တီမိုဝါနာအနေနဲ့ လီဗာပူးလ်ရဲ့ တိုက်စစ်(၃) ယောက်အတွဲမှာ ချက်ခြင်းကစားခွင့် မရနိုင်ဘူးလို့ ဆိုလိုက်တဲ့ ကာရေဂါ

ကာရေဂါက တီမိုဝါနာဟာ လက်ရှိ လီဗာပူးလ်အသင်းရဲ့ (၃) ယောက်တိုက်စစ်အတွဲမှာ ပါဝင်ကစားခွင့် မရနိုင်ပေမယ့် နည်းပြ ယာဂင်ကလော့ပ်ကတော့ နောင်တရနေနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ တီမိုဝါနာကို ဒီနှစ်အစောပိုင်းကတည်းက လီဗာပူးလ်အသင်းက ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် ချဲလ်ဆီးနည်းပြ လမ်းပတ်ကပဲ ပေါင် ၅၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ တနလာၤနေ့ညက ဘရိုက်တန်အသင်းကို ချဲလ်ဆီးအသင်းက (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံးပွဲထွက်ကစားခဲ့ပါတယ်။ ချဲလ်ဆီးအသင်း ပထမဆုံးရခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ဂျော်ဂျင်ဟို ကန်သွင်းခွင့်ရရှိအောင် တီမိုဝါနာက စွမ်းဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်တစ်ပတ်မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အသက် (၂၄) နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့ ပထမဆုံး လိဂ်သွင်းဂိုးကိုလည်း သွင်းနိုင်အောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။ တီမိုဝါနာအနေနဲ့ လီဗာပူးလ်အသင်းကို ရောက်ဖြစ်ခဲ့ရင်လည်း ချက်ခြင်းကစားခွင့်ရနိုင်သလားလို့ မေးမြန်းခဲ့ရာ ကာရေဂါက “အခုတော့ သူဟာ လီဗာပူးလ်အသင်းရဲ့ (၃) ယောက်တိုက်စစ်အတွဲမှာ ကစားခွင့်ရမှာ မဟုတ်ပါဘူး။

လိုက်ပ်ဇ်မှာ သူကစားတာကို ကြည့်လိုက်ပါ။ သူဟာ ဘယ်လောက်တောင် ဘယ်ခြမ်းတိုက်စစ်ကို နှစ်သက်သလဲဆိုတာကို မြင်ရမှာပါ။ ပရီးမီးယားလိဂ်က အကြီးအကျယ်ဆုံး တိုက်စစ်ကစားသမားဖြစ်တဲ့ အွန်နရီလည်း ဘယ်ခြမ်းတိုက်စစ်ကို ဘယ်လောက်နှစ်သက်လဲဆိုတာ သိမှာပါ။ လီဗာပူးလ်မှာတော့ တီမိုဝါနာဟာ (၃) ယောက်တိုက်စစ်အတွဲရဲ့ ဘယ်ခြမ်းမှာ ကစားနိုင်ပေမယ့် အများအားဖြင့် သူဟာ ဗဟိုတိုက်စစ်မှူးအဖြစ်ပဲ ကစားရမှာပါ”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ တီမိုဝါနာဟာ ချဲလ်ဆီးအသင်းထံ မပြောင်းရွှေ့မီ လိုက်ပ်ဇစ်အသင်းအတွက် (၁၂၇) ပွဲ ကစားခဲ့ပြီး (၇၈) ဂိုးသွင်းပေးထားပါတယ်။

တီမို၀ါနာအေနနဲ႔ လီဗာပူးလ္ရဲ႕ တိုက္စစ္(၃) ေယာက္အတြဲမွာ ခ်က္ျခင္းကစားခြင့္ မရႏိုင္ဘူးလို႔ ဆိုလိုက္တဲ့ ကာေရဂါ

ကာေရဂါက တီမို၀ါနာဟာ လက္ရွိ လီဗာပူးလ္အသင္းရဲ႕ (၃) ေယာက္တိုက္စစ္အတြဲမွာ ပါ၀င္ကစားခြင့္ မရႏိုင္ေပမယ့္ နည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ ေနာင္တရေနႏိုင္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ တီမုိ၀ါနာကို ဒီႏွစ္အေစာပိုင္းကတည္းက လီဗာပူးလ္အသင္းက ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ကပဲ ေပါင္ ၅၃ သန္းနဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီလက္ေရြးစင္ကစားသမားဟာ ျပီးခဲ့တဲ့ တနလာၤေန႔ညက ဘရိုက္တန္အသင္းကို ခ်ဲလ္ဆီးအသင္းက (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပထမဆံုးပြဲထြက္ကစားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္း ပထမဆံုးရခဲ့တဲ့ ပင္နယ္တီျပစ္ဒဏ္ေဘာကို ေဂ်ာ္ဂ်င္ဟို ကန္သြင္းခြင့္ရရွိေအာင္ တီမို၀ါနာက စြမ္းေဆာင္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေနာက္တစ္ပတ္မွာ လီဗာပူးလ္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ျပီး အသက္ (၂၄) ႏွစ္အရြယ္ကစားသမားဟာ သူ႔ရဲ႕ ပထမဆံုး လိဂ္သြင္းဂိုးကိုလည္း သြင္းႏိုင္ေအာင္ ၾကိဳးစားသြားမယ္လို႔ သိရပါတယ္။ တီမုိ၀ါနာအေနနဲ႔ လီဗာပူးလ္အသင္းကို ေရာက္ျဖစ္ခဲ့ရင္လည္း ခ်က္ျခင္းကစားခြင့္ရႏိုင္သလားလို႔ ေမးျမန္းခဲ့ရာ ကာေရဂါက “အခုေတာ့ သူဟာ လီဗာပူးလ္အသင္းရဲ႕ (၃) ေယာက္တိုက္စစ္အတြဲမွာ ကစားခြင့္ရမွာ မဟုတ္ပါဘူး။

လိုက္ပ္ဇ္မွာ သူကစားတာကို ၾကည့္လိုက္ပါ။ သူဟာ ဘယ္ေလာက္ေတာင္ ဘယ္ျခမ္းတိုက္စစ္ကို ႏွစ္သက္သလဲဆိုတာကို ျမင္ရမွာပါ။ ပရီးမီးယားလိဂ္က အၾကီးအက်ယ္ဆံုး တိုက္စစ္ကစားသမားျဖစ္တဲ့ အြန္နရီလည္း ဘယ္ျခမ္းတိုက္စစ္ကို ဘယ္ေလာက္ႏွစ္သက္လဲဆိုတာ သိမွာပါ။ လီဗာပူးလ္မွာေတာ့ တီမုိ၀ါနာဟာ (၃) ေယာက္တိုက္စစ္အတြဲရဲ႕ ဘယ္ျခမ္းမွာ ကစားႏိုင္ေပမယ့္ အမ်ားအားျဖင့္ သူဟာ ဗဟိုတိုက္စစ္မွဴးအျဖစ္ပဲ ကစားရမွာပါ”လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ တီမို၀ါနာဟာ ခ်ဲလ္ဆီးအသင္းထံ မေျပာင္းေရႊ႕မီ လိုက္ပ္ဇစ္အသင္းအတြက္ (၁၂၇) ပြဲ ကစားခဲ့ျပီး (၇၈) ဂိုးသြင္းေပးထားပါတယ္။