေးချယ်သွားမှာအသေအချာပါ။ ပြီးတော့ ကျွန်တော်ငယ်ငယ်ကတည်းက အီတလီ လိဂ်တွေကို အမြဲကြည့်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘရာဇီး ကစားသမားတွေ တော်တော်များများ အဲ့မှာ ရှိကြလို့ပါ။ အီတလီက အသင်းတော်တော်များများကိုလည်း ကြိုက်ပါတယ်။ အထူးသဖြစ် အင်တာမီလန် နဲ့ အေစီမီလန်ပေါ့။ တစ်ကယ်လို့ တစ်နေ့မှာ အီတလီလိဂ်ကိုလည်း ကျွန်တော်သွားနိုင်ပါတယ်” လို့ သူက ထပ်ပြီးပြောသွားခဲ့ပါတယ်။

ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္း ေအာ္စကာ ကို အာဆင္နယ္အသင္းမွာ လာကစားေစခ်င္ေနတဲ့ ၀ီလီယံ နဲ႔ ေဒးဗစ္လုဇ္

ေအာ္စကာ က သူ႔ရဲ႕ ခဲ်လ္ဆီးအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ေဒးဗစ္လုဇ္ နဲ႔ ၀ီလီယံ တို႔ကုိ သူ႔ကို ဒီေႏြရာသီမွာ အာဆင္နယ္အသင္းထံ လာကစားေစခ်င္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ေတာင္ပံကစားသမား ၀ီလီယံဟာ ခ်ဲလ္ဆီးအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေဒးဗစ္လုဇ္ ရွိတဲ့ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ သူတို႔ (၃) ေယာက္အတြဲဟာ ခ်ဲလ္ဆီးအသင္းမွာ ႏွစ္အေတာ္ၾကာ အတူတူကစားခဲ့ျပီး ေအာင္ျမင္မႈေတြလည္း ရရွိခဲ့ပါတယ္။

“သူတို႔က ကၽြန္ေတာ့္ကို လာကစားဖို႔ ေခၚၾကတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔မွာ ေကာင္းတဲ့ အဆက္အသြယ္ေတြရွိၾကပါတယ္။ တစ္ခါတစ္ေလ သူတို႔နဲ႔ စကားေျပာျဖစ္ပါတယ္။ သူတို႔က “အာဆင္နယ္ကို လာခဲ့ ၊ဒီကိုလာခဲ့”လို႔ ေျပာၾကပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ အဲ့ဒါက နဲနဲပိုခက္ပါတယ္။ ကၽြန္ေတာ့္မွာ ရွန္ဟိုင္းအသင္းနဲ႔ စာခ်ဳပ္ရွိေနပါတယ္။ ထြက္ခြာဖို႔ နဲနဲပိုခက္ေနပါတယ္” လို႔ ေအာ္စကာ က Fox Sports Brasil ကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ေအာ္စကာဟာ ခ်ဲလ္ဆီးအသင္းမွာ (၅) ႏွစ္ကစားခဲ့ျပီးေနာက္ တရုတ္ကလပ္ ရွန္ဟိုင္း SIPG ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ေအာ္စကာ ဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ပရီးမီးယားလိဂ္ (၂) ၾကိမ္ ရရွိခဲ့ျပီး အနာဂတ္မွာလည္း ဥေရာပကို ျပန္လာမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ တစ္ကယ္လို႔ ျပန္လာျဖစ္ပါက ခ်ဲလ္ဆီးအသင္းက ပထမဦးစားေပး ျဖစ္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ဥေရာပကို တစ္ကယ္ျပန္သြားခ်င္ပါတယ္။ ဒါေပမယ့္ အခုေတာ့မဟုတ္ပါဘူး။ အခုေလာေလာဆယ္ ကၽြန္ေတာ္ဟာ တရုတ္မွာ ရွိေနျပီး စာခ်ဳပ္လည္း ရွိေနပါတယ္။ တစ္ကယ္လို႔ ဥေရာပကို ျပန္သြားျဖစ္မယ္ဆိုရင္ ခ်ဲလ္ဆီးအသင္းကိုပဲ ဦးစားေပးေရြးခ်ယ္သြားမွာအေသအခ်ာပါ။ ျပီးေတာ့ ကၽြန္ေတာ္ငယ္ငယ္ကတည္းက အီတလီ လိဂ္ေတြကို အျမဲၾကည့္ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘရာဇီး ကစားသမားေတြ ေတာ္ေတာ္မ်ားမ်ား အဲ့မွာ ရွိၾကလို႔ပါ။ အီတလီက အသင္းေတာ္ေတာ္မ်ားမ်ားကိုလညး္ ၾကိဳက္ပါတယ္။ အထူးသျဖစ္ အင္တာမီလန္ နဲ႔ ေအစီမီလန္ေပါ့။ တစ္ကယ္လို႔ တစ္ေန႔မွာ အီတလီလိဂ္ကိုလည္း ကၽြန္ေတာ္သြားႏိုင္ပါတယ္” လို႔ သူက ထပ္ျပီးေျပာသြားခဲ့ပါတယ္။